Friday, April 6, 2012

ပြောင်းလဲခြင်းတွေထဲ တိုးဝင်တဲ့ အပြစ်မဲ့ သင်္ကြန်

ပြောင်းလဲခြင်းတွေထဲ တိုးဝင်တဲ့ အပြစ်မဲ့ သင်္ကြန် ၊ မငြင်းဆန် ရက်ဘူး ၊ကြာပြီ


ဂိမ္မာန်နွေမှာ တနှစ်တစ်ခေါက်ရောက်တဲ့ ပိတောက်လို
အချိန်တန် အမေ့အိမ် ပြန်မရောက်တာ ကြာပြီ.....။

ကြင်နာသူဟောင်းကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်သလိုမျိုး
ရင်မှာ ဗလောင်ဆူပြီး နှောင်းအတိတ်က တမြည့်မြည့် နဲ့ မချိတင်ကဲ
တိုင်ကပ်နာရီလို အိမ်မကပ်ဖြစ်တာ ကြာပြီ...။

စိတ်အညစ်အကြေးကို အတာရေနဲ့ ဆေးကြောချင်လည်း
မီးမလာ ရေပြတ်နေတာ ကြာပြီ.......။

သောကတွေ ကင်းစင် လွှင့်ထုတ်ဖို့
ဒေါသများ မြေမြှုပ်ပစ်နေရတာ ကြာပြီ...။

တရုတ်တွေ တဖြည်းဖြည်းလွှမ်းမိုးလာပြီး ၊ တရုတ်ကြီး နာမည်က အကောင်းမို့
နေရာတကာ အကောင်းမြင်နေရတာ ကြာပြီ...။

တောဂိုက်ဖမ်းထားတဲ့ ပေါလိုက်တဲ့ အရမ်းဥပဒေတွေ
စစ်သက် အတွေ့အကြုံ မရှိရင်.....
သိကြားမင်း လုပ်ခွင့် မရှိ ...၊
ပြည့်တန်ဆာ လုပ်ခွင့် မရှိ .....၊
ဘိန်းကုန်ကူးခွင့် မရှိ ...............၊
လိုင်စင်ရ သူခိုး ဓားမြ လုပ်ခွင့် မရှိ........၊
မရှိ.......................။
မရှိ..........................။
ဘာပဲ ပြောပြော..
စစ်ပြေး ဒုက္ခသည်ကတော့ စစ်တပ်အတွေ့အကြုံ အရှိဆုံးပဲ.....၊
မရှိတဲ့ ဥပေးတွေ အထပ်ထပ်ထုတ် နေတာ ကြာပြီမို့..၊
သိကြားမင်းတောင် အလုပ်ပြုတ်နိုင်တယ် ..။

ပြောင်းလဲခြင်းတွေထဲ တိုးဝင်တဲ့ အပြစ်မဲ့ သင်္ကြန်
မကောင်းဘူးလို့ အဆိုးမြင်ပြီး မငြင်းဆန် ရက်ဘူး ၊
အများ တမျိုးမြင်လည်း
ငါး အရိုးနင်စဲ ဘ၀က ကြာပြီ ....။
အဖြစ်အကြောင်း မကောင်းခဲ့ နှစ်ဟောင်းကို ပြည်ဖုံးကားချ
နှစ်သစ်ကို ပိတောက်လို ၀င်းဝါတောက်ပ လှလှပပ ကြိုချင်ပြီ.....။

အောင်ခိုင်မြင့်
06 April 2012

No comments: