~~~~~~
သမိုင်းတစ်ခုလုံး
ကုန်းရုန်းထလာတဲ့
ရှစ်လေးလုံး
လင်သေ သားဆုံး
အမှောင်ဖုံးခဲ့။
မာန အမှောင်
အတ္တ အမှောင်
လောဘ အမှောင်
မောဟ အမှောင်
အမှောင်ဇတ်သွင်း
သားသတ်မင်းတို့ရဲ့ ခေတ်
အမှေင်ဆုံးဖြစ်ခဲ့တယ်။
လက်နက်အားကိုး
စောက်မနက်ဥာဏ်ဆိုးတွေ
အနာဂါတ်ကို မိုး
လောင်းရိပ်ထိုးခဲ့တယ်။
ဒီအမှောင်ကို ခွင်းဘို့
လောင်းရိပ်ကို ရှင်းဘို့
အပ်နှင်းခဲ့ရတဲ့ ဘဝတွေ
ဒီနေ့ ဒီရက် ဒီကာလအတွင်း
ရင်းခဲ့ရတယ် ။
ဒေါင်းမျိုးဆက်တွေ စတဲ့ပွဲ
ရဟန်း ရှင် လူ အတူနွဲခဲ့
ချွေးအတူ ကျတဲ့ပွဲ
ဘဝအတူ ကျတဲ့ပွဲ
သွေးအတူ ကျတဲ့ပွဲလေ
တစ်ကမ္ဘာလုံး ငေးကြည့်ခဲ့ရ
အာဏာရှင် နိုင်ငံအားလုံး
ချောက်ခြားသွားခဲ့ရ ။
ဒီအတိတ်
ဒီအရိပ်ကို
ကာပိတ်သူက ပိတ်
ဖိကြိတ်သူက ကြိတ်လည်း
ဒီအရိပ်
ဒီအတိတ်ဟာ
တိတ်ဆိတ် မနေခဲ့
အံကြိတ်ကာနေခဲ့တယ် ။
ပြန်တွေးတိုင်း----
တစစ်စစ် နာကျင်တုန်း
ရစ်ဝဲမျက်ရည်ဖုံးတုန်း
အဲ့ဒါ ---
ရှစ်လေးလုံး ။
သစ္စာ
(3-8-2013)

No comments:
Post a Comment