Sunday, August 4, 2013

တော်လှန်ရေးပွဲနှင့်ကြည့်ချင်ပွဲ


 
သွန်းနေစိုး

မန္တလေး ရှစ်လေးလုံးပွဲက
ပုန်ကန်သူတွေရဲ့ ပွဲ
တော်လှန်ရေးသမားတွေရဲ့ ပွဲ။

ရန်ကုန် ရှစ်လေးလုံးပွဲက
လူလိမ္မာတွေရဲ့ ပွဲ
လက်ဆွဲနှုတ်ဆက်သူတွေရဲ့ ပွဲ။

မန္တလေးပွဲကို
အလေးပြုချင်ရင် တက်ရမယ်။
ရန်ကုန်ပွဲကို
ပွဲကြည့်ချင်ရင် တက်ရမယ်။

မန္တလေးပွဲက
လွတ်မြောက်ရေးစိတ်ဓာတ်ကို လှုံ့ဆော်ပေးလိမ့်မယ်။
ရန်ကုန်ပွဲက
(ရုပ်ရှင်မင်းသားနဲ့ ပါဖောမန့်သင်ပြီး လုပ်တာဆိုတော့)
ဖျော်ဖြေရေး ကောင်းလိမ့်မယ်။

No comments: