Monday, August 5, 2013

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ။


August 5, 2013 at 10:57am

လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက မိမိ၏ ဘေးတွင်ကပ် ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်ကိုညွှန်ပြ ကာ အတူ လက်တွဲ အလုပ်လုပ်နေကြပြီဟု ဆိုလျှက် အမျိုးသားစည်းလုံးမှု ရနေသယောင်ဟစ်ကြွေးခဲ့သည့်ဤ

ို့  သောအချိန်တွင် ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ ဟု တပ်လှန့်နိုးလိုက်သံ ကြားလိုက်ရသောအခါ စာဖတ်သူ အံ့သြကောင်း အံ့သြပါမည်။

အကြောင်းမည်သို့ ဆိုသည်ကိုရှင်းပါအံ့။ရှေ့ ခြေနှစ်လှမ်းတိုးရန် နောက်ခြေတလှမ်းပြန်ဆုတ်(Onestep backward, two steps forward) ဟူသော ဆိုရိုးစကားရှိသည်။ လူသည် ဘ၀ခြေလှမ်းများလှမ်းရာ၌ တခါတရံတွင် မလှမ်းသင့် သောနေရာကို လှမ်းမိ သဖြင့် ကျွံသွားတတ်သည်။

ဤသည်ကို မှန်ကန်စွာသိမြင်လာပါက လမ်း ကြောင်း မှန်ကို ပြန်လည်လျှောက်လှမ်းရန် မိမိခြေတလှမ်း ကိုအမြန် ဆုံးပြန်ဆုတ်ရပါမည်။


၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံဥပဒေအောက်တွင် ခေါင်းလျှိုးကာ စစ်အစိုးရတည်ဆောက်ထားခဲ့သည့် လွှတ်တော်အတွင်းဝင် ရောက်

သွားခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရသာမကဥပဒေအရပါ ခြေ လှမ်းကြီး တလှမ်းကျွံသွား ခဲ့ခြင်း ဖြစ်သည်။

အမြန်ဆုံးပြန်ဆုတ်ရန်လိုပါမည်။သို့ မဟုတ်လျှင် ဒေါ်အောင်ဆန်းစုကြည် သည် ပင်လယ်ထဲတွင် မျောနေသည့် ဆင်သေကောင်ကြီး

အပေါ်တွင်စီးနင်းလိုက်ပါသွားရင်း ဆင်သေကောင်နှင့်အ တူ ရေထဲမြုပ်သွား မည့် ငှက်ငယ်ကလေး၏ ဘ၀နှင့်အလားတူသွားမှာ စိုးရိမ်မိပါသည်။ အဘယ်ကြောင့် ဆိုသော် စစ် အာ ဏာရှင်စနစ်ကို စနစ်တကျအသက် သွင်းထားသော ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေသည် ဆင်သေကောင်ပုပ်ကြီး ဖြစ်နေသောကြောင့်ပင်။


ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်အတွင်း ၀င်ရောက်သွားခဲ့သည့် တနှစ်ကျော်ကာလ ဖြတ် သန်းမှု ကို ပြန်လည် သုံးသပ် ဘို့  လိုပါမည်။ သူမ ကြားဖြတ်ရွေးကောက်ပွဲ ၀င်စဉ်က ကြွေးကြော်ခဲ့သည့် ဥပဒေစိုးမိုးရေး၊ပြည်တွင်း ငြိမ်းချမ်းရေး၊ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစံထားချက်များဖြင့် သုံးသပ်ရန်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် ဥပဒေစိုးမိုးရေးဟူသော စကားလုံးကို ကြိမ်ဖန်များ စွာ ပြော နေသော်လည်း ဤသည်မှာ မည်သို့ သော အဓိပ္ပါယ်ရှိကြောင်းကိုလူထုအားတိတိကျကျ ရှင်းလင်းမှု မပြုခဲ့ပါ။စစ်အစိုးရ အဆက်ဆက်က ပြဌာန်းထားသော မတရားဥပဒေများ ကိုဆက်လက် လိုက်နာရေးနှင့် လက်ရှိ လွှတ်တော်က ပြဌာန်း နေသည့် မတရားဥပဒေများ အောက်တွင်

လူထုတရပ်လုံးငြိမ်ဝပ်စွာ နေထိုင်ရေးအား ဥပဒေ စိုးမိုးရေး ဟူသကဲ့ သို့  ဖန်တည်းခံနေရသည်။ဤသည်ကို ဒေါ် အောင် ဆန်း စုကြည် ကိုယ်တိုင်က လက်ခံလိုက်နာ ပံ့ပိုး ပေးသကဲ့သို့ ဖြစ်နေသည်။

ဥပဒေစိုးမိုးရေး နှင့် စပ်လျှဉ်း၍ နိုင်ငံတကာစံထားချက်များနှင့် ကိုက်ညီရုံသာမကပြည်တွင်း လိုအပ်ချက် ကိုပါ ဖြည့်ဆည်းနိုင် မည့် ဖွင့်ဆိုချက် တခုခုအား တိတိကျကျကိုင်စွဲမထားသောကြောင့်ဖြစ်သည်။

ဥပဒေ အထောက်အကူပြုကွန်ရက် အနေဖြင့်ဥပဒေစိုးမိုးရေး ဟူသော စကားရပ်ကို အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖွင့်ဆို သည်။ ပြစ်မှုကျူးလွန်သူဟူသမျှကို ထိရောက်စွာဖေါ်ထုတ်ပြီး အပြစ်ပေးရေး၊ ပြစ်မှုကျူးလွန်ခံရသူများအနေဖြင့်လွတ်လပ်၊

ဘက်မလိုက်သော တရားရုံးများ၌အရေးယူ တိုင်တန်းတရားစွဲခွင့်ရရှိရေး နှင့် ၄င်းတို့၏ ဘ၀နစ်နာ ဆုံးရှုံးခဲ့မှု အတွက် ပြန်လည် ကုစားပေးနိုင်ရေး၊ ပြစ်မှုကျူးလွန်ခံရသူရော စွပ်စွဲခံရသူများအတွက်ပါ မျှတသော တရားခွင် အခြေအနေ(Fair Trial) ရရှိရေး

အခြေခံ များအပေါ်တွင် တရားမျှတသော ဥပဒေများရှေ့မှောက်၌ လူတိုင်း တန်းတူရေး နှင့်တန်းတူအကာအကွယ်ရရှိရေး

ဖြစ်သည်။ဥပဒေစိုးမိုးရေး ၏ အနှစ်သာရကိုသေချာစွာ ဆုပ်ကိုင်မိပါမှ လူထုအတွက် ဥပဒေစိုးမိုးရေး ခံစားရရှိနိုင်ပါ မည်။

ဥပဒေ စိုးမိုးရေး၏ အနှစ်သာရကို ဆုပ်ကိုင်ရန် နှင့် လက်တွေ့ ဖေါ်ဆောင် ရန် မကြိုးစားဘဲ ဥပဒေစိုးမိုးရေး ဟူသော စကားရပ် အား အကြိမ်ပေါင်းကုဋေမျှပင် ရွတ်ဆိုစေဦး။ဟောရင်း သာ ပြန်လွန်တော် မူသွားပါမည်။

လူထုသည် ဥပဒေ စိုးမိုးရေးကို ခံစားနိုင်ဘွယ် မရှိပါ။ အထက်ပါ ဥပဒေစိုးမိုးရေး စံထားချက်နှင့် တိုင်းတာမည် ဆိုပါက လက်ရှိမြန်မာနိုင်ငံ အတွင်းရှိ အခြေခံလူထုသည် ဥပဒေ စိုးမိုးရေး ဆုံးရှုံးခြင်း၏ ဟိုမှာ ဘက်ကမ်း သို့  လွန်နေကြောင်း တွေ့ ရပါမည်။


ဥပဒေစိုးမိုးရေးဟူသော စကားရပ်ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားပြန်လည်သင့် မြတ် ရေး ဟူသည်ကို အကြိမ်ပေါင်း တထောင်မက ပြောခဲ့ပြီးသော်လည်း ဤသည်မှာ မည်သည့် အရာဖြစ်ကြောင်း ဘယ်တုံးက မျှ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် ဖွင့်ဆိုမပြခဲ့ပါ။

ဒေါ်အောင် ဆန်းစုကြည်အား ပုဂ္ဂိုလ်အရ ချစ်ခင်မြတ်နိုးကြသော လူထု အများစုကြီးမှာလည်း မည်သည် မှန်းမသိသော အရာ နောက်သို
့တောက်လျှောက်လိုက်နေခဲ့ကြသည်။

သို့ ဖြစ်၍ လက် တွေ့ တွင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဟူသည်မှာ စစ်အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့သည့်ပြစ်မှုကြီးများအား
ရေငုံနုတ်ပိတ်ရေး နှင့် လက်ရှိကျူးလွန်နေမှုများ အပေါ် တွင်လည်း အမှန်တရားကိုဖုံးကွယ်ထားရေး ဖြစ်နေသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဌနေရာတွင်ယူထားပါလျှက်ဥပဒေစိုးမိုး ရေး ကို သူမကိုယ်တိုင် ဦးဆောင် ဥပက္ခာပြုလျှက်ရှိသည်။စစ်အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့သော နိုင်ငံတကာအဆင့် ရှိ ပြစ်မှုကြီးများအား

ဖေါ်ထုတ်အရေးယူရန် ကြိုးစားဘို့ ဝေးရုံသာမက မျက်မှောက်မှာပင် ရခိုင်ပဋိပက္ခတွင်လည်းကောင်း၊ မိတ္ထီလာ အဓိကရုဏ်းတွင်လည်းကောင်း၊ အစိုးရအာဏာပိုင် များကိုယ်တိုင် ပါဝင်ကျူးလွန်သည့် အထောက် အထား များတွေ့ရ၊

နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့ အစည်းများကလည်း ထောက်ပြကြ ပါလျှက် မမြင်ယောင် မကြားယောင်ပြုခဲ့သည်။ ကချင်ပြည်နယ် စစ်ပွဲများအတွင်း နိုင်ငံ တကာ စစ်ရာဇ၀တ်မှုကြီးများကျူးလွန်ခံခဲ့ရ သည့်ထောင်သောင်း ချီသော ကချင်လူထုများသည် ယနေ့ တိုင် ဒုက္ခသည်စခန်းများ အတွင်း ရှိနေကြဆဲဖြစ်သော် လည်း ဥပဒေ စိုးမိုးရေး အခြေခံမှ မည်သည့် အရေးယူဆောင်ရွက်မှုမျှ မပြု။


လက်ပံတောင်းတောင်တွင် သံဃာတော်များမှာ မီးလောင်ကျွမ်းခဲ့သည့် ဒဏ်ရာများရခဲ့သည်ကို မည်သူမျှ မငြင်းနိုင်။ ဆင်ကြီး တကောင်လုံး တွေ့ ရပါလျှက်ဆင်ခြေရာရှာသည့် အလုပ်ကို သူမ လုပ်ခဲ့သည်။ မီးခိုးဗုံးပါဟု ပြောင် ငြင်းခဲ့သည်။

မည်သည့်လက်နက် မျှ ကိုင်စွဲခြင်းမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်များ ညဘက် ကြိမ်းစက် နေသည့် အချိန်တွင် အကြမ်းဘက်ဝင်ရောက် စီးနင်းကာ မီးလောင်ဗုံးနှင့်ဖြိုခွဲခဲ့ခြင်းမှာ ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်သည်။

အကျိုးဆက်အနေဖြင့် သံဃာတော်များမှာ မျက်စိပျက် သူပျက်၊ ကိုယ်လက်အင်္ဂါ ချို့ ယွင်းသူချို့ ယွင်း၊ တကိုယ်လုံးမြင် မကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သူဖြစ်နှင့် ဘ၀နစ်နာ ပျက်စီးကြရသည်။


ဥပဒေစိုးမိုးရေးကို တကယ်တန်း ဖေါ်ဆောင်လိုပါက ဤပြစ်မှုကြီးအပေါ် အဆင့်နှစ်ဆင့်ဖြင့် အရေးယူ ဆောင် ရွက် ရပါ မည်။ ပထမအဆင့်မှာ မည်သူပင် ကျူးလွန်သည်ဖြစ်စေ ဤ ပြစ်မှု ကို ဖေါ်ထုတ် အရေးယူရမည်ဖြစ်သည်။

ဒုတိယ အဆင့်မှာ ဆိုးဝါးစွာ ဘ၀နစ်နာပျက်စီးသွားခဲ့ရသော သံဃာတော်များအား တဘ၀လုံးစာအတွက် ထိုက်ထိုက် တန်တန် လျော်ကြေးငွေ အမြောက် အများလည်း ပေးအပ်ရပါမည်။

ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ဘ၀နစ်နာပျက်စီး ဆုံးရှုံးသွား ခဲ့ရသော သံဃာတော်များအတွက် ဘာတခုမျှ ထိထိရောက်ရောက် ဆောင် ကျဉ်းမပေးခဲ့ပါ။


ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော်များအား ရှိခိုးနေသည့်ပုံများကို မကြာခဏ တွေ့ ရသည်။ ကြည်ညို ဘွယ်ကောင်းပါသည်။ သို့ ရာတွင် အသွင်သဏ္ဍာန်အရ သံဃာကို ရှိခိုးနေသော်လည်း အနှစ်သာရအားဖြင့်မူ အာဏာ ကိုသာ ရှိခိုးနေသည်ဟု ရှုမြင်မိသည်။

သူမ ဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်နေသည့် အချိန်တွင်ဤပြစ်မှုကြီး အပေါ် အရေးယူဆောင်ရွက်ပေးရန် ဒေသခံ လက်ပံ

တောင်းတောင် လူထု၏တောင်းဆိုမှုကို လည်း ခပ်တင်းတင်းပင် လျှစ်လျှူရှုထားဆဲဖြစ်သည်။ “ငါတို့ မှာမြေလည်းဆုံး ၊အောင်ဆန်း စုကြည်လဲ ဆုံးပါပေါ့ လား” ဟု အော်မြီရင်း ရင်အုံကို တဘုံး ဘုံး ထုကာ ငိုကြွေးခဲ့သော လက်ပံတောင်းဒေသခံ အဖွားအိုတဦး၏ ရင်နင့်ဘွယ် ရင်ဖွင့်သံကို ဒေါ်အောင်ဆန်းစုကြည် မကြားယောင် ပြုခဲ့ပြီ။


ပြစ်မှုကျူးလွန်သူကို အရေးယူရန်မကြိုးစားခဲ့ရုံသာမက
ပြစ်မှုကျူးလွန်သူဘက်မှ မည်သူကမျှ သူမအား မငှား ပါဘဲလျှက် နှင့် ရှေ့နေပင်လိုက်ပေးခဲ့သည်။ “သံသယ အကျိုးကို ခံစားခွင့်ပေးရမယ်။” ဟူသော စကားရပ်ကို ထပ်ခါ ထပ်ခါ သုံးစွဲခဲ့ခြင်း

ဖြစ်သည်။ ယင်းစကားရပ်အား မည်သည့်အချိန်၊ မည်သည့်နေရာတွင် အဓိက သုံးစွဲရသည်ကိုသူမ လေ့လာခဲ့ဘူးပုံမရ။ “တရားရုံး က ပြစ်မှုထင်ရှားမစီရင်မခြင်း စွပ်စွဲခံရသူအပေါ် အပြစ်ကင်းသူ အဖြစ် မှတ်ယူရမည်။”[1] ဟူသည့်မူ နှင့် နားလည်မှုလွဲကာ သုံးစွဲ
နေလေသလားဟူ၍လည်း စဉ်းစားမိသည်။


ပြစ်မှု ဆိုင်ရာမှုခင်းတခုခုကို လက်ခံပြီးနောက် အဆင့်ဆင့် စစ်ဆေးစီရင်နေစဉ်အတွင်းတွင် “သံသယ အကျိုး ခံစားခွင့်” [2] ဟူ သည်ကို တရားရုံးက စွပ်စွဲခံရသူအပေါ် အဓိကအားဖြင့် လက်ခံစဉ်းစားခြင်းဖြစ်သည်။

သံဃာတော်များ အား မီးလောင်ဗုံး နှင့်ပစ်ကာ ရာဇ၀တ်မှုကြီးတရပ် ကြီးကြီးမားမားကျူးလွန်ခဲ့သည့် အာဏာပိုင်များအား ဖမ်းဆီးအရေးယူ ရုံးတင်စစ်ဆေးနေသည့် အချိန် တွင်

ဖြစ်ပါက “သံသယ အကျိုး ခံစားခွင့်” ကို ၄င်းတို့ အပေါ်စဉ်းစားနိုင်သည်။ ယခုမူ သံဃာတော်များအပေါ်ကျူးလွန်ခဲ့သည့်

ပြစ်မှုကြီးနှင့်စပ်လျှဉ်း၍ မည်သည့်ရဲ သို့ မဟုတ် အာဏာပိုင်ကိုမျှဖမ်း ဆီးအရေး ယူခြင်းမပြု၊ ရုံးတင်တရားစွဲဆိုသည့် အဆင့်လည်း မရောက်၊ သူမကိုယ်တိုင်သည် တရားသူကြီး သော်လည်းကောင်း တရားရုံးသော် လည်းကောင်းလဲ မဟုတ်ပါ ဘဲလျှက်

ပြစ်မှုကျူးလွန်သူ အာဏာပိုင်များဘက်မှ ကာကွယ်ကာ “သံသယ အကျိုး ခံစားခွင့်” ဟူသောစကားရပ်အား တတွတ်တွတ် ရွတ်ဆိုခဲ့သည်။ အဘယ်ကြောင့်နည်း။

ပြစ်မှုကျူးလွန်သူအာဏာပိုင်များကို အရေးယူခြင်းလုံးဝမရှိသဖြင့် ဥပဒေစိုးမိုးရေးပျက်ခြင်းမှာ တပြည်လုံးအနှံ့  ဖြစ်ပွားလျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းတို့ အဖွဲ့ သားများနှင့် တွဲကာ ရွှင်လန်းမြူးတူးစွာနှင့် လွှတ် တော် အတွင်းတွင် ကွေးနေအောင် ကနေသည့် အချိန်တွင် ဥပဒေစိုးမိုးရေးပျက်သည့်အောက်၌ တိုင်းရင်းသားအခြေခံ လူထု အမြောက် အများမှာ ဒူးနှင့်မျက်ရည် သုတ်နေကြရသည်။


စစ်အာဏာရှင်စနစ်အခြေခံ ဥပဒေအမွေဆိုးကို ချန်ထားခဲ့မည်လား။

ဒေါ်အောင်ဆန်းစုကြည်သည် အသက်ခုနှစ်ဆယ်ပိုင်းအတွင်းဝင်ရောက် အရွယ်ထောက်လာခဲ့ပြီဖြစ် သည်။ ဇရာ၏သဘောအရ
ကွေးသောလက် မဆန့် ခင်၊ ဆန့် သောလက်မကွေးခင် ဖြစ်သည်။

မိမိအသက်ထင်ရှားရှိ နေစဉ် အတွင်း နိုင်ငံရေး ရပ်တည်
ချက်ကို ပြန်လည်သုံးသပ်သင့်ပါပြီ။စစ်အာဏာရှင်စနစ်၏ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ သံကွန်ချာအတွင်းသို့  ပြည်သူလူထုကို
ခေါ်သွင်းသွားပြီး ရုန်းထွက်ရ လွန်စွာခက်ခဲသည့် အနေအထားမျိုးဖြင့်မထား ခဲ့သင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်မှာဘယ်သူ ဘာပြောပြော ကိုယ်မှန်သည်ထင်ရာ လုပ်တတ်သည့် ခေါင်းဆောင်တဦးဖြစ်သည်ကို သတိပြုမိသည်။

မှန်သည့် လမ်းကို လျှောက်မိသည့် အချိန်၌ ဤဥာဉ်မျိုးမှာကောင်းကျိုးပြု တတ်သော်လည်း မှားသည့်လမ်းကို လျှောက်မိသွားလျှင်ဆိုးကျိုးကိုသာ
ပေးစွမ်းနိုင်ပါမည်။

လမ်းကြောင်းမှားကို လျှောက်လှမ်းနေသော ဒေါ်အောင်ဆန်းစုကြည်
စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသည့်၂၀၀၈ ဖွဲ့ စည်းပုံ လမ်းကြောင်း အတိုင်း လျှောက်လှမ်းနေခြင်း မှာ မှားနေပြီဟု စာရေးသူအနေဖြင့်အတိအကျသုံးသပ်သည်။ အောက်ပါအကြောင်းအချက်များကြောင့်ဖြစ်သည်။

(၁) ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံပြီးရွေးကောက်ပွဲဝင်၊ ၄င်းအရတည်ဆောက်ထားသော တိုင်းပြည်အဆောက် အအုံများတွင် ပါဝင်ထမ်းဆောင်သည့်နည်းမျှဖြင့်၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံကျသော ကျောရိုးများကို ပြင်နိုင်မည် မဟုတ်။

(အခြေခံကျသော ကျာရိုးများဆိုသည်မှာသာဓက အားဖြင့် ပြည်ထောင်စုဖွဲ့  စည်းရာတွင် တိုင်းရင်းသားများ လိုလားသည့်အတိုင်း တိုင်းများ၊တိုင်း
ဒေသကြီးများကို ဖြုတ်၍ ပြည်ထောင်စုအား အမျိုးသားပြည်နယ် များ ဖြင့်သာ ဖွဲ့ စည်းစေခြင်း၊

အတုအယောင် သမ္မတ စနစ်ကို ကျင့်သုံး ခြင်း မှနေ ၍ ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန် စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်း၊ အမျိုးသားကာကွယ်ရေးကောင်စီ တည်ရှိမှုနှင့် စစ်ဘက်ဆိုင်ရာတရားရုံးသီးခြားတည်ရှိမှုတို့ ကိုဖြုတ်ခြင်း၊

ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်များ နှင့်ဖွဲ့ စည်း ပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများအား လွတ်လပ်သည့် တရားရေးကော်မရှင်သို့ မဟုတ် တရား စီရင်ရေး ပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်မှု ကော်မရှင်က ခန့်  အပ်သည့်စနစ်ကိုကျင့်သုံးခြင်းဖြင့် တရားစီရင် ရေး လွတ်လပ်မှုကို တည်ဆောက်ခြင်း၊

န၀တ နှင့် နအဖစစ်အစိုး၇များ က ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးထားသည့် ပုဒ်မ ၄၄၅ ကိုဖြုတ်ခြင်း၊

ဥပဒေပြုလွှတ်တော်များ၌စစ်ဗိုလ်တမတ်သားပါဝင်မှုကို ဖြုတ်ခြင်း) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းရောက်သွားသည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း အခြေခံကျ သော ကျောရိုး တခုတလေကိုမျှ ပြင်နိုင်မည့် အလားအလာမတွေ့ ရ။

အဆိုပါ အခြေခံ ကျသော ကျောရိုးများအား ပြင် သွားမည်ဟူ၍ပင် သူမထံမှ တိတိကျကျစကားထွက်သံမကြားရ။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သာမကနောင်လာမည့် မည်သည့် ရွေးကောက်ပွဲတွင်မျှ၎င်းအခြေခံကျောရိုးများကို ပြင်ဆင်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်နိုင်မည်မဟုတ်။


(၂) ဆန္ဒရှိလျှင် ၂၀၀၈ ဖွဲ့ စည်းပုံကိုတလအတွင်းပြင်နိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည်ကြွေးကြော်နေခြင်း မှာ သင်္ကြန် အမြှောက်သာဖြစ်သည်။

သူမ အိမ်အချုပ်မှ လွတ်မြောက်ခါစတွင် ပင်လုံကဲ့သို့ အလားတူသော ညီလာခံ ကြီး တခုကျင်းပ သွား မည် ဟူ၍တိုင်းသိပြည်သိ ကြေငြာခဲ့ ဘူးသည်။

စာရေးသူနှင့် သိကျွမ်းရင်းနှီးခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအင်န်ပီပီ) ၏ ဥက္ကဌကြီးဖြစ်ခဲ့သော ဦးထဲဘူးဖဲ က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခေါ်ယူမည့် ပင်လုံကဲ့သို့ သော ညီလာခံကြီးကို တက်လို ကြောင်းလူသိရှင်ကြားရေဒီယိုမှပြောကြားခဲ့သည်။

ယခု ဥက္ကဌ ကြီး မှာ ကွယ်လွန်သွားရှာပါပြီ။ ဒေါ်အောင်ဆန်း စုကြည်၏ ပင်လုံ ညီလာခံမှာလေထဲတွင် ပျောက်ကွယ်နေသည်မှာ ကြာပါပြီ။ ဥက္ကဌကြီးသည် မည်သည့်အခါတွင်မျှ တက်ခွင့် ရလိမ့်မည်မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲဝင်ခွင့်မရစေရန် ကန့် သတ်ထားချက်မှာ ဖွဲ့ စည်းပုံ၏ အခြေခံ ကျောရိုး မဟုတ် သည်မှာ ရာနုန်းပြည့်သေချာသည်။

မည်သည့် အခြေခံကျောရိုးကိုမျှ ပြင်မပေးဘဲ ဥပဒေမျက်လှည့်ပြ သည့်အနေဖြင့် အဆိုပါ ကန့် သတ်ထားချက်အားပြင်ဆင်ပေးခြင်းမျိုး လုပ်ကောင်းလုပ်လာနိုင်သည်။ ဤသည်မှာလူထု တရပ်လုံးအတွက် ဆင်ထားသည့် စစ်အာဏာရှင်စနစ်၏ ထောင်ခြောက်ပင် ဖြစ်သည်။

ယင်းမှလွဲ၍ ၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံကျောရိုးများအနက်တခု တလေမျှကိုပင် တလ အတွင်း ပြင်ဆင်ရန်မည် သို့ မျှမဖြစ်နိုင်။

ဒေါ်အောင်ဆန်းစုကြည် သည်တာဝန်မဲ့စကားများကိုအ ဘယ်ကြောင့်ပြောဆိုနေ သနည်း။

မိမိကိုယ်ကိုမိမိ စိတ်ကူးယဉ်အိပ်မက်အတွင်းအတင်းသွင်းနေသောအဖြစ်မှ နိုးထသင့်ပါပြီ။


(၃) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းဝင်သွားခဲ့သည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်းမည်သည့် မတရားသည့် ဥပဒေ တခုတလေကို မျှဖျက်သိမ်းနိုင်ခဲ့ခြင်း မရှိသေး။

ပြောင်းပြန်ပင် မတရားသည့် ဥပဒေ အသစ်များ ဆက်လက်ပြဌာန်းနေ သည်ကို ကန့် ကွက်ဖေါ်ပင် မရဘဲ ထိုင်ပြီး လက်ခုပ်တီးပေးနေသည့် အဆင့် ဖြစ်နေသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ တွင်

ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့်ပြည်သူ့ လွှတ်တော်က ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြု ခဲ့သည်။ ယင်း၏ အခန်း (၃) ပုဒ်မ (၇) အရ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းကိုတားမြစ်သည့် စည်းကမ်းငါးရပ်အနက်တရပ်မှာ အောက်ပါပြဌာန်းချက် ဖြစ်သည်။


(င) ဖွဲ့ စည်းပုံအခြေခံဥပဒေ နှင့် အခြားတည်ဆဲ ဥပဒေများအ ရ ပြဌာန်းချက်များကိုဆန့် ကျင်ဖေါက်ဖျက်ရာရောက်သည့်အရေး အသားများ၊ စာများ ထုတ်ဝေခြင်း။

ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုလျှင်ယင်းအပေါ်တွင် ဘက်စုံဒေါင့်စုံမှသုံးသပ်ချက် ပေါင်းများစွာ ရေးသားပြုစုပြီး အများပြည်သူလေ့လာခွင့်ရစေရန်စာအုပ်စာတမ်းများ ထုတ်ဝေရပါမည်။

အထက်ပါပြဌာန်းချက်အရ ရှင်းနေသည်မှာ ဤဥပဒေသာ အတည်ဖြစ်သွားပါက၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား ဆန့် ကျင်ဝေဖန်ရေးသားထား သည့် စာအုပ်များ၊ စာစောင်များအားထုတ်ဝေရဲမည့်သူရှိတော့မည် မဟုတ်ခြင်းပင်။

အရဲစွန့် ထုတ်ဝေမည့်သူရှိဦး တော့။ စိုးတထိတ်ထိတ် ရှိနေပါမည်။ ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့် အား အကြီးအကျယ် ထိပါးလိုက်ခြင်းဖြစ်သည်။ ဤမျှ ဆိုးဝါးသည့်ဥပဒေကို ဒေါ်အောင် ဆန်းစု ကြည်သည် အဘယ်ကြောင့်

ပြင်းပြင်း ထန်ထန် မကန့် ကွက်ဘဲ အတည်ပြုပေးလိုက်ပါသနည်း။


ဒေါ်အောင်ဆန်းစုကြည်တက်ရောက်သည့် ပြည်ထောင်စုလွှတ်တော်က၂၀၁၃ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့  တွင် ပြဌာန်းလိုက်သည့် တရားရုံးများကိုမထီမဲ့မြင်ပြုမှုဥပဒေ သည်လည်း အိန္ဒိယနိုင်ငံတွင် ၁၉၇၁ ခုနှစ်က ပြဌာန်း ထားသည့် အလားတူဥပဒေမှ တိုက်ရိုက်ပုံတူကူး ချထားကြောင်းတွေ့ ရ သည်။

ဒေါ်အောင်ဆန်းစုကြည် အဘယ် ကြောင့် မကန့် ကွက်ခဲ့သနည်း။
အားလုံးနီးပါးကို ကူးချ ထားသော်လည်း အိန္ဒိယ ဥပဒေတွင်မပါ ဘဲ မြန်မာနိုင်ငံ ဥပဒေ တွင် ထည့်သွင်းဖေါ်ပြထားသည့်အောက်ပါ တားမြစ် ကန့် သတ် ချက်မှာ သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးလိုက်ခြင်းဖြစ်သည်။

တရားရုံးက ဆုံးဖြတ်ရန်ရှိသောအချက်များကို တစုံတရာ အဆုံးအဖြတ်မပေးရသေးမီ ကြိုတင်ဝေဖန် ပြောဆိုခြင်း၊ရေးသားဖေါ်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့် ချီခြင်း။

အဆိုပါ ပြဌာန်းချက်အပေါ် ဥပဒေအထောက်အကူပြုကွန်ရက်Legal Aid Network (L.A.N) ၏ ကန့် ကွက် ဝေဘန်ချက်အား လွတ်လပ်သော အာရှအသံ ရေဒီယိုကဇူလိုင်လ သုံးဆယ်ရက်နေ့ တွင် အသံလွှင့်ခဲ့သည်။ ဤလင့်ခ်တွင် ပြန်လည်နားဆင် နိုင်ပါသည်။

https://docs.google.com/file/d/0B75-mXONmTooTDZMVDJXbXBHMXc/edit?pli=1


အခြားအချက်များအပြင် ယင်းကန့် ကွက်ချက်ကိုလည်းရည်ညွှန်း၍ ဘီဘီစီ သတင်းဌာနကသြဂုတ်လ (၂ ) ရက်နေ့  တွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့်ဥပဒေစိုမိုးရေးကော်မတီဝင် အမတ်တဦးလဲဖြစ်၊

ရှေ့နေကြီး တဦးလည်း ဖြစ်သူ ဦးသိန်းညွန့် အား မေးမြန်းခဲ့ရာ ၄င်းက ဤဥပဒေတွင်ဖေါ်ပြထားသည့်  ကင်းလွတ်ချက်များသည် လိုသလိုဆွဲ၍ရသဖြင့်သတင်း မီဒီယာများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ကြောင်း ဖြင့် ၀န်ခံဖြေဆိုသွားခဲ့ရသည်။ ဦးသိန်းညွန့်၏ အင်တာဗျူးကို ဤလင့်ခ်တွင် နားဆင်ပါ။

https://docs.google.com/file/d/0B75-mXONmTooZV9yNnZEemdwTEU/edit?usp=sharing

ဥပဒေစိုးမိုးရေးကော်မီတီ ဥက္ကဌတာဝန်ယူထားသောဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်အပါအ၀င်လူထု၏ အခြေခံလွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အခွင့်အရေးများအားပိတ် ဆို့ သည့် ဖေါက်ပြန်သည့်ဥပဒေများ၊ မတရားသည့် ဥပဒေများ အား အဘယ်ကြောင့် ဟောတခု၊ ဟောတခု ထိုင်ပြီး အတည်ပြုပေးနေသနည်း။

လွှတ်တော် တွင် မိမိပါတီက လူများစု နေရာ မရသော်လည်း အမတ်တဦးချင်းအနေ အထား အရပင် ပြင်းပြင်းထန်ထန်ကန့် ကွက်ရန်၊ မတရား ဥပဒေမှန်သမျှကို ပြတ်ပြတ်သားသား ဆန့် ကျင်ရန် တာဝန်ရှိသည်။

လွှတ်တော်ပြင်ပမှလူထု အား ကို ရယူ၍ မတရားပြဌာန်းချက် မှန်သမျှကိုတိုက်ဖျက်ဘို့ ကြိုးစားသင့်သည်။ အဘယ်ကြောင့် ငြိမ်ထိုင်နေသနည်း။

လွှတ်တော်တက်ရောက်နေသည့် လူထု
ခေါင်းဆောင်၏ တာဝန်ခံမှု သည်အဘယ်နည်း။ ချုပ်ချယ်ကန့် သတ် ပိတ်ပင်ထားသည့် မတရားဥပဒေများအောက်တွင် ဒီမိုကရေစီ ရရှိမည်ဟူ၍များ စိတ်ကူးယဉ် နေပါ သလား။

အခြားနိုင်ငံမှ ဥပဒေကို ပုံတူကူးချ၊ စစ်အာဏာရှင်ဟောင်းသစ်များ လိုခြင်သည့် ဖိနှိပ်သော ပြဌာန်းချက် များ ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် ဥပဒေပြုသည်ဟုကြွေးကြော်လုပ်ဆောင်နေသော လွှတ်တော်တွင် မိမိကိုယ်တိုင် လည်း ဘာမျှ မလုပ်နိုင်ပါ ဘဲလျှက်ဆက်ထိုင်နေခြင်းသည် လူထုအတွက်အကျိုးရှိပါမည်လား


သူမသည်၂၀၀၈ ဖွဲ့ စည်း ပုံ လမ်းကြောင်းတွင်ကိုယ့်ကိုယ်ကို စီးမျောခံရင်း စစ်အာဏာရှင်စနစ်၏ ဥပဒေ သံကွန်ချာကြီး ခိုင်မာ အောင်တည်ဆောက် ရာ၌ ပံ့ပိုးပေးရသည့် ဘ၀သို့ ကျရောက်သွားခြင်းမှာများစွာ ၀မ်းနည်း ဘွယ်ပင်။ ဤသည်မှရုန်းထွက်သင့်ပြီ။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုစွန့် ခွာသင့်ပါပြီ။


၂၀၀၈ ဖွဲ့ စည်းပုံကို ကန့် ကွက်၊ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရန် တောင်းဆိုသော လူထုအသံများ၊ ကြိုးပမ်းအားထုတ်မှုများ။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းထားသည့်ဖွဲ့ စည်းပုံအဖြစ်၂၀၀၈ ဖွဲ့  စည်းပုံအား ရည်ညွှန်းလျှက်တိုက်ပွဲမပြီးဆုံးသေး ကြောင်းဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဥက္ကဌ ကိုကျော်ကိုကိုက ဇူလိုင်လ (၂ ) ရက်နေ့ က ရဲရဲတောက်မြွက်ကြား သွားခဲ့သည်။

၎င်းသည် ၂၀၀၈ ဖွဲ့ စည်းပုံ၏ အတွင်းသရုပ် အမှန်ကိုအမှန်အ တိုင်းမြင်တတ် သည့် အပြင် မြင်သည့်အတိုင်း တည့်တည့် ထုတ်ဖေါ်ပြော ရဲသူဖြစ်သည်။လူငယ်လေးမျှဖြစ်သော ကိုကျော်ကိုကို နှင့် ဗကသ ခေါင်းဆောင်များသည် ယနေ့ ၂၀၀၈ ဖွဲ့ စည်းပုံလမ်းကြောင်း တွင်စီးမျောနေကြသော လူကြီးနိုင်ငံရေး သမား များအတွက် စံထားစရာသဖွယ် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကလည်း၂၀၀၈ ဖွဲ့ စည်းပုံမှာ ပြင်ရန်လိုအပ်ကြောင်းလက်ခံရုံသာမက ပြင် ဆင်နိုင်သည့်

ပြဌာန်းချက်ပုဒ်မ ၄၃၆ အရဆိုပါက လက်တွေ့ ပြင်၍ရနိုင် မည်မဟုတ်ကြောင်း၊ သို့ ဖြစ်၍ မပြင်တော့ဘဲ အသစ်ရေးဆွဲသင့်ကြောင်း၊အသစ်ရေးဆွဲခြင်းအားဖြင့် အချိန် ကုန်သက်သာ မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်အတွင်း ကထဲကပင်ထုတ်ဖေါ်ခဲ့သည်။

ထိုနည်းတူ စွာပင် ဥပဒေအထောက်အကူပြုကွန်ရက်က လည်း ပြည့်စုံသောဥပဒေ စိုးမိုး ရေးမူများအပေါ်တွင်ပြုစုထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ် ပေါ်ပေါက် အတည်ပြုကျင့်သုံးသွား ရန် ၂၀၁၃ ခုနှစ် ဇူလိုင် (၅) ရက်နေ့ တွင် ဘဲလ်ဂရိတ်

ကြေငြာချက် ထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။ ဤလင့်ခ်တွင်ရှုပါ။

https://docs.google.com/file/d/0B5uXEhFP_PLIUDhveGRoOVYzRUk/edit?usp=sharing


၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ မှ ၃၀ ရက်နေ့ အတွင်းထိုင်းနိုင်ငံချင်း မိုင်မြို့ တွင်ကျင်းပခဲ့ပြီး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ အစည်း ကြီးများအားလုံးနှင့်လက်နက်မကိုင်သည့် အခြားတိုင်းရင်းသား အဖွဲ့ အစည်းများပါတက် ခဲ့သည့် ညီလာခံကြီးမှ နေ၍၂၀၀၈ ဖွဲ့ စည်းပုံ ကို လက်မခံနိုင် ကြောင်း၊

ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်ကို ၂၀၁၃ခုနှစ် အတွင်းမှာပင်အပြီးရေးဆွဲ သွားမည် ဖြစ်ကြောင်း၊ ထို့ အပြင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တရပ်တည်ထောင်ရန်တောင်းဆိုကြောင်း ကြေငြာ ခဲ့သည်။

ဤသည်မှာ စစ်အာဏာရှင်ဟောင်း သစ်များအား ကြီးကြီးမားမား စိမ်ခေါ်လိုက် ခြင်း ဖြစ်သည်။ သို့ ရာတွင် ၄င်းတို့ သာ မဟာ လူမျိုးကြီးဝါဒကို မကျင့်သုံးဘဲရိုးသားစွာနားလည်မှု ထားရှိမည် ဆိုပါက စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးလမ်းကြောင်း မှန်အနေဖြင့် လက်ခံသင့်သည်။


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကြီးများတွင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံမူကြမ်းရေးဆွဲ သည့် အတွေ့ အကြုံ ရှိနေခဲ့ကြပြီဖြစ်သည်။ မဒတဟု ခေါ်သည့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု တွင်ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်

တော်လှန်ရေး အဖွဲ့ အစည်းများသည် မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦးအပါအ ၀င်ပြည်တွင်းပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများနှင့် ပေါင်း ကာ မြန်မာပြည်ဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ ချုပ် (ဒီအေဘီ) ကို ဖွဲ့ စည်းခဲ့ကြပြီးနောက် ၁၉၉၀ ခုနှစ်တွင် ဖွဲ့ စည်းပုံအခြေခံဥ ပဒေမူကြမ်း ရေးဆွဲရေး ကော်မတီတရပ်အား ဖွဲ့ စည်းဆောင်ရွက်စေ ခဲ့သည်။

လေးနှစ်ခန့်  ကြာပြီးနောက်တွင်ယင်းလုပ်ငန်းစဉ် အား ပြည် ထောင် စု မြန်မာနိုင်ငံအမျိုးသားကောင်စီ၏ ကြီးကြပ်မှုအောက်တွင်ထားရှိ၊ မူကြမ်းရေးဆွဲရေးကော်မတီအားတိုးချဲ့  ဖွဲ့  စည်းကာ ဖွဲ့ စည်းပုံမူကြမ်းအား တဆင့်ပြီးတဆင့် တနှစ်ပြီးတနှစ် ဖြည့်စွက်ပြင်ဆင်

အချောသတ်လာခဲ့သည်။ စာရေးသူသိသမျှ နောက်ဆုံး ကမကထ ပြု၍ နှီးနှောဖလှယ်ပွဲကြီးများ ကျင်းပကာ ပြုစုရေးဆွဲ ခဲ့သည့် ကော်မတီမှာ ဖက်ဒရယ် ဖွဲ့ စည်းပုံ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနိုင်းရေးကော်မ တီ(FCDCC) ဖြစ်သည်။

၁၇ နှစ်တာ စုပေါင်းကြိုးပမ်းခဲ့မှု၏ ရလာဒ်အနေဖြင့် ယင်းကော်မတီမှနေ၍ ၂၀၀၇ ခုနှစ်တွင် အများ ပြည်သူလေ့လာခွင့်ရစေရန်ပုံနှိပ်ဖြန့် ဝေ ခဲ့သည့် ဖွဲ့ စည်းပုံ (ပထမ မူကြမ်း) အား ဤ လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။


https://docs.google.com/file/d/0B5uXEhFP_PLIZ0xjalZQLUNkS3c/edit?usp=sharing


ယခုနောက်ဆုံးကျင်းပခဲ့သည့် တိုင်းရင်းသားညီလာခံကြီးမှနေ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့  စည်းပုံအခြေခံ ဥပဒေ အသစ်တရပ်
ရေးဆွဲသွားမည် ဟူသည်မှာ အထက်ပါဖွဲ့ စည်းပုံ (ပထမမူကြမ်း) အား ဆက်လက်မွမ်းမံ ပြင်ဆင် သွားမည်လား၊နောက်ထပ်
အသစ်တရပ်ကိုရေးဆွဲသွားမည်လား မပြောနိုင်ပါ။

သို့ ရာတွင် စစ်အာဏာရှင်အဆက် ဆက်က ဖွဲ့ စည်းပုံရေးဆွဲရေး လုပ်ငန်းစဉ်
အား ထိမ်းချုပ်ကာ ၄င်းတို့ အလိုကျ ရေးဆွဲစေခဲ့ ခြင်းမျိုး ကဲ့ သို့ မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ အခြေခံလူထုကြီးတရပ်လုံး ပါဝင်ခွင့်ရစေမည့် လုပ်ငန်းစဉ်မျိုးဖြင့် ဖေါ်ဆောင်လိမ့်မည်ဟု မြှော်လင့်ရ သည်။


ဥပဒေရေးရာ၊ နိုင်ငံရေးအရ ချိန်ကိုက်မှု နှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ကာ ဥပဒေပြဌာန်းသည့် လုပ်ငန်းတွင် ပါဝင်နေခြင်းမှာ တိုင်းရင်း သား အခွင့်အရေးများ အားကာကွယ်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်း ပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်နိုင်ဘို့ ဝေးစွ။

သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်အပါအ၀င် လူထု၏ အခြေခံလွတ်လပ်ခွင့်နှင့် ဒီမို ကရေစီ အခွင့်အရေးများအားအကာအကွယ်
ပေးနိုင်မည့် ဥပဒေများ ပေါ်ထွက်လာစေရန်ပင်မစွမ်းဆောင်နိုင်ကြောင်း ပွင့်လင်းစွာသုံးသပ်ရပါမည်။

၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံ ဥပဒေလမ်းကြောင်း၊ ၄င်း အရ တည်ထောင်ထားသည့် ဥပဒေဘောင်၊[3] နှင့်တိုင်းပြည်အဆောက်အအုံများ အတွင်းဝင်ရောက် ဆောင်ရွက်နေသမျှကာလပတ် လုံး စစ်မှန်သည့် ဥပဒေစိုးမိုးရေးအခြေခံတွင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင်
ပြည်ထောင်စုနိုင်ငံသားတိုင်း၏ ဒီမိုကရေစီနှင့် လွတ်လပ်မှု အခွင့်အရေးများအား ကာကွယ်ဖေါ်ဆောင်နိုင်မည့် ဥပဒေအုတ်မြစ် [4]ချမှတ်ရန်လုံးဝ မဖြစ်နိုင်ပါ။

ယင်း သို့ မချမှတ်နိုင်သမျှ ကာလပတ်လုံး စစ်မှန်သည့် ပြည် တွင်းငြိမ်းချမ်းရေးလည်းမည်သည့် အခါမျှ ရမည် မဟုတ်သောကြောင့် တိုင်းပြည်နှင့် လူထု၏ စီးပွားရေးတိုးတက်မှုမှာလည်း အိပ်မက်ပမာသာ ဖြစ်နေပါမည်။

၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ၌ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက တိုင်းရင်းသားများလိုလားသည့်ဖက်ဒရယ်ကိုဖေါ်ဆောင်
နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေဘောင် အတွင်း တွင်ဖက်ဒရယ် ဥပဒေမူကြမ်းတခုရေးဆွဲရန် ဦးတီခွန် မြတ် နှင့် ဒေါ်နန်းဝါနု တို့ အားတာဝန်ပေးအပ်ကြောင်းကြေငြာခဲ့သည်။

တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ် သည် ပေးအပ် သင့်သော နိုင်ငံရေးအခွင့်အရေးဖြစ်သည်ဟု လက်ခံ လာပြီဖြစ်သော်လည်း စစ်အာဏာရှင် ဟောင်းသစ် များသည် နောက်ထပ် ဥပဒေမျက်လှည့်တမျိုးပြ သရန် စီမံ နေခြင်းသာဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် နားမယောင် သင့်ပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးဖွဲ့ စည်းပုံဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုကို ယင်းအခြေခံတွင် တည်ဆောက်မည် ဟူသည်မှာ အမြင်မတော် ဆင်တော်နှင့် ခလောက် ဖြစ်ရုံသာမက ပတ္တမြားကိုယိုအိမ်သာထဲတွင် ထိမ်းသိမ်းထားရှိရန် ကြိုးပမ်းနေခြင်းသာ
ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအရ သမတ ဖြစ်လာနိုးနှင့် မြှော်လင့်ချက်ပေးထားခံရသည့် အခြေအနေမှ နိုးထသင့်ပါပြီ။၂၀၁၅ ရွေးကောက်ပွဲပြီးနောက်တွင် လက်ရှိ စိုင်းမောက်ခမ်းကဲ့ သို့ ဘာမှ အခွင့်အာဏာ မရှိသည့်ဒုသမ္မတနေရာ မျိုးနှင့် မိမိကိုယ်တိုင်ချောင်ထိုးခံထားရရုံသာမက တိုင်းရင်းသားပေါင်းစုံလူထုကြီး တရပ်လုံးစစ် အာဏာရှင်စနစ်၏ကျေးကျွန်

များဖြစ်ကျန်စေမည့်အခြေအနေမျိုးကို တွန်းပို့ မထားသင့်ပါ။ယခုအချိန်တွင် လွှတ် တော် မှ ပြတ်ပြတ်သားသားကျောခိုင်း ထွက်ခွာကာ တိုင်းရင်းသား များ၊အခြေခံလူထုများနှင့် နိုင်ငံတကာ တို့ ၏ ထောက် ခံမှု ကို ရယူလျှက် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေ သစ် တရပ် ပေါ်ပေါက်ရေး လုပ်ငန်းစဉ်တွင် အတူပါဝင် ဦးဆောင် အကောင်အထည်ဖေါ်သင့်ပြီဖြစ်သည်။

ယင်းသို့ ဖြစ်ပါက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေ (ပထမ မူကြမ်း) တွင် ၀န်ကြီးချုပ်စနစ်ကျင့်သုံးထားသည်ကို ရည်ညွှန်း လျှင် ပြည်ထောင် စုနိုင်ငံသစ်၌ ပထမဆုံး ၀န်ကြီးချုပ် ဖြစ် သင့်သူမှာဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ကြောင်း အဆို တင်သွင်းမည့်သူ များတွင် စာရေးသူကိုယ် တိုင်လည်းပါဝင်ရန် အသင့်ရှိပါမည်။


ဦးအောင်ထူး (ရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ
နေ့ စွဲ။ ၂၀၁၃ ခုနှစ်သြဂုတ်လ ၅ ရက်


[1] Presumptionof innocence

[2] Benefitof doubt

[3] LegalFramework

[4] LegalFoundation

No comments: