"အခြေအနေသိပ်မကောင်းဘူး"
-------------------------- ------
အခြေအနေတော့သိပ်မကောင်းဘူး
ဒေါ်စုကွေးနေအောင်ကတာကို
ရွှေမန်းကလက်ခုပ်လက်ဝါးတီးလို့
ခင်ဗျားတို့တွေ့ဘူးပြီ။
အခု၈၈ငွေရတု
အစိုးရနဲ့အဆင်ပြေချင်လွန်းအားကြီးတော့
ရုပ်ရှင်စိန်ရတုလိုဖြစ်သွား ဖို့များတယ်
မင်းသားမင်းသမီးတွေကတီရှပ်ေ ရာင်းပေးမယ်
ကျောင်းသားခေါင်းဆောင်တွေနဲ့ ဓါတ်ပုံတွဲရိုက်လို့ရတယ်ဆိုတာမျိုး။
ဆွယ်တာပဲထိုးထိုး
ကဗျာပဲရေးရေး
လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး
ကျွမ်းကျင်မှုလိုတယ်
ခံစားချက်လိုတယ်
နာကျင်မှုမပါရင်ဘယ်အရာမှမပြီးမြောက်ဘူး။
ရွှေသံလွင်ကသူ့စီးပွားရေးလုပ်ငန်းတွေကို
မင်းသားမင်းသမီးတွေနဲ့မကြော်ငြာတော့ဘူး
ဘောလုံးသမားတွေနဲ့မကြော်ငြာ တော့ဘူး
နိုင်ငံရေးသမားတွေနဲ့ပဲကြော်ငြာတော့တယ်
အခြေအနေကတော့သိပ်ပြီးမကောင်းလှဘူး။
ကျနော်တို့အားလုံးကတိသစ္စာဆိုဘူးကြတယ်
တန်ရာတန်ဖိုးပေးရမယ်မှန်းလဲ သိတယ်
တမိနစ်ငြိမ်ဆိုတဲ့ အကြိမ်အခါများစွာမှာ
အလံဆိုတာထောင်ခဲ့ဘူးရင်
ခြင်ထောင်လိုလုံးထွေးခေါက်သိမ်းလိုက်လို့တော့မဖြစ်ဘူး။
အခြေအနေကတော့သိပ်ပြီးမကောင်းလှဘူး
သူတို့ပေးသလောက်ပဲရလိမ့်မယ်
နောင်အခါလူစုလူဝေးနဲ့ဆူဆူပူ ပူလုပ်ရင်တော့
စစ်တပ်ဆိုတာ……………..
အရင်ကလည်းဒီအတိုင်းဘဲ
အခုလည်းဒီအတိုင်းဘဲ
၂၀၀၈အခြေခံဥပဒေမှာ
မိုးပေါ်ထောင်မဖောက်တဲ့အကြော င်းရေးထားတာ။
မင်းဘာလို့ထွက်ပြေးသလဲ
သူဘာလို့ထောင်ထဲဝင်သလဲဆိုတဲ့ 
မေးခွန်းမျိုးကိုဘဲ
ထပ်ခါထပ်ခါဖြေဆိုနေရတဲ့အတွက်
ဒီကဗျာဟာသိပ်ပြီးအခြေအနေတော့ မကောင်းလှဘူး။
ရှစ်လုံး
August 3,2013
--------------------------
အခြေအနေတော့သိပ်မကောင်းဘူး
ဒေါ်စုကွေးနေအောင်ကတာကို
ရွှေမန်းကလက်ခုပ်လက်ဝါးတီးလိ
ခင်ဗျားတို့တွေ့ဘူးပြီ။
အခု၈၈ငွေရတု
အစိုးရနဲ့အဆင်ပြေချင်လွန်းအ
ရုပ်ရှင်စိန်ရတုလိုဖြစ်သွား
မင်းသားမင်းသမီးတွေကတီရှပ်ေ
ကျောင်းသားခေါင်းဆောင်တွေနဲ
ဆွယ်တာပဲထိုးထိုး
ကဗျာပဲရေးရေး
လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး
ကျွမ်းကျင်မှုလိုတယ်
ခံစားချက်လိုတယ်
နာကျင်မှုမပါရင်ဘယ်အရာမှမပြ
ရွှေသံလွင်ကသူ့စီးပွားရေးလုပ
မင်းသားမင်းသမီးတွေနဲ့မကြော
ဘောလုံးသမားတွေနဲ့မကြော်ငြာ
နိုင်ငံရေးသမားတွေနဲ့ပဲကြော
အခြေအနေကတော့သိပ်ပြီးမကောင်
ကျနော်တို့အားလုံးကတိသစ္စာဆိ
တန်ရာတန်ဖိုးပေးရမယ်မှန်းလဲ
တမိနစ်ငြိမ်ဆိုတဲ့ အကြိမ်အခါများစွာမှာ
အလံဆိုတာထောင်ခဲ့ဘူးရင်
ခြင်ထောင်လိုလုံးထွေးခေါက်သ
အခြေအနေကတော့သိပ်ပြီးမကောင်
သူတို့ပေးသလောက်ပဲရလိမ့်မယ်
နောင်အခါလူစုလူဝေးနဲ့ဆူဆူပူ
စစ်တပ်ဆိုတာ……………..
အရင်ကလည်းဒီအတိုင်းဘဲ
အခုလည်းဒီအတိုင်းဘဲ
၂၀၀၈အခြေခံဥပဒေမှာ
မိုးပေါ်ထောင်မဖောက်တဲ့အကြော
မင်းဘာလို့ထွက်ပြေးသလဲ
သူဘာလို့ထောင်ထဲဝင်သလဲဆိုတဲ
မေးခွန်းမျိုးကိုဘဲ
ထပ်ခါထပ်ခါဖြေဆိုနေရတဲ့အတွက
ဒီကဗျာဟာသိပ်ပြီးအခြေအနေတော
ရှစ်လုံး
August 3,2013
No comments:
Post a Comment