Tuesday, August 06, 2013
ၾသစေၾတးလ် နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလ (၇) ရက်နေ့မှာ
ကျင်းပတော့ မယ်လို့ ဝန်ကြီးချုပ် Kevin Rudd က ကြေငြာခဲ့ပြီးတဲ့နောက်
နိုင်ငံရေးပါတီ တွေဟာ ပထမဦးဆုံး မဲဆွယ်စည်းရုံးရေး ပြုလုပ်တဲ့
ပထမအပါတ်ထဲမှာ သူ့ထက်ကိုယ်သာတဲ့ မူဝါဒတွေ ကို ကြေညာနေ ကြပါတယ်။
ဝန်ကြီး ချုပ် Kevin Rudd ကလဲ အဓိကအားဖြင့် ကျောင်းသွား ကလေးတွေ
ကျောင်းပြီးချိန် စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး ရံပုံငွေ သန်းနဲ့ချီ
ချပေးမယ်ဆိုတဲ့ အကြောင်း၊ ကားထုတ်လုပ်ရေး လုပ်ငန်း အနေနဲ့ စောစောပိုင်းက
ချခဲ့တဲ့မူဝါဒ တွေကြောင် ဒုက္ခရောက်ခဲ့ တာတွေကို ထောက်ပံ့ကူညီမှု တိုးမြှင့်
ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ကျောင်းသွားကလေး တွေအတွက်
တေးသီချင်းအစီ အစဉ်တွေ၊ အားကစား အစီအစဉ်တွေ၊ အိမ်စာနဲ့ ပတ်သက်ပြီး ကူညီပေး
တာတွေ အဲဒါ အပြင် ကျောင်းပိတ်ရက်တွင်း ကလေးတွေ ကို စောင့် ရှောက်မှု တွေ
ပါဝင်ပါတယ်။
ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒေါ်လာ သန်း ၂၀၀ ကူညီမယ်လို့လဲ ကြေညာခဲ့ပါတယ်။
ဒီလို ကြေညာတာနဲ့ ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင် Tony Abbot က
ဘယ်လိုနေရာတွေမှာ သုံးစွဲမလဲဆိုတာတွေကို တိတိကျကျ မဖေါ်ပြ နိုင်တာကို
ထိုးနှက်ပြောဆို ခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံက ဗဟိုဘဏ်တွေ ကလဲ ဒီကနေ့ မှာ အတိုးကို ၂.၅%လျော့ချ ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ ကာလအတွင်း အတိုးနှုန်းပြောင်းလဲမှု တွေဟာ
မဲရလဒ်တွေအပေါ် သက်ရောက်မှုရှိတဲ့ ယုံကြည်ချက်တွေကြောင့် ဘဏ်လုပ်ငန်း
ထိန်းချုပ်တဲ့ အာဏာပိုင်တွေကတော့ အထွေထွေ ရွေးကောက်ပွဲ ကာလ နဲ့ဘဏ်
အတိုးနှုန်း ပြင်ဆင်မှု ဟာ အဆက်အစပ် မရှိဘူးလို့ ပြောပါတယ်။
၂၀၀၇
ခုနှစ် ရွေးကောက်ပွဲတုန်းက အတိုးနှုန်း တွေတိုး မြှင့်လိုက်တဲ့ အတွက်
အိမ်ကြွေးပေး နေသူ အမြောက်အများဟာ ထိခိုက်မှု ရှိခဲ့ ပြီး အခုအခါမှာ အတိုး
နှုန်းလျော့ ချပေးတာဟာ အိမ်ကြွေး ပေးနေ သူတွေ အဖို့ သိပ်ပြီး ထူးခြားမှု
မရှိတဲ့ အတွက် ဆက်စပ်သက်ဆိုင်မှု မရှိဘူးလို့ ဆိုလိုတာ ဖြစ်တယ်
လို့ဆိုပါတယ်။
စက်တင်ဘာလ (၇) ရက်နေ့ နောက်ပိုင်း အစိုးရ အဖြစ် အာဏာယူတဲ့ပါတီက မဲအနဲဆုံး နေရာ ၇၆ နေရာရဖို့ လိုအပ်ပါတယ်။
ကိုယ်စားလှယ်ပေါင်း တဦး ၂ဦးသာ သာခဲ့တဲ့လက်ရှိ အစိုးရ အနေနဲ့ NSW နဲ့
Queensland ပြည်နယ်က မဲဆန္ဒ နယ်မြေ တွေမှာ အနိုင်လုကြရမှာ ဖြစ် ပြီး၊ ဒီလို
မဲမသေချာတဲ့ မဲဆန္ဒ နယ်မြေ တွေက အစိုးရအာဏာကို ဘယ်အဖွဲ့က ရသွားမလဲဆိုတာကို
အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ABC Radio Australia
အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (ဝဲ) နှင့် ဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ယာ) (Credit: AAP)
Tuesday, August 06, 2013
သြစတြေးလျ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲကို စက်တင်ဘာလ (၇) ရက်နေ့မှာ ကျင်းပတော့ မယ်လို့ ဝန်ကြီးချုပ် Kevin Rudd က ကြေငြာခဲ့ပြီးတဲ့နောက် နိုင်ငံရေးပါတီ တွေဟာ ပထမဦးဆုံး မဲဆွယ်စည်းရုံးရေး ပြုလုပ်တဲ့ ပထမအပါတ်ထဲမှာ သူ့ထက်ကိုယ်သာတဲ့ မူဝါဒတွေ ကို ကြေညာနေ ကြပါတယ်။
ဝန်ကြီး ချုပ် Kevin Rudd ကလဲ အဓိကအားဖြင့် ကျောင်းသွား ကလေးတွေ ကျောင်းပြီးချိန် စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး ရံပုံငွေ သန်းနဲ့ချီ ချပေးမယ်ဆိုတဲ့ အကြောင်း၊ ကားထုတ်လုပ်ရေး လုပ်ငန်း အနေနဲ့ စောစောပိုင်းက ချခဲ့တဲ့မူဝါဒ တွေကြောင် ဒုက္ခရောက်ခဲ့ တာတွေကို ထောက်ပံ့ကူညီမှု တိုးမြှင့် ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ကျောင်းသွားကလေး တွေအတွက် တေးသီချင်းအစီ အစဉ်တွေ၊ အားကစား အစီအစဉ်တွေ၊ အိမ်စာနဲ့ ပတ်သက်ပြီး ကူညီပေး တာတွေ အဲဒါ အပြင် ကျောင်းပိတ်ရက်တွင်း ကလေးတွေ ကို စောင့် ရှောက်မှု တွေ ပါဝင်ပါတယ်။
ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒေါ်လာ သန်း ၂၀၀ ကူညီမယ်လို့လဲ ကြေညာခဲ့ပါတယ်။
ဒီလို ကြေညာတာနဲ့ ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင် Tony Abbot က ဘယ်လိုနေရာတွေမှာ သုံးစွဲမလဲဆိုတာတွေကို တိတိကျကျ မဖေါ်ပြ နိုင်တာကို ထိုးနှက်ပြောဆို ခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံက ဗဟိုဘဏ်တွေ ကလဲ ဒီကနေ့ မှာ အတိုးကို ၂.၅%လျော့ချ ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ ကာလအတွင်း အတိုးနှုန်းပြောင်းလဲမှု တွေဟာ မဲရလဒ်တွေအပေါ် သက်ရောက်မှုရှိတဲ့ ယုံကြည်ချက်တွေကြောင့် ဘဏ်လုပ်ငန်း ထိန်းချုပ်တဲ့ အာဏာပိုင်တွေကတော့ အထွေထွေ ရွေးကောက်ပွဲ ကာလ နဲ့ဘဏ် အတိုးနှုန်း ပြင်ဆင်မှု ဟာ အဆက်အစပ် မရှိဘူးလို့ ပြောပါတယ်။
၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတုန်းက အတိုးနှုန်း တွေတိုး မြှင့်လိုက်တဲ့ အတွက် အိမ်ကြွေးပေး နေသူ အမြောက်အများဟာ ထိခိုက်မှု ရှိခဲ့ ပြီး အခုအခါမှာ အတိုး နှုန်းလျော့ ချပေးတာဟာ အိမ်ကြွေး ပေးနေ သူတွေ အဖို့ သိပ်ပြီး ထူးခြားမှု မရှိတဲ့ အတွက် ဆက်စပ်သက်ဆိုင်မှု မရှိဘူးလို့ ဆိုလိုတာ ဖြစ်တယ် လို့ဆိုပါတယ်။
စက်တင်ဘာလ (၇) ရက်နေ့ နောက်ပိုင်း အစိုးရ အဖြစ် အာဏာယူတဲ့ပါတီက မဲအနဲဆုံး နေရာ ၇၆ နေရာရဖို့ လိုအပ်ပါတယ်။
ကိုယ်စားလှယ်ပေါင်း တဦး ၂ဦးသာ သာခဲ့တဲ့လက်ရှိ အစိုးရ အနေနဲ့ NSW နဲ့ Queensland ပြည်နယ်က မဲဆန္ဒ နယ်မြေ တွေမှာ အနိုင်လုကြရမှာ ဖြစ် ပြီး၊ ဒီလို မဲမသေချာတဲ့ မဲဆန္ဒ နယ်မြေ တွေက အစိုးရအာဏာကို ဘယ်အဖွဲ့က ရသွားမလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ABC Radio Australia
အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (ဝဲ) နှင့် ဝန်ကြီးချုပ် ကယ်ဗင်ရဒ် (ယာ) (Credit: AAP)

No comments:
Post a Comment