Tuesday, April 10, 2012

၎/ ၁၀/ ၂၀၁၂ သတင်း များ




Posted: 09 Apr 2012 11:04 PM PDT
Posted: 09 Apr 2012 11:22 AM PDT
 ကော့မှူးမြို့ ၊ အမေ့အလင်းရောင်(ပညာဒါန) ကျောင်းဆောင်သစ်ဖွင့်ပွဲ (၈.၄.၁၂)


အလှူရှင်များအားလုံး သာဓုခေါ်ပါရန်။

;ကော့မှူးမြို့ ၊ အမေ့အလင်းရောင်(ပညာဒါန)ကျောင်းလေးဟာ 
မူလတန်းမှ အလယ်တန်းထိ ကျောင်းသား ကျောင်းသူပေါင်း(၁၂၁) ယောက်ကို စေတနာဆရာ (၁၃) ယောက်တို့ဖြင့် 
(၂၀၁၁- ၂၀၁၂)ပညာသင်နှစ်အတွက် သင်ကြားပြသ ပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ကျောင်းတာဝန်ခံ ဒေါ်သန်းလှ၏ ကိုယ်ပိုင်မြေကွက်အား
 ကျောင်းဆောက်လုပ်ရန် လှူဒါန်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏
 စုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်သိန်း(၅၀)ခန့်ဖြင့် ကျောင်းဆောင် သစ်ကို ဆောက်လုပ်ခဲ့ရာ အောင်မြင်စွာပြီးစီးခဲ့ပါပြီ။

ကျောင်းဆောင်သစ်ဖွင့်ပွဲကို ( ၈.၄.၁၂ )တနင်္ဂနွေနေ့ က 
ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တောင်တွင်းကြီးမြို့နယ်၊
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊
 ကျောင်းကော်မတီဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ
 တက်ရောက် ဖွင့်လှစ်ခဲ့ကြပါသည်။

ကျောင်းဆောင်သစ် အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့သော်လည်း စာရေးစားပွဲ နှင့် ထိုင်ခုံအစုံ (၄၀)ခန့် 
လိုအပ်လျှက် ရှိနေပါသေးသည်။ တစ်စုံလျှင် သစ်ဖိုးနှင့် လက်ခအပြီး (၃၀၀၀၀) ကျပ်ကုန်ကျမည်
 ဖြစ်ပါသည်။ အလှူရှင်များ စေတနာ တတ်အားသ၍ ပါဝင် လှူဒါန်းနိုင်ပါသည်။


(၂၀၁၂- ၁၃) ပညာသင်နှစ် အတွက်လည်း ကျောင်းသားသစ်များကို စတင်လက်ခံနေပါပြီ။


ကျောင်းလိပ်စာ
အမေ့အလင်းရောင်(ပညာဒါန)ကျောင်း
ဆုတောင်ပြည့်ဘုရားလမ်း
ဘုရားလမ်းရပ်ကွက်၊ ကော့မှူးမြို့ ။


ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်
Posted: 10 Apr 2012 04:53 AM PDT
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum ခေါ် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီနာဇီရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်း အထိမ်းအမှတ်ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Elie Wiesel Award ချီးမြှင့်မည့် Holocaust Memorial Museum ၏ web site ၌ ဖော်ပြထားပုံဖြစ်ပါသည်။
Elie Wiesel Award ဆိုတဲ့ အဲဒီဂုဏ်ထူးဆောင်ဆုကို ပြတိုက်တည်ထောင်သူ တစ်ဦးဖြစ်သူ Mr. Elie Wiesel ကိုယ်တိုင် ဧပြီ ၁၈ ရက် Holocaust အမှတ်တရနေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
“ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ရင်ဆိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်သတ္တိဟာ စံနမူနာယူစရာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် အခုလောက် ကာလကြာရှည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးဟာ ရှားပါးလှပါတယ်” လို့ ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ Mr. Wiesel က ဖော်ပြခဲ့ပါတယ်။
Mr. Elie Wiesel ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တစ်ဦး ဖြစ်တဲ့အပြင် ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်နိုင်မှာ မဟုတ်ပေမဲ့ ဗီဒီယိုကတစ်ဆင့် နှုတ်ခွန်းဆက်စကားပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

RFA

ယူနိုက်တက် အမရာ ဘဏ်ဝန်ထမ်းများ ဆုကြေးငွေအရနည်း၍ နှုတ်ထွက်စာတင်
Posted: 10 Apr 2012 04:01 AM PDT
(၁၀.၄.၂၀၁၂)

ကြံ့ခိုင်ရေးပါတီဗဟိုကော်မတီအတွင်းရေးမှူး ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့်  ယူနိုက်တက် အမရာဘဏ်မှ ၀န်ထမ်းများသည် ၂၀၁၂၊ ဧပြီလ၊ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့် ဆုကြေးငွေ အရနည်းသည့်ကိစ္စအပေါ် မကျေနပ်၍ နှုတ်ထွက်စာများ အပြိုင်တင်နေကြကြောင်း CJMyanmar က သတင်းရရှိသည်။


မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တိုင်းသည် ၄င်းတို့၏ ၀န်ထမ်းများအား ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်တိုင်း ဆုကြေးငွေချီးမြှင့်ကြလေ့ရှိသည်။ ဆုကြေးငွေကို ၀န်ထမ်းတစ်ဦးစီရရှိသည့် လစာနှုန်းထား၏ ၂ ဆ မှ အဆ ၁၀ ခန့်ထိ ပေးလေ့ရှိကြသည်။ ဥပမာ - တစ်လ ကျပ် ၅ သောင်းရရှိသော ၀န်ထမ်းတစ်ဦးအဖို့ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်သည့်အခါ အဆိုပါ ကျပ် ၅ သောင်း၏ ၂ ဆ ဆိုလျှင် ဆုကြေးငွေ ကျပ် ၁ သိန်းရရှိမည်ဖြစ်သည်။ ၁၀ ဆ ဆိုလျှင် ကျပ် ၅ သိန်း ရရှိပါလိမ့်မည်။


ယခု ၂၀၁၂၊ ဧပြီလ၊ ဘဏ္ဍာရေးနှစ်တစ်နှစ်ပြည့်တွင်လည်း အခြား ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ရတနာပုံဘဏ်က ၄င်းတို့၏ ၀န်ထမ်းများအား ဆုကြေးငွေအဖြစ် လစာ၏ ၁၀ ဆ နှုန်းဖြင့် တွက်ကာ ပေးမည်ဖြစ်ကြောင်းကြားသိရသည်။ အခြားသော ပုဂ္ဂလိကဘဏ်များကလည်း ၂ ဆ မှ ၁၀ ဆ ကြား ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။


ယင်းကဲ့သို့ အခြားပုဂ္ဂလိကဘဏ်များက အဆများစွာ ဆုကြေးငွေ ချီးမြှင့်နေသည့်အချိန်တွင် ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်သည့် ယူနိုက်တက် အမရာဘဏ်က ၄င်းတို့၏ ၀န်ထမ်းများအား ဆုကြေးငွေအဖြစ် လစာ၏ (၀.၅) ရာခိုင်နှုန်းဖြင့်သာ ပေးမည်ဆိုသောကြောင့် ယူနိုက်တက် အမရာဘဏ်မှ ၀န်ထမ်းအများစု အလုပ်နှုတ်ထွက်စာများ အသီးသီးတင်နေလျက်ရှိကြပြီး ယခုအခါ ယင်းဘဏ်တာဝန်ရှိသူများနှင့် ၀န်ထမ်းများအကြား ဆုကြေးငွေကိစ္စနှင့် နှုတ်ထွက်စာများပြဿနာကို ညှိနှိုင်းလျက်ရှိနေကြောင်း CJMyanmar မှ သတင်းရရှိပါသည်။


CJMyanmar
ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်
Posted: 10 Apr 2012 03:32 AM PDT
ပူပြင်းသော ရာသီတွင် အရက်၊ ဘီယာများသောက်သုံးခြင်းသည် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်သည့်အတွက်  အရက်၊ဘီယာများ သောက်သုံးခြင်းကို ရှောင်သင့်ကြောင်း ကျမ်းမာရေးဝန်ထမ်းများက ဆိုသည်။   
 
“ အရက်တွေ ဘီယာတွေက ခန္ဒာကိုယ်တွင်းကို ပူစေပါတယ်။ အရက်သေစာသောက်စားထားတဲ့အထဲ ရာသီအပူချိန်တွေမြင့်တက်လာပြီး  ဦးနှောက်သွေးကြောပြတ်တာတွေ၊ ဦးနှောက်ရောင် ရမ်းတာတွေ ဖြစ်နိုင်ပါတယ် ဒါ့ကြောင့် တတ်နိုင်ရင်  ပူပြင်းတဲ့နေ့လည်ပိုင်းအချိန်မှာအရက်သေစာ တွေကို သောက်စားပြီး ရေပက်ခံမထွက်သင့်ပါဘူး” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှအထွေထွေရောဂါကုဆရာဝန် ဒေါ်စန်းသီတာအောင်က ပြောသည်။     
 
သင်္ကြန်ကာလတွင် အရက်၊ ဘီယာများသောက်သုံးမှုသည် ဦးနှောက်နှင့်ဆိုင်သော ရောဂါများဖြစ်ပေါ် စေနိုင်သောကြောင့် အရက်၊ဘီယာ ရောင်းချမှုများအား တားမြစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။  
 
အရက်၊ ဘီယာများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချခြင်း၊ ရေကစားမဏ္ဍပ်များအနီးနှင့် အခြားနေရာများတွင် တရားမ၀င်ရောင်းချမှုများမပြုလုပ်ရန် တားမြစ်ကြောင်းကို ဧပြီလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။  
 
“ဒါက ဥပဒေရှိပြီးသားတော့ မဟုတ်ပါဘူး ။ သင်္ကြန်ကာလမှာ  ဒေသန္တာရနဲ့ အာဏာပိုင်အဖွဲ့ရဲ့  ထုတ်ပြန်ထား တဲ့ စည်းကမ်းချက်ပါ။ အရက်၊ဘီယာတွေ တရားမ၀င်ရောင်းချတာတွေကို လိုက်လံတားမြစ်ပြီးတော့ အဲ့ဒီ အရက်၊ဘီယာတွေအပြင် မူးယစ်ဆေးဝါးတွေပါ ပါလာရင်တော့ ထိရောက်စွာ အရေးယူသွားမှာပါ။ပြီးတော့ သင်္ကြန်ရက်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မူးယစ်ရမ်းကားမှုတွေကိုတော့  ထိန်းချုပ်မှုတွေ ပြုလုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးဌာနမှ ဦးစောသိန်းဝင်းက ပြောသည်။  
 
အရက်နှင့် ဘီယာများမှာ သင်္ကြန်ကာလတွင် အမျိုးသားများသာမက အမျိုးသမီး ၊လူငယ်လူရွယ်များပါ သောက်သုံးလာကြကြောင်းသိရှိရသည်။   

ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 10 Apr, 2012

မနန်းဝိုးဖန်း သေဆုံးမှု အမှုဖွင့်မရဖြစ်နေ (ရုပ်/သံ)
Posted: 10 Apr 2012 03:22 AM PDT

ရန်ကုန်မြို့ရှိ အထူးစုံစမ်းစစ်ဆေးရုံးပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုင်ချက်ဖွင့် တိုင်ကြားလို့ မရဖြစ်နေပါတယ်။ ဒီအကြောင်း ဒီဗွီဘီသတင်းထောက် ဦးအံ့ဘုန်းမြတ်က သတင်း ပေးပို့ထားပါတယ်။
ဒီဗွီဘီ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်အား တာဝန်များ လွှဲအပ်
Posted: 10 Apr 2012 03:08 AM PDT
ဧပြီလ (၁၀)ရက် နေ့လည် ၁၂ နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင်သစ်အား လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့သည်။ အလုပ် အမှုဆောင်သစ်အား လွှဲအပ်ပြီးနောက် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်း “စာနယ်ဇင်းအဖွဲ့များက တကယ်ကို အင်နဲ့အားနဲ့ ကူညီခဲ့ပါတယ်။ လုပ်ဆောင်မှု၊ လှုပ်ရှားမှုတွေကို အများပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။ တစ်ယောက်တည်း လုပ်လို့ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်လောကသား ၄၀၀၀ ကျော် ၀ိုင်းဝန်းလုပ်ဆောင် ကြရမှာပါ။ ယုံကြည်မှုနဲ့ သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုဖြစ် ဖို့အတွက် ကြိုးစားခဲ့ရတယ်။ ကိုယ့်လောက မြှင့်တင်ဖို့အတွက် ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နယ်ပယ် အသီးသီးနဲ့ ပူးပေါင်း လုပ်ဆောင် သွားမှာပါ။ စာနယ်ဇင်းဆရာများက အစားချိန်အစား၊ အအိပ်ချိန် အအိပ် ကြည့်ရှုစောင့်ရှောက် ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုမျိုး(မြန်မာစာ) ကိုဆို မှတ်မှတ်ရရ ရုပ်ရှင် အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဆိုပြီး နာမည်ခံပေး ခဲ့တယ်။ ဒီနာမည်ကို အမြတ်တနိုး တန်ဖိုးထားသုံးစွဲခဲ့ပါ တယ်”လို့ ပြောကြားခဲ့သည်။ ထို့နောက် စာနယ်ဇင်းများ က သိလိုသမျှကို မေးမြန်းခဲ့ကြသည်။
 Popular Myanmar News Journal
ရေတွင်းသန့်ရှင်းရေးလုပ်စဉ် အောက်ဆီဂျင်ပြတ်၍ ရဟန်းတစ်ပါးပျံလွန်ပြီး လူတစ်ဦးကွယ်လွန်
Posted: 10 Apr 2012 02:59 AM PDT
နိုင်ကြီး(ကသာ)
ကသာ၊ ဧပြီ - ၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ၂၇ ပေနက်သော ရေတွင်းအား ဆယ်ယူသန့်ရှင်းကြရာမှ အောက်
ဆီဂျင်ပြတ်လပ်၍ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်တော်မူပြီး လူတစ်ဦးကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နွေရာသီကာလရောက်ပြီဖြစ်၍ ဧပြီလ ၁ရက် တွင် ရေတွင်းအတွင်း၌ ရေနည်းလာပြီဖြစ်သောကြောင့် အမှိုက်များ ဆယ်ယူသန့်ရှင်းခြင်း၊ ရေထွက်ပေါက် များအား ကောင်းမွန်လာစေရန်အတွက် ကုသိုလ်ဖြစ်ကူညီပေးကြသူ ကိုအောင်လွင်နှင့် ဦးပဉ္ဇင်း ဦးစန္ဒောတို့နှစ်ဦးရေတွင်းထဲ အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ကြုံတွေ့ ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်တွင် ကသာမြို့နယ်၊ ပေါမမြိုင် ကျေးရွာဘုန်းတော်ကြီးကျောင်း အနောက်ဘက် ၂၇ ပေအနက်ရှိသော ရေတွင်းအား ပြန်လည်တူးဖော်ဆယ်ယူသန့်ရှင်းကြရာ ဟွန်ဒါလက်ဆွဲရေစုပ်စက်ငယ်အား ရေတွင်းထဲသို့ ထည့်သွင်းပြီး ရေကို စုပ်ထုတ်ခဲ့ကြသည်ဟုဆိုသည်။
ရေခန်းချိန်တွင် ပေါမမြိုင် ကျေးရွာတွင်နေထိုင်သူ ကိုအောင်လွင်က တွင်းထဲဆင်း၍ အောက်ခြေကိုသန့်ရှင်းခြင်း၊ အမှိုက်များဆယ်ယူခြင်းတို့ကို လုပ်ဆောင်ပေးစဉ် ၁၀ မိနစ်အကြာ ရေတွင်းအောက်ခြေ၌ မှောက်ခုံလဲကျသွားခဲ့သည်။ ၎င်းအားကူညီကယ်ဆယ်ရန် ထိုကျောင်းမှ ဦးပဉ္ဇင်း ဦးစန္ဒောက ရေတွင်းထဲသို့ ဆင်းသက်ပြီး သတိလစ်လဲကျသွားသူ ကိုအောင်လွင်ကို ရေတွင်းပေါ်သို့ ရောက်ရှိသွားစေရန် ကယ်ဆယ်နေချိန်အတွင်း ဦးပဉ္ဇင်း ဦးစန္ဒောပါ ရေတွင်း နံရံကို မှီပြီးလဲကျသွားခဲ့သည်။

ကိုအောင်လွင်နှင့် ဦးပဉ္ဇင်း ဦးစန္ဒောတို့အား ကူညီကယ်ဆယ် ရန်အတွက် ဦးတင်ထွန်းမင်း၊ ကိုဝင်းမင်း၊ ကိုထွန်းမြင့်၊ ကိုဖိုးသေးတို့က ကြိုးပမ်းခဲ့ကြသည်။ ကနဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သတိလစ်လဲကျခဲ့သူများဖြစ်ကြသော ကိုအောင်လွင်နှင့် ဦးပဉ္ဇင်း ဦးစန္ဒောတို့အား ကသာခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြရာ ဆေးရုံကြီးရောက်ချိန်တွင် အသက်မရှိတော့ဟု ဆိုသည်။ ထိုဖြစ်ရပ်ကို သုံးသပ်ပြောဆိုကြရာ ရေတွင်းအတွင်း အင်ဂျင်ကိုထည့်သွင်း၍ မောင်းနှင် ရေစုပ်ထုတ်သော ကြောင့် မီးခိုးငွေ့များ ရှူရှိုက်မိကာ ဤကဲ့သို့ဖြစ်ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကသာရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စောစိုးမိုးက (ပ)၄/၂၀၁၂ သေမှုသေခင်းဖြစ်စဉ်အရ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
 7Day News Journal
အမေရိကန်အမတ်နှင့် အန်အယ်လ်ဒီ နာယက တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်း
Posted: 10 Apr 2012 02:54 AM PDT
မစ္စတာ ဂျင်ဝက်ဘ် နှင့် ဦးတင်ဦး
မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦးတို့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

နှစ်ဖက် တွေ့ဆုံဖို့ ဒီနေ့ ချိန်းဆိုထားပေမယ့် မစ္စတာ ဂျင်ဝက်ဘ်က မအား လပ်တဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဦးဥာဏ်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ ဒီနေ့မနက်ပိုင်းက ပဲခူးမြို့ကို သွားရောက်ပြီး ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာသွားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောပါတယ်။


မစ္စတာ ဂျင်ဝက်ဘ်ဟာ ဧပြီ ၉ ရက်နေ့တုန်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်း နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပက်သက်လို့ ဆွေးနွေးခဲ့ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။


ဂျင်ဝက်ဘ်ရဲ့ အခုခရီးစဉ်နဲ့ ပက်သက်ပြီး ဧပြီ ၁၁ ရက်နေ့မှာ  သတင်း စာရှင်းလင်းပွဲကို အမေရိကန်သံရုံးတွင် ပြုလုပ်မှာ ဖြစ်ပါတယ်


ဒီဗွီဘီ
မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို
Posted: 10 Apr 2012 02:50 AM PDT
မိုးသက်လေပြင်းကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကို သတိထားရန်လို
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် တစ်ပတ်အတွင်း နေ့စဉ်မိုးရွာနိုင် ...

အောင်သူရ
ရန်ကုန်၊ ဧပြီ - ၉

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် နောက်တစ်ပတ်
အတွင်း နေ့စဉ်လိုလိုမိုးရွာသွန်းမှုဖြစ်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကဧပြီ ၉ ရက်နံနက်တွင် ပြောသည်။

မိုးရွာခြင်းနှင့်အတူ မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းခြင်း (နေရာကွက်၍ မိုးကြီးခြင်း) လေပြင်းတိုက်ခိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိထားကြရန် ဦးထွန်းလွင်က သတိပေးပြောကြားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးတိမ်တောင်များကြောင့် အင်းလေးဒေသ၊ ပြင်ဦးလွင်၊ မန္တလေး နှင့်မုံရွာဒေသတို့တွင် မိုးရွာသွန်း ခြင်း၊ မိုးသီးကြွေခြင်းနှင့် အချို့နေရာများ၌ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး အပျက်အစီးအချို့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ထို့ကြောင့် ကချင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းတို့တွင် ဧပြီ ၉ ရက်မှ ၁၀ ရက်အထိ မိုးရွာသွန်းနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းထိရှိပြီး ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်းတို့၌ ရွာရန်ရာခိုင်နှုန်း ၅၀ မှ ၈၀ ထိရှိနိုင်သည်။

“အောက်ပိုင်းဒေသတွေကတော့ ဒီတစ်ရက်၊နှစ်ရက်ပဲ သတိထားရမှာ အထက်ပိုင်းနဲ့အလယ် ပိုင်းကတော့ မိုးတိမ်တောင် အန္တရာယ်ကို တစ်ပတ်လုံးသတိထား စေချင်တယ်”ဟု ဦးထွန်းလွင်က ဆိုသည်။ ထို့အပြင် မကြာမီကျရောက်တော့မည့် မိုးကြိုကာလဖြစ်သော ဧပြီ ၁၅ ရက်မှ မေလကုန်အတွင်း မြန်မာနိုင်ငံသို့ နှစ်စဉ်လိုလို မုန်တိုင်းဝင်ရောက်လေ့ရှိသဖြင့် မုန်တိုင်းအန္တရာယ်ကိုသတိထားရတော့မည်ဖြစ်သည်။
7Day News Journal
ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားအတွက် ရွေးချယ်ထားသူများကို ဒုတိယ အဆင့်လူတွေ့စစ်ဆေး
Posted: 10 Apr 2012 02:45 AM PDT
ပထမအဆင့် ရွေးချယ်ခံထားရသည့် ဗိုလ်ချုပ် ဇာတ်ရုပ် သရုပ်ဆောင် ၁၃ယောက်
ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် ပထမအဆင့် ရွေးချယ်ခဲ့ပြီးတဲ့ ၁၄ဦးအား ဒုတိယအဆင့် လူတွေ့စစ်ဆေးခြင်းကိုတော့ ဧပြီလ ၇ ရက် နေ့၊ မနက် ၁ဝနာရီက ဓမ္မစေတီလမ်းရှိ ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာပြုလုပ်ခဲ့ပါတယ်။ ၁၄ ယောက်မှာ တစ်ယောက်က လာရောက်ခြင်းမရှိလို့  ၁၃ ယောက်ကိုပဲ ဒုတိယအဆင့် လူတွေ့စစ် ဆေးခဲ့ကြပါတယ်။ ဒုတိယ အဆင့်လူတွေ့ စစ်ဆေးခြင်းကို ဦးညွန့်ဝင်း၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ ဆရာချစ်ဦးညို၊ အောင်လွင်၊ ဇင်ဝိုင်း၊ လူမင်း၊ ဝေဠုေ ကျာ်၊ ဆွေဇင်ထိုက်၊ ဒါရိုက်တာအိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့က သရုပ်ဆောင်တစ်ဦးလျှင် မေးခွန်း ၃ခု စီမေးမြန်းခဲ့ကြပါတယ်။ ပထမဆုံး မေးခွန်းက တော့ မိမိရဲ့ကိုယ်ရေးရာဇဝင်ကို  ၂ မိနစ် အတွင်း ဟန်ပန်အမူအရာတွေနဲ့ စိတ်ဝင် စားဖွယ်ဖြစ်အောင်ပြောခြင်း၊ ဒုတိယ မေးခွန်း ကတော့ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး သူတို့ရင်ထဲ မှာရှိတဲ့ အကြောင်းအရာတစ်ခုခုကို ၂မိနစ် အတွင်းပြောခြင်း၊ တတိယမေးခွန်းကတော့ မိမိဖြတ်သန်းလာခဲ့တဲ့တစ်လျှောက်မှာကြုံ တွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာ (သို့) ဝမ်းသာ စရာအဖြစ်အပျက်တွေကို ကိုယ်ဟန်အမူ အရာနဲ့ပြောခြင်းစသည့် အချက်တွေကို ကြည့်ပြီးအမှတ်များကို ပေးခြင်းဖြစ်ကြောင်း၊ သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့ မှ ဇင်ဝိုင်းက ပြောပါတယ်။ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသ လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပြီးတော့ အမှတ် ပေးမှာဖြစ်ပြီး မေးခွန်း ၃ ခုစလုံးရဲ့ အမှတ် ပေါင်းကိုပဲယူမှာဖြစ်ေ ကြာင်း သိရပါတယ်။ “အဓိကကတော့ ဗိုလ်ချုပ်နေရာသရုပ် ဆောင်ရမှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသလဲဆိုတဲ့အပေါ်မှာမူတည် ပြီးပဲ အမှတ်ပေးပါတ ယ်။ နောက် သူ့ရဲ့ သရုပ်ဆောင်မှု၊ အမူအရာပိုင်းပေါ့။ သူသရုပ် ဆောင်သွားတဲ့အမူအရာပိုင်းကိုကြည့်ပြီး ကျွန်တော်တို့ကအကဲဖြတ်ပြီး အမှတ်ပေးပါ တယ်။သူ့ရဲ့ကဏ္ဍ အလိုက်ပေါ့။ ရုပ်ရည်ဆို ၁မှတ်ကနေ ၅မှတ်၊ အသံဆိုရင် ၁ မှတ်က နေ ၅မှတ်၊ ဟန်ပန်အမူအရာဆိုရင် ၁ မှတ်က နေ ၅မှတ်၊ အဲဒီလိုမျိုးပဲသွားပါတယ်။ ဒီဒုတိ ယအဆင့် လူတွေ့စစ်ဆေးမှုမှာတော့  ၁၃ ယောက်ထဲကနေ ကျွန်တော်တို့ ရသ လောက် ရွေးပါမယ်။ ရသလောက်ရွေးထားတဲ့ လူတွေထဲကနေ နောက်ဖိုင်နယ်အဆင့် ၃ဦးကို   ရွေးမှာပါ”လို့ပြောပါတယ်။ အဆိုပါ ဒုတိယအဆင့်  လူတွေ့စစ်ဆေးတဲ့ ၁၃ဦး ထဲမှာ ပါဝင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်မှ မောင်ကျောက်ခဲကို လူတွေ့စစ်ဆေး အပြီး ဗိုလ် ချုပ်ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မေးမြန်းရာမေးခွန်းမှန် သမျှကို ကျွန်တော်ကြိုးစား ပြီးဖြေခဲ့ပါတယ်။ ပြည့်စုံချင်မှတော့ ပြည့်စုံ မယ်ပေါ့။ ဒါပေမဲ့   ဖြေတာ၊ မဖြေတာထက် ဒီအပေါ်မှာ ခံစားမှုလိုပါတယ်။ ဒီဇာတ်ကား  မှာ ဘယှ်နခအငသည ကပဲဖြစ်ဖြစ်၊ ဘယ်အပိုင်း ကပဲဖြစ်ဖြစ် ကျွန်တော့်ကိုသုံးသွားမယ်ဆို ရင် တောင် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ်ကားလေး အတွက် ကူညီလိုက်ရတယ်ဆိုပြီး ကျွန်တော် ကျေနပ်ပြီးပြန်သွားမှာပါ။ ဘယ်လိုအပိုင်းမှာ ပဲဖြစ်ဖြစ် ကျွန်တော် တာဝန်ေ ကျအောင်လုပ် မယ်လို့ ဆုံးဖြတ်ထားတယ်။ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ရိုက်မယ်ဆိုကတည်းက ကျွန် တော် တအားစိတ်လှုပ်ရှားခဲ့တာပါ။ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိကို ကိုယ့် လက်နဲ့ကိုယ်တိုင်ရေးတာ မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ ကျွန်တော်အထူးပြုပါမယ်လို့ ပြောချင်ပါ တယ်”လို့ ဆိုပါတယ်။ ဒုတိယအဆင့် လူတွေ့ စစ်ဆေးမှု မှ ရွေးချယ်ခံရတဲ့လူစာရင်းကိုတော့ မကြာမီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
လင်းအက္ခရာ (ပေါ်ပြူလာဂျာနယ်)
အကျင့်ပျက်လာဘ်စားနေသော်လည်း နေရာမြဲနေသော လ၀က တိုင်းဦးစီးမှူး
Posted: 10 Apr 2012 02:37 AM PDT
လ၀က တိုင်းဦးစီးမှူး
 အကျင့်ပျက်လာဘ်စားနေသော်လည်း ၀န်ကြီးများ၏ အကာအကွယ်ပေးမှုကြောင့် နေရာမြဲနေသော လ၀က တိုင်းဦးစီးမှူး အကြောင်း------
အဖိနှိပ်ခံ ရန်ကုန်တိုင်း လ၀က ၀န်ထမ်းများ၏ ခံစားချက်များကို ပေးပို့ခြင်းဖြစ်ပါသည်။
                                                   
          လေးစားစွာဖြင့်

          တာဝန်သိဝန်ထမ်းတစ်ဦး
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ သားရေစက်ရုံတွင် မီးလောင်းကျွမ်းမှု ဖြစ်ပွား
Posted: 10 Apr 2012 02:21 AM PDT
မင်းမင်းလတ်(မြစ်မခ-မန္တလေး)
by Myit Makha Mediagroup on 10 Apr, 2012
၂၀၁၂ ခုနှစ် ဧပြီလ ၁၀ရက်နေ့ နံနက်(၄)နာရီအချိန်က မန္တလေးမြို့
ပြည်ကြီးတံခွန်မြို့နယ် ၊  တံခွန်တိုင် ကမ္မ၀ါတန်းရှိ
သားရေစက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုသည်ဖိနပ်အောက်ခံသာရေးကရစ်စများထားသောစက်ရုံဖြစ်ပြီး
ဖိုက်ဘာစများပုံထားရာမှအပူများပြီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
မန္တလေးဗဟိုမီးသတ်သတင်းမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ပေနှစ်ဆယ် ပေသုံးဆယ်
နံကပ်သွပ်မိုးအဆောက်အဦးတစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ
ခုနှစ်သိန်းခွဲ ဆုံးရှုံးမှုရှိကြောင်းသိရသည်။

မီးလောင်ရာနေရာသို့ မီးသတ်ယဉ်ဆယ်စီးခန့်ရောက်ရှိလာပြီး
နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
“ မီးလောင်တာကိုတော့ ချက်ချင်းမသိကြဘူး ၊ သူတို့ အလုပ်သမားတွေနဲ့
ဝိုင်းငြိမ်းနေကြတာ ၊ မနိုင်တော့မှ ပတ်ဝန်းကျင်ကသိတာ ၊ အဲဒီအချိန်က
ကျနော်လဲ နိုးနေတဲ့အချိန်ဆိုတော့ ၀ိုင်းငြိမ်းပေးလိုက်နိုင်တယ် ” ဟု
အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
မွန်ပြည်သစ်ဥက္ကဌက အကျဉ်းသားမလွှတ်ပေးသ၍ မော်လမြိုင်သို့မလာ ဟုဆို
Posted: 10 Apr 2012 02:02 AM PDT
ဧပြီ ၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)

မွန်ပြည်သစ်ပါတီမှ ဥက္ကဌ နိုင်ထောမွန်က ၎င်း တို့ပါတီမှ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားနှစ်ဦးမလွတ်မြောက် သေးသမျှ မွန်ပြည်နယ်ဧ။်မြို့တော်ဖြစ်သော မော်လမြိုင်သို့ မလာနိုင်သေးဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ နိုင်စိုးမြင့်က ပြောသည်။


“ပြီးခဲ့တဲ့ အပတ်က ဥက္ကဋ္ဌက ရေးမြို့နယ်ဘက်ကိုဘုန်းကြီးပျံ ပွဲလာတယ်၊အဲဒါ မော်လမြိုင်မြို့တော်ကို လာဖို့ ခေါ်တော့ သူမလာချင်သေးဘူးတဲ့ ၊ထောင်ကျနေတဲ့သူ့အဖွဲ့ဝင်တွေ မလွတ်သေးတော့ လူထုကို မျက်နှာပူတယ်တဲ့ သူ့အဖွဲ့ဝင်တွေ လွတ်မှလာမယ်လို့ ပြောတယ်”ဟု နိုင်စိုးမြင့်ကပြောသည်။


မွန်ပြည်သစ်ပါတီမှ ထောင်ကျနေသော အကျဉ်းသားနှစ်ဦးမှာ နိုင်ယက္ခနှင့် နိုင်နီသွေး တို့ဖြစ်ကြပြီး ဖောက်ခွဲမှုဖြင့်စွပ်စွဲခံရပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မဖြင့် သေဒဏ် ပြစ်ဒဏ်ချမှတ်ပြီး နောက်ယခုအခါ တသက်တကျွန်း ပြစ်ဒဏ် ကျခံနေရခြင်းဖြစ်သည်။


 

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်က မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ မော်လမြိုင်မြို့တွင် ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးကြစဉ်က


အဆိုပါ မွန်ပြည်သစ်ပါတီဝင်အကျဉ်းသားများကိုလွှတ်ပေး ရန်အတွက် ယခုနံနက်ပိုင်းတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် အား သွားရောက်ပြောကြားရာတွင် ၎င်းမှ အကျဉ်းသားတွေလွှတ်ပေးရန်အတွက် တာဝန်ရှိသူများသို့တင်ပြပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း နိုင်စိုးမြင့်ကပြောသည်။


“ကရင်က မန်းငြိမ်းမောင်ကိုတောင် လွှတ်ပေးပြီးပြီးပဲ ၊အခုမွန်ပြည်သစ်က အကျဉ်းသားတွေကို လွှတ် ပေးသင့်တာပေါ့ ၊လွှတ်ပေးသင့်တာကြာနေပြီး”ဟု ၎င်းကပြောသည်။


ယခုနှစ်ဆန်းပိုင်းမှစ၍ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့မွန်ပြည်နယ် မော်လမြိုင်မြို့ ပေါ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးလက်မှတ်များရေးထိုးခဲ့ကြသည်။


အဆိုပါလက်မှတ်ထိုး ရေးထိုးပွဲတွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ မှပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မွန်ပြည်သစ်ပါတီနှင့်ငြိမ်းချမ်းရေး အဆင့်ဆင့် ဖော်ဆောင်ပြီးသည့်အခါ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ရှိသလို မွန်ပြည်သစ် ပါတီ ကိုမတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းကိုလည်း ပယ်ဖျက်ပေးရန် ရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။


လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်းဦးဆောင်သော အဖွဲ့နှင့် အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးပြီး ၄၅ ရက် ကြာ အနေဖြင့် မော်လမြိုင်မြို့ပေါ်တွင် ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။          ။


Yangon Press International
ကျောက်ပန်းတောင်း NLD အောင်ပွဲ
Posted: 10 Apr 2012 01:53 AM PDT
ဂုဏ်ပြုမှတ်တမ်းလွှာ
ဧပြီလ ၁၀ ရက်နေ့ ၂၀၁၂
 
ကျောက်ပန်းတောင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ဧပြီလ၁၀ ရက်နေ့ မှာ
ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသော
မြို့နယ်သူ၊ မြို့နယ်သားများကို ဂုဏ်ပြုသောအားဖြင့် ဆွမ်းကပ်လှူကာ
အောင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ 


ထို့နောက် ရပ်ကျေးအလိုက် ဂုဏ်ပြုလွှာများပေးအပ်ပြီးလျှင် အမှတ်တရ

 သစ်ပင်စိုက်ကာ တက်ရောက်ကြသော မိဘပြည်သူ ၁၅၀၀ ခန့် ကို 
ထမင်းကြွေးဧည့်ခံခဲ့ပါတယ်။ 


ထိုအောင်ပွဲကိုမြို့၏ အရှေ့တောင် တစ်မိုင်ခန့်အကွာတွင်ရှိသော ရွှေနဒီ
ပရဟိတကျောင်းတွင်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

 အောင်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွေးကောက်ခံ
လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော
်မြင့်မောင်က “ဒီကနေ့ကျင်းပတဲ့
အခမ်းအနားဟာ၊ ဘယ်သူ့ကိုမှ ထိခိုက်စေအောင်လဲ
ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း တမင်ရည်ရွယ်ပြီးတော့
ကျွန်တော်တို့အောင်မြင်တဲ့ အထိမ်းအမှတ်ပွဲ လုပ်တာမဟုတ်ပါဘူး။
ကျွန်တော်တို့ ဧပြီလ(၁)ရက်နေ့ အောင်ပွဲရအောင် တစ်လခွဲ၊ နှစ်လလောက်အထိ
ကြိုးပမ်းခဲ့တဲ့ ရပ်မိ၊ရပ်ဖတွေကော၊ ရပ်ကျေးအောင်နိုင်ရေးအဖွဲ့တွေေ
ကာ
ဂုဏ်ပြုချင်တဲ့ အတွက် ကျင်းပရခြင်းဖြစ်ပါတယ်။” လို့
ထည့်သွင်းပြောကြားသွားပါတယ်။


Myanmar News Now



ကျောက်ပန်းတောင်း အောင်ပွဲ ဓါတ်ပုံများ

 
ကိုလိုနီခေတ် အဆောင်အအုံတွေ မွမ်းမံမည်
Posted: 09 Apr 2012 07:48 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံး တည်ရှိရာ အဆောင်အအုံပုံ၊ ၂၀၀၈ ခုနှစ်။
ရန်ကုန်မြို့မှာ ကိုလိုနီခေတ် ကတည်းက တည်ရှိခဲ့တဲ့ အဆောက်အဦး တစ်ချို့ကို ပြုပြင်မွမ်းမံ ပြီးတော့ ဆက်လက် ထိန်းသိမ်းသွားတော့ စီစဉ်နေပါတယ်။ ၁၉ ရာစု နှစ် အတွင်း ဗြိတိသျှ ကိုလိုနီ ဘဝ ကျရောက် ခဲ့တဲ့ မြန်မာ နိုင်ငံမှာ ထိုစဉ်တုန်းက ဆောက်လုပ်ခဲ့တဲ့ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အဦး တွေ သာမက လူနေအိမ်တွေ ပါ အမြောက်အမြား ကျန်ရှိနေပေမဲ့လည်း ဒါတွေကို တခုတ်တရ ပြုပြင်မွမ်းမံတာကတော့ မရှိခဲ့ဖူးပါဘူး။
မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်း ရန်ကုန်မြို့မှာ ၁၈၈၀ ခုနှစ် ၀န်းကျင် ကတည်း က တည်ဆောက် ခဲ့တဲ့ ကိုလိုနီ ခေတ် ရှေးဟောင်း အဆောက်အဦးဟောင်း ၂၀၀ နီးပါးလောက်ရှိ ပါတယ်။ အခုအခါမှာ ဒီ အဆောက်အဦး တွေကို ပြန်ပြီးပြုပြင် မွမ်းမံတော့မယ်လို့ သိရပါတယ်။ အဲဒီ ရှေးဟောင်း အဆောက်အဦး ၂၀၀ ထဲက တချို့ဟာ လက်တလော အခြေအနေမှာ ပြန်ပြီးပြုပြင်ဖို့ လိုအပ်နေချိန်မှာပဲ၊ အဆောက်အဦး တော်တော် များများ ကိုတော့ အစိုးရရုံးတွေ၊ နိုင်ငံခြား သံရုံးတွေ၊ ကျောင်းတွေ နဲ့ ဘုရားကျောင်းတွေအဖြစ် အသုံးပြု နေကြဆဲဖြစ်ပါတယ်။

အာရှ နဲ့ ဥရောပ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို ကိုလိုနီခေတ် အဆောက်အဦး ဟောင်းတွေ ၀ယ်ယူ၊ ပြုပြင်ရေးမှာ ၀န်ဆောင်မှုပေးနေတဲ့  Barton Hill ကုမ္ပဏီရဲ့ ကိုယ် စားလှယ် Jon Park ကတော့ အခုလို ပြောပါတယ်။


“ကျနော့်စိတ်ကူးအရတော့ ဒီအဆောက်အဦးတွေက ဟိုတယ်အရောင်းဆိုင်ခန်းတွေ၊ သီးသန့် နားနေခန်း တွေ၊ ဒါမှမဟုတ်၊ အဆင့်မြင့် လူနေအိမ်ခန်းတွေ လုပ်ဖို့ သင့်လျော်မယ်လို့ ထင်တယ်။ အများကြီးသုံး လို့ ရပါသေးတယ်။”


ဒီ ကိုလိုနီခေတ်အဆောက်အဦးတချို့ဟာ ဖျက်စီး ပစ်ခံရမယ့် အခြေအနေတွေ နဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အများက ၀ိုင်းပြီး ကန့်ကွက်ကြတဲ့အတွက် ဖြိုချပစ်တဲ့အဆင့် အထိ မရောက်ခဲ့ဘူးလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Yangon Heritage Trust က ပြောပါတယ်။


ဒီကိုလိုနီခေတ် အဆောက်အဦးတွေကို ဆက်ပြီးထိန်းသိမ်းထားဖို့ ရန်ကုန်မြို့တော်က သက်ဆိုင်ရာ လူကြီးတွေ နဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ Yangon Heritage Trust အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဆန်နီညွန့်သိန်း က ပြောပါတယ်။


“အင်္ဂလန်က ဗိသုကာ ပညာရှင်တယောက်ကို ဖိတ်ပြီး ကျနော်တို့ ဒီအဆောက်အဦးတွေကို တိုင်းတာ တာတွေ လုပ်ခဲ့ပါတယ်။ သူ ဒီမှာ နှစ်ပတ်နေပြီးတော့ အဆောက် အဦး တွေကို လျှောက်ကြည့်ခဲ့ ပါသေးတယ်။ လတ်တလောအထိ ရှေးဟောင်း အဆောက်အဦး ၁၈၇ လုံးကို ပြုပြင်နေပါတယ်။ အဲဒီအထဲမှာ ဗလီကျောင်းတွေ၊ တရုတ်ဘုံ ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ နဲ့ အစိုးရ အဆောက်အဦးတွေ ပါပါတယ်။”


ဒီအဆောက်အဦး တွေပြုပြင်ဖို့ ဘဏ္ဍာငွေ ရှာဖွေရေးကိစ္စကို သမ္မတ ဦးသိန်းစိန်က သဘောတူပြီး သားဖြစ်တယ်လို့ ဦးညွှန့်သိန်းက ပြောပါတယ်။


“အဆောက်အဦးအများစု ပြုပြင်ဖို့ကတော့ အဆင်ပြေပါတယ်။ ဖျက်စီးပစ်စရာမလိုပါဘူး”


အခုအခါမှာတော့ အမေရိကန်နိုင်ငံ နဲ့ တခြား ဥရောပနိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှု တချို့ ရုပ်သိမ်းပေးဖို့ စဉ်းစားလာ တာတွေ နဲ့အတူ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံလိုသူ တွေကလည်း အခုလို သမိုင်းဝင် ရှေးဟောင်း အဆောက်အဦး တွေ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ မျက်စိကျ နေကြတာပါ။ လတ်တလော အခြေအနေမှာ တော့ ဖျက်စီးပစ်ရမယ့် အဆောက်အဦး နဲ့ ပြန်ပြီး မွမ်းမံရမယ့် အဆောက်အဦး အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် ဒီအဆောက်အဦး တော်တော်များများ ပြန်ပြီး မွမ်းမံဖို့ဆိုရင်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။


VOA
တောင်ဥက္ကလာပ ဟေမ၀န်ဈေး မီးလောင်ကျွမ်းမှု မြင်ကွင်း (ရုပ်/သံ)
Posted: 09 Apr 2012 07:47 PM PDT

တောင်ဥက္ကလာပ (၁၀) ရပ်ကွက်၊ မေတ္တာလမ်းပေါ်မှာရှိတဲ့ ဟေမ၀န်ဈေးမှာ ဧပြီလ (၁၀)
ရက်နေ့ နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးရုံ ၂၄
 ရုံမှာ ရုံ(၂၀) မီးလောင်ကျွမ်းခံခဲရပါတယ်။
 ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေအားလုံးနီးပါလာရောက်တာဝန်ထမ်းဆောင်
 နေပါတယ်။ မီးသတ်ကားအင်အား (၃၀) ကျော်လောက်နဲ့ အထောက်အကူပြုယာဉ်တွေလည်းလာရောက်ငြိမ်းသတ်နေတာကိုတွေ့ရပါတယ်။
ဒီဗွီဘီ
အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ
Posted: 09 Apr 2012 07:25 PM PDT
ယခုနှစ်ဆန်းပိုင်းက အစိုးရနှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ခေါ်  SSA /SSPP အား အစိုးရတပ်က လိုက်လံတိုက်ခိုက်နေသောကြောင့် ဒေသခံလူထုရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။
အစိုးရစစ်တပ်
အစိုးရစစ်တပ်

“ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကတိုက်ပွဲတွေဖြစ်တယ်။ အခုထိလဲတိုက်ခိုက်မှု မကြာခဏဖြစ်နေတယ်။ ကျနော်သိတဲ့ စာရင်းအရဆို လူထု ၃၀၀ ထက်မနည်း တိမ်းရှောင်နေရတယ်” - ဟု သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် အမတ် စိုင်းဝင်းခိုင် က ပြောပါသည်။

မတ်ခ်ျ ၆ - ၈ ရက်နေ့အထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၆ ရက်နေ့ ညနေ ၁၆:၃၀ နာရီအချိန် သိန္နီမြို့ ဟိုမင် ကောင်းလန်း ဘက် တိုက်ပွဲတွင် အစိုးရဘက် ၇ ဦးသေ ၇ ဦးဒဏ်ရာရရှိကြောင်း၊ ဟိုနောင် ကိန်းခမ်း တိုက်ပွဲတွင်မူ ည ၂၀:၀၀ နာရီတွင်ဖြစ်ပွားပြီး အစိုးရတပ်ဘက် ၁ ဦးသေ ၄ ဦးဒဏ်ရာရရှိကြောင်း၊ ထို့အတူ ယမန်နေ့ ည ၂၁:၀၀ - ၂၂:၀၀ နာရီအထိ ဟိုတုန့်၌ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက် ၁၀ ဦးသေ ၂ ဦးဒဏ်ရာရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်တွင် မိမိကိုယ်မိမိခုခံ ကာကွယ်ခြင်းသာ ဖြစ်ပြီး အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြစ်သောကြောင့် တဦးသာ ဒဏ်ရာရှိကြောင်း နှစ်ဘက်နှင့် နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။

မတ်ခ်ျ ၂၃ - ၂၆ ရက် နေ့အထိ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း၌ ရောက်ရှိစခန်းချသော သျှမ်းတပ်ဖွဲ့အား အစိုးရတပ် မှ လိုက်လံတိုက်ခိုက်သောကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ တိုင် တိုက်ပွဲငယ်များ သေနတ်သံများ ကြားနေ ရကြောင်း၊   သိန္နီမြို့ အနောက်ဘက် ၄ မိုင်အကွာ မိုင်းယန်း ကျေးရွာ အုပ်စုမှ အိမ်ခြေ ၆၀ ကျော် လူဦးရေ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ရာမှာ ယနေ့တိုင်အိမ်မပြန်နိုင်သေးကြောင်း ဒေသခံများကပြောပါသည်။

“မိုင်းယန်းကနေထွက်ပြေးလာတဲ့ရွာသားအများစုက ဝမ့်နောင်၊ ဝိန်းနန်း၊ ပန် လော့ နဲ့  သိန္နီမြို့  ရပ်ကွက် ၄ ဘက်ခိုလှုံနေတယ်။ အများအားဖြင့် ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေဘဲ” - ဟု သိန္နီမြို့ခံတဦးက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ စကခ ၁ မှူး ဗိုလ်မှူးကြီးထွန်းထွန်းညီက - “ဘယ်သူကဘဲ ငြိမ်းချမ်းရေးလုပ်နေလုပ်နေ ငါထိန်းချုပ်တဲ့ဒေသအတွင်း လက်နက်ကိုင်တိုင်းသားတပ်ဖွဲ့ရှိနေရင်တော့ တိုက်ခိုက်ရှင်းလင်းရမှာဘဲ”- ကပြောကြောင်း၊ ထို့ အပြင် သိန္နီမြို့နယ် ဟိုတုန့်ကျေးရွာအုပ်စု နောင်ဇွမ်၊ နားကေးကျေးရွာမှ အိမ် ခြေ ၂၀၀ ခန့် လည်း လားရှိုး - သိန္နီလမ်း (မူစယ် - လားရှိုး - မန္တလေး ပြည်ထောင်စု လမ်းမ အရှေ့ ဘက်ခြမ်းရှိ ) နမ့်အွန် - ဇံလောဝ်း ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ခိုင်းကြောင်း ကြားသိရပါသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် စားဝတ်နေရေး ကူညီပံ့ပိုးပေးရန် ကျားဖြူပါတီ အနေ ဖြင့် ပြင်ဆင်နေကြောင်း၊ လွှတ်တော်အစည်းအဝေး ပြန်စပါက အဆိုပါကိစ္စအား လွှတ်တော်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျားဖြူအမတ် စိုင်းဝင်းခိုင်က ပြောပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှ ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီလ ၂၈ ရက်က ပဏာမ အဆင့် အပစ်ရပ်ရေး အပါအဝင် ပြည်ထောင်စုအဆင့်ပါ သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
သျှမ်းသံတော်ဆင့်
ချင်းပြည်နယ်အတွင်း ALP ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ချင်းခေါင်းဆောင် များ ကန့်ကွက်
Posted: 09 Apr 2012 07:24 PM PDT
Arakan Liberation Party ( ALP)
Arakan Liberation Party ( ALP) နှင့် ရခိုင်ပြည်နယ်အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် ALP မှ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးကိုဒေသခံခူမီး ချင်းများနှင့် ချင်းခေါင်းဆောင်များ ကန့် ကွက်ကြသည်။
“ ချင်းအဖွဲ့ဆိုယင် လက်ခံတယ်၊ ရခိုင်အဖွဲ့ကိုတော့ လိုလားနိုင်စရာအကြောင်း မရှိဘူး၊ သူတို့နယ် မြေလည်း မဟုတ်ဘူး ဗျ၊ ပလက်ဝမှာ ရုံးဖွင့်ဖို့ဆိုယင် ချင်းပြည်နယ်အစိုးရကိုတော့ ညှိနှိုင်းသင့်တယ်” ဟု ပလက်ဝ မြို့ပေါ်မှ ချင်းလူမျိုး အစိုးရ၀န် ထမ်း မြို့နယ်အဆင့် အရာရှိ တဦးက ပြောသည်။

ဧပြီလ ပထမပတ်အတွင်း ရခိုင်ပြည်နယ် အစိုးရနှင့် ALP တို့နှစ်ဖက် ငြိမ်းချမ်းရေး အဖွဲ့သဘောတူ ညီချက် တွင် ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့များတွင် ဆက်ဆံရေးရုံးဖွင့် လှစ်ရန် သဘော တူထားကြသည်။

“ ကျတော် ALP အ၀င်အထွက်ရှိတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးပါ၊ ဒီကိစ္စက ပြည်သူတွေ ဆန္ဒကို ယူသင့် တယ်၊ ရခိုင်မှ မ ဟုတ်ပါ၊ ကိုယ့်ပြည်နယ်မှာ တခြားလူမျိုးစု လက်နက်ကိုင်တွေရှိတာ မကြိုက် ဘူး၊ အနည်းဆုံး ခူမီး ပြည်သူတွေ သဘော ထား ယူသင့်တယ်” ဟု ပြော သည်။

အစိုးရနှင့် Chin National Front ( CNF) တို့ ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးသည့်အခါ ပလက်ဝ တွင် ALP ဆက်သွယ် ရေးရုံးဖွင့်လှစ်ခြင်းကို အေဂျင်ဒါ တခုအဖြစ် တင်သွင်းဆွေးနွေးပြီး ပြန်လည် ရုတ်သိမ်းပေးခြင်းမရှိပါက CNF အနေဖြင့် အစိုး ရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကြိုးပမ်းမှု အားလုံး ကို ရုတ်သိမ်းရန် ပြည်တွင်းပြည်ပ ချင်းပြည်သူများက Chin Groups mail များတွင် ရေးသားဖော်ပြကြ သည်။

Chin National Party ရဲ့ အထွေထွေအတွင်းရေးမှူး Salai Ceu Bik Thawng က ယခုလို ပြောသွား ပါတယ်။

“ ဦးလှမောင်တင်က သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကတည်းက ချင်းပြည်နယ် အစိုးရ ကိုတောင် အသိ မပေးပဲ ပလက်ဝကို တက်ခဲ့တယ်၊ အဲဒီကတည်းက ကျတော်တို့ သံသယ ရှိခဲ့ပြီးသား ပါ။ CNP ၏ သဘောထားကို ပါတီကိုယ်စား ပြောမယ်၊ CEC မှာလည်း အကြေအလည် ဆွေးနွေးရမှာ ပါ။ ပထမ အချက်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရက ALP ကို ပလက်ဝမြို့မှာ ဆက်သွယ်ရေး ရုံးထားရှိခွင့် ပေးတယ် ဆိုကတည်းက ဒါ Something wrong ဖြစ်နေပြီ၊ ပ လက်ဝ က သူတို့ အစိုးရ အုပ်ချုပ်ရေး နယ်မြေ မဟုတ်ဘူး၊ တကယ်လို့ ALP အနေနဲ့ ဒီနေရာမှာမှ အခြေချချင်သပဆိုရင် ချင်း ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရကို တောင်းရမှာဖြစ်တယ်။ ”

“ ဒုတိယအချက်က လူထုအတွင်းနားလည်မှုအရင်မယူပဲနဲ့ ဒီလိုလုပ်တာ မလိုလားအပ်တဲ့ လူမျိုးရေး clash ရှိမှာစိုးရိမ်မိ တယ်။ ဒါ တကယ့် Sensitive ပဲ၊ လူမျိုးရေးပါ ထိခိုက်နိင်တဲ့ကိစ္စဖြစ်လို့ ဒီမိုကရေစီ အတွက်၊ Federal အတွက် ဆိုတာ လောက်နဲ့  မပြီးဘူး”

ထို့အပြင် Chin Progressive Party ဥက္ကဌ၊ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာ နိုးထန်ကပ်က “ ဒီ ကိစ္စသာအကောင်အထည်ဖော်လာယင် ကျတော်တို့ လိုချင်မှာ မဟုတ်ဘူး၊ သူတို့ က ဒီ ပလက်ဝနယ်ကို ကျတော်တို့ နယ်မြေလို့ ပြောနေတာ၊ ဘာပဲဖြစ်ဖြစ် ကျတော် ရခိုင်ပြည်နယ် အစိုးရနဲ့ Rakhine National Development Party ခေါင်း ဆောင်တွေကို ပြောမယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရနှင့် စီအဲန်အက်ဖ် တို့အကြား ဇန်န၀ါရီလ ပထမပတ်အတွင်း ငြိမ်းချမ်းရေးတွေ့ ဆုံ ဆွေးနွေးချက်အရ ပလက်ဝမြို့နယ်အတွင်း ချင်းအမျိုးသားတပ်မတော်စခန်းချမည်ဟု ပြောပြောချင်း ရခိုင်ပြည်နယ် စစ်တွေ လက်အောက် ခံ အစိုးရစစ်တပ်ကစခန်းချထားသည်။
 ခိုနူမ်းထုန်
ညောင်ဦးမြို့လူမှုကူညီရေးအသင်းများသို့ ဆေးတက္ကသိုလ်ကျောင်းသူ-ကျောင်းသားများလာရောက်လေ့လာ
Posted: 09 Apr 2012 06:14 PM PDT
    ညောင်ဦးမြို့ဈေးအနီး၊ ဘုန်းဇဉ်ကျောင်းဝင်းအတွင်းရှိ 'မြင့်မြတ်သူ'စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းသို့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ
ခင်မောင်ဌေး ဦးဆောင်ပြီး မန္တလေးဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ်အပိုင်း(က)ကျောင်းသူ -ကျောင်းသားများ မတ်လ (၃၁)ရက်နေ့က လာရောက်လေ့လာကြပါသည်။

အပူပိုင်းဒေသရောဂါများဘာသာရပ်အတွက် ကွင်းဆင်း လေ့လာရန် ညောင်ဦးဆေးရုံ

သို့ရောက် ရှိလာသောအဖွဲ့ဖြစ်ပြီး ပြည်သူ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်သည့် ဝေဒနာ ခံစားနေရသည့်ဒေသခံလူနာများအတွက် ကူညီပေးနေသည့်အသင်း၏ဆောင်ရွက်မှု များကို လေ့လာကြပါသည်။
    ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံနှင့်ဆေးခန်းများသို့တက်ရောက်ကုသနေကြသည့်
 သွေးလိုအပ်သော လူနာများအတွက် လစဉ်သန့်စင်သွေးပုလင်း(၁ဝဝ)ကျော်
'အခမဲ့'ထောက် ပံ့နေပြီး စေတနာသွေးလှူရှင်၁၂ဝဝ ခန့်ကို စုဆောင်းစည်းရုံး
ထားသော အသင်းဖြစ်ပါသည်။
 ညောင်ဦးခရိုင်/မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ (၂ဝဝ)ခန့်ရှိ ဆေးရုံတက်မည့်
လူနာများကို လူနာတင်ယာဉ်(၄)စီးဖြင့် 'အခမဲ့'ကူညီတင်ပို့ပေးမှုကို (၂၄)နာရီ ဝန်ဆောင်မှုပေးနေသောအသင်းဖြစ်ပါသည်။
    ဆရာဝန်ကြိးဒေါက်တာခင်မောင်ဌေးက ဝေဒနာခံစားနေကြသည့်ပြည်သူများ၏
ဘဝနှင့် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများဆောင်ရွက်မပေးနိုင်သေးသည့်
ကိစ္စရပ်များတွင် ဤအသင်းကဲ့သို့ လူမှုကူညီရေး အသင်းများ၏အခန်းကဏ္ဍကို သိရှိစေလိုသောကြောင့်လာရောက်ကြကြောင်းနှင့် အခက်အခဲများ ကြားက
ရပ်တည်နေကြသော လူမှုရေးသမားများအကြောင်းသိရှိနားလည်၍ စာနာထောက်ထားတတ်စေရန် ဖြစ်ကြောင်း ရှင်းပြပါသည်။

အသင်းတာဝန်ရှိသူများက အသင်း၏(၁၁)နှစ်တာကာလဖြတ်သန်းမှုနှင့် တစ်စ

တစ်စတိုးတက်၍ ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စများကိုရှင်းလင်းပြပါသည်။
 ဒေသခံအလှူရှင် ၁၁ဝဝကျော်ရှိသည့် အသင်းဝင်များ၏ ၅ဝဝိ/- ၁ဝဝဝိ/-စသည့်
လစဉ်လှူဒါန်းငွေများဖြင့် လစဉ်လူနာ(၁၂ဝ)ကျော်ကို ဆေးရုံသို့တင်ပို့ပေးနေမှုအပြင် သက်ဆိုင်ရာဆေးရုံကြီးများသို့လွှဲပြောင်းလူနာများ ပို့ဆောင်ပေးမှု၊ ဆေးရုံဆင်း
လူနာများကို ပို့ဆောင်ပေးမှုများကိုရှင်းပြခဲ့ပါသည်။

    မတ်လ(၇)ရက်ကလည်းရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ကျောင်းသား-ကျောင်းသူများ လာရောက် လေ့လာကြပါသည်။ ညီနောင်အသင်းဖြစ်သည့် ညောင်ဦးမြို့ရှိ 'ကရုဏာရှင်'အခမဲ့နာရေးကူညီမှုနှင့် ဆေးကုသခန်းကိုလည်းလေ့လာခဲ့ကြပါသည်။

Myanmar News Now

No comments: