Saturday, August 3, 2013

ထိုင်းဘတ်ဈေး ဆက်ကျနိုင်


ရန်ကုန်၊ သြဂုတ် ၂

မြန်မာ-ထိုင်းနယ်စပ်တွင် မြန်မာငွေဈေး မာနေသောကြောင့် ထိုင်းဘတ်ဈေး ဆက်လက်ကျဆင်းဦးမည် ဖြစ်ကြောင်း နယ်စပ်ငွေလဲ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လလယ်က ကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၃၁၁၀ ဈေးပေါက်ရာမှ သြဂုတ်လ ၂ ရက်နေ့ပေါက်ဈေးမှာ ကျပ်တစ်သိန်းလျှင် ဘတ် ၃၂၀၀ ဖြစ်သောကြောင့် ကျပ်ငွေနှင့် ဘတ်လဲလှယ်ရာတွင် ဘတ်တန်ဖိုး ကျဆင်းသွားကြောင်း နယ်စပ် ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုရက်သတ္တတစ်ပတ်အတွင်း ထိုင်းဘတ်ဈေး ကျဆင်းနေခြင်း ဖြစ်ပြီး ယခုထက်ပို၍ ထပ်ကျနိုင်ကြောင်း တာချီလိတ်မြို့မှ ပြင်ပငွေလဲလှယ်ရေး လုပ်ကိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့်ရက်များက မိုးများသောကြောင့် ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် အေးသော်လည်း ယခုရက်ပိုင်းတွင် ရာသီဥတု အနည်းငယ် ပြန်ကောင်းလာသောကြောင့် အရောင်းအဝယ် လိုက်လာကြောင်း ၎င်းကပြောဆိုသည်။

“ဈေးကွက်ထဲမှာ ထိုင်းဘတ် (ကျပ်) သိန်းငါးဆယ်၊ ခြောက်ဆယ်လောက် အထိ ဝယ်စုတဲ့သူ ရှိတယ်” ဟု ၎င်းကဆိုသည်။

No comments: