Friday, August 9, 2013
ဇွန်ပန်းရုံးအနီး၊ နွံ ထဲ ၌ လည်းဘီးကျွံနေဆဲပါဘဲ့…
ဇွန်ပန်းရုံးအနီး၊ နွံ ထဲ လည်းဘီးကျွံနေသည်
ကူတွန်းပေးကြပါ
လေးလွန်းမတွန်းနိုင်ဘူးလား
သင်ခဲ့ဘူးတဲ့ကဗျာ
ညီညွတ်ရင်ဘာမဆိုဖြစ်
ညီညွတ်ကြဘို့ …ပြောကြရင်း
နှစ်ဆယ့်ငါး၊ ငွေရတု တခု
ထုဆစ်မိလျှက်သား။
ဒီလိုနဲ့ ကျနော်တို့ ဟာ
အချိန်ကြာလာတာနဲ့ အမျှ..
ဝေလေလေတွေဖြစ်..
ဖေါက်ပြန်သူတွေဖြစ်..
မိဘတွေရဲ့ရင်ခွင်ထဲကနေ
တိတ်တဆိတ် ထွက်ခွာလာတဲ့
သားဆိုးဆိုးလေးတွေဖြစ်လို့ ပေါ့။
ဇွန်ပန်းရုံးအနီး၊ နွံ ထဲ လည်းဘီးကျွံနေဆဲပါဘဲ့…
အောင်ငယ်(ဘိတ်)
No comments: