Sunday, April 1, 2012

အဖြူနဲ့အမဲ သဲကွဲတော့မည်



 

မတရားမှု တရားမှု
လမ်းခုလပ်မှာစု
ဖုထစ်ကာထား ဆက်မသွားရင်
မတရားမှုက ပေါ်ပါ့မလား။
မပြတ်ကျော်လွှား ဆက်ကာသွားမှ
အမှားဆိုတာပေါ်တော့မှာ။

မတရားမှုနဲ့ အသက်ရှင်လာ
အဲဒါ အာဏာရှင်ပါ
မသမာမှု အမြဲသုံး
အဲဒါသူတို့ထုံး
ထုံးတမ်းစဉ်လာ
သုံးခဲ့တာ
လိမ်ညာနည်းတရာ
ဒီတခါမဲလိမ်နည်း
မဲမပါသူတွေအများကြီး။

ဖယောင်းစေးလဲသုတ်ထားပြန်
မင်ကမစွဲတာအမှန်
ကလိမ်ဥာဏ်အမျိုးမျိုနဲ့
အကွက်ထိုး
ကြံ့ဖွတ်မဲသူခိုး။

ဘယ်လိုလိမ်လိမ်
မုန့်ကြိုးလိန်
အလိမ်အကောက်
ဖွတ်သွေးသောက်
အောက်တန်းကျတဲ့ဒီပြိုင်ပွဲ
မဲရေတဲ့အခါ တဘုံးဘုံးလဲ
ဖွတ်တွေရှုံးမှာပဲ။

တက္ကသိုလ်ဘုန်းကြွယ် ဧပြီ ၁ ၂၀၁၂

No comments: