_________________________
၈၈ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာပြီး အလွယ်တကူကောက်ကပ် ကောက်ခွာလုပ်လို့ရတဲ့ အ၀ါရောင်ဒေါင်းရုပ်စတေကာလေးကိုေ
၈၈ ဆိုတာ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း ကျခဲ့တဲ့ ကျောင်းသားသွေးနဲ့
ကျန်ရစ်သူကျောင်းသားတွေ ရင်ဘတ်မှာ သေရာပါ ရိုက်နှိပ်ထားတဲ့ အသားတံဆိပ်ပဲ။
၈၈ ဆိုတာ ရာသီဥတုအခြေအနေကောင်းမှ အခန့်သားထုတ်ဝတ်ရဲတဲ့ လည်ကတုံးအင်္ကျီဖြူဖြူကို ပြောတာ မဟ...ုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မိုးပေါ်ထောင်မပစ်ဘဲ လူအုပ်ကြားထဲ တည့်တည့်ရွာချလာတဲ့ ကျည်ဆန်မိုးတွေကြားထဲ
သွေးသံတရဲရဲဖြစ်သွားဖူးတဲ့ နီရဲရဲအင်္ကျီတွေပဲ။
၈၈ ဆိုတာ လိုင်စင်ခွင့်ပြုချက်ရတော့မှ ကိုယ့်နာမည်ကိုယ့်အဖွဲ့ ရောင်းအားမြင့်အောင် အော်ဟစ်ကြော်ငြာနေရတဲ့ လော်စပီကာကထွက်လာတဲ့အသံ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ စစ်အစိုးရက ပြည်သူတွေ အမှန်ကို မသိနိုင် မကြားနိုင်အောင်
ကတ်ကြေးနဲ့ဖြတ် ငွေမင်နဲ့သုတ် ဖုံးဖိအမှောင်ချခဲ့တဲ့ကြားက ယိုစိမ့်ထွက်လာတဲ့ ရဲရဲတောက်သွေးစွန်းအမည်နာမတွေပဲ
၈၈ ဆိုတာ ဟိုးရှေးရှေးတုန်းက ဗာရဏသီပြည်ကြီးမှာ ဖြစ်ခဲ့တာမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က မင့်အိမ်ရှေ့ လမ်းမထက်မှာ အမှန်တကယ်ဖြစ်ခဲ့တာ။
၈၈ ဆိုတာ ဆင်သေကို ဆိတ်သရေနဲ့ဖုံး၊ သူခိုးကလူဟစ်ထားတဲ့ အစိုးရသတင်းဆောင်းပါးတွေထဲက စာသားတွေမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ နိုင်ငံတကာမဂ္ဂဇင်းဂျာနယ်တွေမှာ အထင်အရှား အလေးထား ဖေါ်ပြခံရတဲ့ သမိုင်းဓါတ်ပုံတွေပဲ။
၈၈ ဆိုတာ ထုံးဖြူဖြူတွေအသုပ်ခံထားရတဲ့ အကောင်းပကတိနံရံဖွေးဖွေးကြီးမဟု
၈၈ ဆိုတာ ကျည်ဆန်ရာတွေ သွေးစင်ပေကျံရာတွေနဲ့ အတွင်းသားအုတ်ကွက်တွေကိုမြင်နို
၈၈ ဆိုတာ မနားတမ်းအက်ရှင် စိတ်ကူးယဉ် စစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ဘရင်းကယ်ရီယာတွေ၊ လုံထိန်းတွေ၊ နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေ၊ ရိုင်ဖယ်သေနတ်တွေ၊ မောင်းပြန်သေနတ်တွေ၊ ဘက်နက်တွေ၊ အပြာရောင်အချုပ်ကားတွေ၊ သံဆူးကြိုးတွေ၊ ဓာတ်ဆီဗုံးတွေ၊ ဂျင်ဂလိတွေ၊ ဓားရှည်တွေ၊ ၀ါးချွန်တွေ၊ လှံတွေနဲ့ လူတွေထောင်နဲ့ချီ သေသွားတဲ့ ဒီနိုင်ငံရဲ့ ဖြစ်ရပ်မှန်တိုက်ပွဲတွေပဲ။
၈၈ ဆိုတာ စိတ်ရူးပေါက်ပြီး နေ့ချင်းညချင်း ထဖြစ်ခဲ့တဲ့ လူတစ်စုရဲ့ ရန်ပွဲမဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ အုပ်ချုပ်သူအဆက်ဆက်ပြောင်းပေမယ်
၈၈ ဆိုတာ အသုံးမကျလို့ ပျောက်ကွယ်သွားရတဲ့ တောင်းဆိုးပလုံးဆိုးတွေ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ တပ်မတော်ထက် အင်အားကြီးမားပြီး အုပ်ချုပ်သူအာဏာရှင်တွေအတွက် ကြောက်လန့်စရာကောင်းလွန်းလို့ ကျူငုတ်မကျန် အမြစ်လှန် ဖျောက်ဖျက်ခံရတဲ့ သူရဲကောင်းတွေပဲ။
၈၈ ဆိုတာ မလိုအပ်တော့တဲ့ သက်တမ်းလွန်စိတ်ကူးအကြံအစီတစ်ခု
၈၈ ဆိုတာ စစ်အစိုးရရဲ့စွန့်ကျဲသမျှ တ၀တပြဲစားပြီး သခင်အားရကျွန်ပါးဝနေတဲ့
အရင်းရှင်နဲ့ခရိုနီတွေရဲ့ အိပ်မက်ထဲက ထမင်းလုံးတစ္ဆေပဲ။
၈၈ ဆိုတာ မမြင်အံ့ မကြားအံ့ ရွံကြောက်စရာ အတိတ်တစ္ဆေတစ်ကောင်မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ညံ့ဖျင်းတဲ့ပညာရေးနဲ့ နိမ့်ကျတဲ့စီးပွားရေးကို ရခဲ့သူတွေရဲ့
ပုံစံခွက်ထဲက ဦးနှောက်နဲ့ ရင်ဘတ်ထဲက အကြောက်တရားပဲ။
၈၈ ဆိုတာ ကျောင်းပြဌာန်းစာအုပ်တွေမှာ အဖြုတ်ခံရတဲ့ သမိုင်းဖတ်စာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ မြန်မာပြည်သူတွေအားလုံး အလွတ်ရနေတဲ့ ကျောက်စာပဲ။
၈၈ ဆိုတာ ငါ့ညီနဲ့ မဆိုင်တာ မဟုတ်ဘူး ငါ့ညီ
၈၈ ဆိုတာ ငါ့ညီ ကျေညက်အောင် သင်ယူမှတ်သား ကျင့်ကြံပွားများရမယ့်
ဘ၀တစ်သက်တာ အိမ်စာပဲ။
၈၈ ဆိုတာ ဒီလိုရှိခဲ့တယ်
၈၈ ဆိုတာ ဒီလိုရှိနေတယ်
၈၈ ဆိုတာ ဒီလိုရှိလိမ့်အုံးမယ် ငါ့ညီ။ ။
မောင်ယုပိုင်
(၈၈ ၂၅နှစ်ပြည့် နံရံကပ်စာစောင်အတွက် ကျောင်းသားကြီးတွေ စာမူလာတောင်းတော့ လွန်ခဲ့တဲ့ခေတ်ပေါ်ကာလက ရေးထားဖူးတဲ့ တစ်ပုဒ်ထုတ်ပေးလိုက်တယ်။ ဒီကသူငယ်ချင်းတချို့လည်း ၈၈အရေးလေး နွေးလိုနွေးငြား ပြန်တင်လိုက်တယ်)
No comments:
Post a Comment