Monday, August 5, 2013

အခေါက်ရွှေဈေး ပြန်လည် မြင့်တက်ရန် မရှိသေးသောကြောင့် ရွှေထည် ပစ္စည်းများ အရောင်းပြန်သွက်


Tuesday, August 06, 2013

ကမ္ဘာ့ရွှေဈေး စံချိန်တင် ကျဆင်းမှုနှင့် အတူ မြန်မာ့ရွှေ ဈေးကွက် တွင် ရွှေဈေးနှုန်းများ စံချိန်တင် ကျဆင်းခဲ့သော်လည်း ဝယ်ယူ စုဆောင်းသူ မရှိသလောက် ဖြစ်နေပြီး အခေါက်ရွှေ ဈေးကွက်တွင် ဈေးပြန် လည် မြင့်တက်ရန် မဖြစ်နိုင် သေးသောကြောင့် ရွှေထည် ပစ္စည်းများ အရောင်းအဝယ် ပြန်သွက် လာကြောင်း သိရသည်။
အမေရိ ကန် ဒေါ်လာ မြင့်တက်လာမှု ကြောင့် ယခင်ရွှေဈေး ကစားသူများက ရွှေရောင်းချပြီး ဒေါ်လာ ပြန်ကိုင် လာကြကြောင်း ပြည် တွင်း ရွှေလုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၆ဝဝ ဝန်းကျင် ဈေးပေါက်နေသော ကမ္ဘာ့ရွှေဈေးသည် ၂ဝ၁၃ ခုနှစ် မေလ ကုန်ပိုင်းမှ စတင်ပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂ဝဝ အထိ ထိုးကျသွားကာ ဆယ်စုနှစ်ပေါင်း များစွာ စံချိန်တင်ဈေး ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေး ကျဆင်း သွားချိန်တွင် မြန်မာ့ ရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၆၆ဝဝဝဝ အထိ စံချိန်တင် ကျဆင်းသွားကာ ဆယ်စုနှစ် တစ်ခုအတွင်း အနိမ့်ဆုံးသော ဈေးနှုန်းဖြစ်သွားသည်။

ယခုလတွင် ကမ္ဘာ့ရွှေဈေး သိသိသာသာ ပြောင်းလဲခြင်း မရှိသေးဘဲ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃ဝဝ စွန်းစွန်းနှင့် ၁၃ဝဝ အောက်တွင်သာ ပေါက်ဈေး ရှိနေပြီး မြန်မာ့ရွှေဈေးမှာလည်း အကယ်ဒမီ တစ်ကျပ်သားလျှင် ငွေကျပ် ခုနစ်သိန်း ဝန်းကျင်တွင်သာ တဝဲလည်လည် ဖြစ်နေသောကြောင့် ရွှေထည်ပစ္စည်း ဝယ်ယူ သူများမှာ ပိုမို ဝယ်ယူမှုများ ရှိလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

''အရင်က ရွှေဈေးကျပြီ ဆိုရင် ဝယ်စုသူတွေထက် ဈေးကစားချင်တဲ့ သူတွေက ဝယ်တာ များတယ်။ ဈေးပြန်တက်သွားရင် ပြန်ရောင်းတယ်။ အခုတော့ အားလုံးလိုလိုက ရွှေကို ဝယ်တာ မရှိတော့ဘူး။ ရောင်းတဲ့ သူတွေပဲ များနေတယ်။ ဈေးကစားသူတွေက ဒေါ်လာကို ကိုင်ဖို့ ပိုပြီး စိတ်ဝင်စားတယ်။ ဒီဈေးကွက်ကတော့ ရွှေထည် ဝယ်ယူချင်သူတွေရဲ့ အကြိုက်ပါဟု ဝါရင့် ရွှေလုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

ပုဂ္ဂလိက ဘဏ်များသို့ အမေရိကန် ဒေါ်လာ ရောင်းဝယ်ခွင့်ကို လွတ်လပ် စွာ ပေးလိုက်သော်လည်း အမေရိကန် ဒေါ်လာပြင်ပ ဈေးကွက်ကို ဝယ်လိုအား ၃ဝ ရာခိုင်နှုန်း ခန့်သာ ထိခိုက် စေနိုင်ပြီး ပြင်ပဈေးကွက်မှာ ပြိုင်ဆိုင်မှု များသောကြောင့် အရှုံးအမြတ် ရှိကြောင်း ပြင်ပ အမေရိကန် ဒေါ် လာ ဈေးကွက် အတွင်းမှ သိရသည်။

မြ၀တီ

No comments: