Friday, August 9, 2013

မြန်မာက ကျူးကျော်တာ မဟုတ်ပါ





၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ RFA မြန်မာပိုင်း အစီအစဉ်မှ နံနက် ၇ နာရီချိန် ထုတ်လွှင့် ခဲ့မှုနှင့် အိန္ဒိယသတင်း မီဒီယာများတွင် ယခုရက်ပိုင်း အတွင်း ဖော်ပြနေမှုများဖြစ်သည့် မြန်မာ- အိန္ဒိယ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို မရပ်တန့်ပါက မဏိပူရ် ပိုင်နက် နယ်မြေ တစ်စိတ်တစ်ပိုင်း အား မြန်မာနိုင်ငံသို့ ပေးလိုက်ရမည် သာမက ၄၀နီးပါးရှိသော ကျေရွာများ သည်လည်း အိမ်နီးချင်း နိုင်ငံသို့ပါ သွားလိမ့်မည်ဟု ဖော်ပြထုတ် လွှင့်လျက်ရှိကြောင်း တွေ့ရှိနေရပါတယ်။

မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီ အောက်ကနေ မရှေးမနှောင်းပဲ လွတ်လပ်ရေး ရခဲ့ ကြပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်ကို တိုင်းတာ သတ်မှတ်ဖို့ အတွက် နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပါတယ်။

သဘောတူ စာချုပ်အရ နယ်နိမိတ် တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉မှ ၁၉၇၄ထိ ပူးတွဲတိုင်းတာ ခဲ့ပါတယ်။ နှစ်နိုင်ငံ ထိစပ်မှုအနေဖြင့် ၁၀၁၀ မိုင်ခန့် ဆက်စပ်လျက်ရှိပြီး တိုင်းတာရန် ၂ နေရာ ကျန် နေ ခဲ့ပါတယ်။

တစ်နေရာက မြန်မာ- တရုတ်- အိန္ဒိယ ၃ နိုင်ငံ ဆုံရာ နေရာပါ။ အဲဒီနေရာက အိန္ဒိယ- တရုတ်နှစ်နိုင်ငံ နယ်မြေ အငြင်းပွားမှုကြောင့် ကျန်ရှိနေတာ ဖြစ်ပြီး သူတို့ နှစ်နိုင်ငံပြေလည် မှ ဆက်တိုင်းရမှာပါ။ နောက်တစ်နေရာ ကတော့ မြန်မာ- အိန္ဒိယ ကဘော်ချိုင့်ဝှမ်း ဒေသ မှတ်တိုင် ၉တိုင် စိုက်ထူရန် ကျန်ရှိနေရတာ ဖြစ်ပါတယ်။

အကြောင်းရင်း ကတော့ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ အကြား ကဘော်ချိုင့်ဝှမ်း ဒေသမှာ အင်္ဂလိပ်က မှတ်တိုင် ၃၉ တိုင် သတ်မှတ် စိုက်ထူခဲ့ပြီးသားပါ။ အဲဒီတိုင်တွေ နေရာမှာ တိုင်အသစ်တွေ စိုက်ထူ ပြီး နယ်နိမိတ် သတ်မှတ်ရာ နယ်နိမိတ် မှတ်တိုင်ဟောင်းတွေ နေရာရွေ့နေ တာရယ်၊ အိန္ဒိယ ဘက်က ရွာတွေ မြန်မာ့နယ်မြေဘက် ကျူးကျော် နေတာရယ်ကြောင့် မှတ်တိုင် ၉တိုင် အသစ် စိုက်ထူရန် ကျန်နေတာ ဖြစ်ပါတယ်။

ထိုနေရာတွေမှာ မြန်မာဘက်က ဆုံးရှုံးနေတာဖြစ်ပြီး နယ်နိ မိတ် စာချုပ် သဘောတူညီချက် အတိုင်း အတိအကျ ဆောင်ရွက်ပါက အိန္ဒိယ ဘက်က ကျူးကျော်နေတဲ့ ကျေးရွာ အစိတ်အပိုင်းအချို့ ရွာပြောင်း ပေးရမှာ ဖြစ်ပါတယ်။

အိန္ဒိယ ပြည်သူတွေကလည်း လက်မခံကြလို့ ၁၉၇၀မှာ သူတို့ အစိုးရကို ဆန္ဒပြမှုတွေ လုပ်ခကြပါတယ်။ ဒါနဲ့ မြန်မာဘက်က အိမ်နီးချင်း ပီသစွာ ကျူးကျော် ကျေးရွာတွေကို ဖယ်ရှား စေရန် (အစား) အစားထိုး မြေပြန်ပေးဖို့သာ ညှိနှိုင်းရာ အိန္ဒိယ ပြည်သူတွေရဲ့ ဖိအားပေးမှုကြောင့် ဖြေရှင်းရ ခက်နေပါတယ်။

ဒါ့အပြင် နယ်နိမိတ် သတ်မှတ်ပြီး နေရာတွေမှာတောင် အခုနောက်ပိုင်း ကာလများမှာ အိန္ဒိယ ဘက်က ကျူးကျော်မှုတွေ များစွာရှိနေလို့ နှစ်နိုင်ငံ ပူးတွဲ ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ကြ ရပါတယ်။

ကွင်းဆင်း အဖြေအရ သူတို့ဘက်က နယ်နိမိတ် ကျူးကျော်မှုတွေ ပေါ်လွင် နေတာ တောင် မဖြေရှင်းနိုင်သေးဘဲ ပြည်နယ် တရားရုံး အဆင့်မှာတင် ကြန့်ကြာ နေပါတယ်။

မြ၀တီ

No comments: