မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ်တစ်စင်း နတ်မြစ်ဝသို့ ကင်းလှည့်ရန် ဖြတ်သန်းဝင်ရောက်ရာတွင် ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကို ဖြတ်သန်းခဲ့မှုနှင့် ပတ်သက်၍ နောက်နောင်မောင်းတောသို့ ၀င်ထွက်သွားလာရာတွင် ကြိုတင်သတင်းပေး အသိပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ စာပို့ကန့်ကွက် တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ရေတပ်မှ တပ်မတော်ရေယာဉ် အမှတ် ၅၅၄ သည် နတ်မြစ်ဝရှိ မောင်တောအနီးတွင် ဆိုက်ကပ်ရပ်နားထားကြောင်း သိရသည်။ ထိုသို့ ရပ်တန့်ထားရန်အတွက် မောင်တောသို့ ၀င်ရောက်စဉ် နယ်ခြားရေပိုင်နက်ကို ဖြတ်သန်းသွားရသဖြင့် ယခုကဲ့သို့ စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဤသို့အကြောင်းကြားစာ ပို့တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေအထားမှာ ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အနေဖြင့် မြန်မာ့စစ်သင်္ဘော UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဇွန် ၈ ရက်က စစ်တကောင်းဆိပ်ကမ်းသို့သွားရောက
လက်ရှိတွင် မြန်မာ့ရေတပ်နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ် အနေအထားမှာ ဆက်ဆံရေး ပြေလည်နေပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်း ဇွန်အတွင်းက မြန်မာ့ရေတပ်မတော် ရေယာဉ်သည် စစ်တကောင်း ဆိပ်ကမ်းသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။
Credit: Eleven
Photo: ၂၀၁၃ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ Ship Visit သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရ (F-23)

No comments:
Post a Comment