သူ့ အလှည့်ကျတော့ ( အော် .... ယောကျာ်း ယောက်ျား )
=============
တရက် ထောင်ထဲကို ဦးလုံး ဆိုတဲ့ ပုဂ္ဂိုလ် တယောက် ရောက်လာတယ် ...
ရိုက်မှု ဆိုပဲ ... ဦးနဲ့ သမီး ဇာတ်လမ်းမှာ ကောင်မလေး အကိုတွေနဲ့
ရန်ဖြစ်တာ ... သူက ရိုက်ခဲ့လို့တဲ့ ... သူ့မှာ မယားကြီးလည်း ရှိတယ် ဆိုပဲ ...
သူ့ ပြောစကားအရ သူ့မှာ ပီယဆေး ရှိသတဲ့ ... မိန်းမတွေ အကုန် သူ့
ပီယဆေးနဲ့ဆို ကြွေကြတယ် တဲ့ ... ပီယဆေးက တော်တော်စွမ်းတယ် ဆိုပဲ ...
ပီယဆေး ခု ပါလာသေးလား မေးတော့ ... အိမ်မှာ သိမ်းထားခဲ့ သတဲ့ ...
ဒါနဲ့ ရုံးချိန်းနှစ်ခါလောက် သွားပြီး အာမခံနဲ့ လွတ်သွားတယ် ... မကြာဘူး
နောက်ရက် ထောင်ထဲ ပြန်ရောက်လာတယ် ... ဘာမှုနဲ့လဲ ဆိုတော့ ...
လူသတ်မှု တဲ့ ... မယားကြီးကို အုတ်ခဲ နဲ့ ပစ်တာ ... အုတ်ဆက်မှန်လို့
သေရော တဲ့ ... ဒါနဲ့ ဘာလို့များ အဲ့လို လုပ်တာလည်း မေးကြည့်တော့
“ အာ .. ဒီကောင်မဗျာ ... ကျုပ် သိမ်းထားခဲ့တဲ့ ပီယဆေးတွေ့ သွားပြီး
အလုပ်ဖြစ်နေတာ ကိုး ဗျ ” တဲ့ ....။
( မောင်မှိုင်းညို့ - ချောင်းဦး ... ရဲ့ စာတပုဒ်မှ ကောက်နှုတ် ထားပါတယ် )

No comments:
Post a Comment