ထိုင်းတွေ မြန်မာအပေါ် အထင်မသေးကြတော့ဖို့ စပြောပြီ

တနေ့က ရုံးမှာ ပရင်တာနားမှာတွေ့တဲ့ ဘန်ကောက်ပို့စ်ရဲ့ စပက်ထရမ်ဆက်ရှင် သီခြားအချပ်ပို ကို ကောက်လှန်လိုက်တယ်။ မြန်မာပြည်အကြောင်းတွေ အများကြီးပါတယ်။
အဲဒီမှာ “အသွင်သစ်” မြန်မာအပြည်နဲ့ ဆက်ဆံရေးလုပ်တဲ့အခါ ထိုင်းတွေ စိတ်ထားပြောင်းဖို့ လိုပြီ (Thailand needs fresh mindset in dealing with ‘new’ Myanmar) ဆိုတဲ့ ဆောင်းပါးကို စိတ်ဝင်တစား ဖတ်ကြည့် တယ်။ အချရာ အရှာယာဂါချတ် (Achara Ashayagachat) က ချူလာလေင်ကွန်းတက္ကသိုလ်နဲ့ နာရေစွမ် တက္ကသိုလ်တွေက ပညာရှင်တွေ အပါအဝင် တော်တော်များများကို မေးပြီးရေးတာပါ။
သူရေးထားတာကို အနှစ်ချုပ် ပြန်ပြောရရင် ဒီလိုပါ။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာတဲ့ မြန်မာ့ ပင်မနိုင်ငံရေး ရေစီးကြောင်းဟာ ထိုင်းတွေအဖို့ မြန်မာတွေ အပေါ် ထားတဲ့သဘောထားကို အလျင်အမြန်ပြောင်းဖို့ ဖြစ်လာတော့မယ်လို့ မျှော်လင့်စရာရှိပါတယ်။
ထိုင်းမှာ ရောက်ရှိနေပြီး ထိုင်းစီးပွားရေး မောင်းနှင်လည်ပတ်မှုကို အကြီးအကျယ် အထောက်အကူပြုနေတဲ့ တရားဝင်၊ တရားမဝင် မြန်မာလုပ်သား သွင်းအားစုကြီးကို မီးမောင်းထိုးပြပြီး ဆောင်းပါးရှင် ပြောထားတာက သူတို့သာ တပြုံလုံး ပြန်သွားလို့ကတော့ ခက်ရချည့်ဆိုတာကို တပ်လှန့်ထားပါတယ်။ တရားမဝင် ခိုးဝင်ရောက်ရှိလာတာပဲဖြစ်ဖြစ်၊ ဒုက္ခသည်စခန်းတွေကနေ ရောက်လာတဲ့ မြန်မာအလုပ်သမားတွေပဲဖြစ်ဖြစ် သူတို့ရဲ့ လုပ်အားခ ချိုသာမှုနဲ့ အောက်ခြေသိမ်း လုပ်ပေးနိုင်မှုတွေဟာ ထိုင်းရဲ့ နိုင်ငံလုံးချီ စီးပွားရေး လည်ပတ်မှုကြီးမှာ အခရာဖြစ်နေတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာ လည်း ဆောင်းပါးမှာ ပေါ်လွင်အောင် ရေးထားတယ်။
ထိုင်းဟာ မြန်မာနဲ့ ဆက်ဆံရာမှာ စိတ်သဘောထား အသစ်တွေ ထားဖို့ လိုနေပြီ၊ မြန်မာဟာ မဟာအင်အား ကြီး (အမေရိကန်၊ တရုတ်၊ အိန္ဒိယ) တွေနဲ့ ဆက်စပ်ပြီး ပထဝီ မဟာဗျူဟာမြောက် ဖြစ်လာနေပြီလို့ ချူလာလောင်ကွန်းတက္ကသိုလ်က တွဲဖက် ပါမောက္ခ ဆူရာချာ့တ် ဘမ်ရူဆတ် (Surachart Bamrugsuk) ကို ကိုးကားရေးသားထားတယ်။
မြန်မာပြည် စီးပွားရေး လမ်းပွင့်၊ စန်းပွင့်မှုဟာ ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အကျိုးဖြစ်ထွန်းစေ မှာဖြစ်တယ်။ ထိုင်းအနေနဲ့ မြန်မာရဲ့ ဖွံ့ဖြိုးဖို့ အားယူလာမှုတွေအပေါ် ကူညီရမယ်ဆိုတာလည်း ဆောင်းပါး မှာ ရေးထားတယ်။
အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက နာရေစွမ် တက္ကသိုလ် (ထိုင်းအခေါ် နာရေစွမ်၊ မြန်မာအခေါ် ဗြနရာဇ် ဘုရင်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာ) က လူမှုရေးဘာသာရပ် တွဲဖက်ပါမောက္ခ၊ မြန်မာစာနဲ့ ယဉ်ကျေးမှု ကျွမ်းကျင်သူ ပါရဂူ ဝီရတ် မျုံတမ် (Wirat Miyomtam) ရဲ့ မှတ်ချက်ပါ။
မြန်မာတွေအပေါ်မှာ ပုံသေကားကျနဲ့ “လုံချည်ဝတ်တွေ၊ တယူသန် ဗုဒ္ဓဝါဒီတွေ၊ အာဏာရှင်လက်အောက်မှာ စုတ်ပြတ်နေတဲ့ လယ်သမားတွေ” ဆိုတာ ထိုင်းသာမာန်လူထုရဲ့ အမြင်ဖြစ်နေတယ်။ ဒီလို အများသဘော ထားဖြစ်အောင် လုပ်ထားခဲ့ကြတဲ့ ကိစ္စတွေကို မူဝါဒ ချမှတ်သူတွေဟာ ထည့်သွင်းစဉ်းစားရမယ်လို့ သူက ပြောထားပါတယ်။
ဆောင်းပါးမှာ ထိုင်း-မြန်မာ နယ်စပ် ခွဲခြားမှု ရှင်းလင်းပြတ်သားရေးကိုလည်း အတော်ဇောင်းပေး ထည့်ထားတာတွေ့ရတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အခုက တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်စပ်မှာ ထိန်းချုပ်ထားတော့ သူတို့တွေက မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းကြပြီဆို နယ်စပ်ပြဿနာက ရှင်းလင်းမှ ဖြစ်တော့မယ့် ကိစ္စကိုး။
မြန်မာ့စီးပွားရေးစန်းပွင့်မှုမှာ ထိုင်းက မြန်မာ အပေါ် အရင်သဘောထားဟောင်းတွေနဲ့ အလုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်း၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံလာပြီဖြစ်တဲ့ မြန်မာအပေါ် “လေးလေးစားစား သဘောထားဖို့နဲ့ အမြတ်ထုတ်ဖို့လောက် မြင်တာတွေ မပါတဲ့ လမ်းကြောင်းမျိုး” ထားသင့်ပြီလို့ တွဲဖက် ပါမောက္ခ Surachart Bamrugsuk က ပြောလိုက်ပါတယ်။
(Facebook မှာ ဖတ်လိုလျှင် Click Here)
သင်ကာ
(ဧပြီ ၃၊ ၂၀၁၂)
NLD ပြုပြင်မှုများ လုပ်ဆောင်ရန်လို
ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထုဆက်ဆံရေး အပိုင်းတွင် ပြုပြုင်ပြောင်းလဲမှု အများအပြားပြုလုပ်ရန် လိုအပ်ကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ပြောဆိုလိုက်သည်။
မတ်လ ၄ ရက်နေ့က စစ်ကိုင်းမြို့တွင် ထောက်ခံ ကြိုဆို သော ဒေသခံလူထုကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူနှင့် ဆက်ဆံရေး၊ မီဒီယာများနှင့် ဆက်ဆံရေးကို အလေးထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လူထုလေးစားကြည်ညိုမှု၊ ပြည်တွင်း ပြည်ပမီဒီယာများ၏ ပံပိုးကူညီမှုကြောင့် ဖြစ်သည်ကို နားလည်ရန်လိုအပ်ကြောင်း ဦးစိုးဝင်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွင်း ပါတီဝင်တချို့နှင့် ပြည်တွင်းမီဒီယာများ အကြား ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပွားခဲ့ရာ Facebook လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
ယခု ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည်ဟု မမျှော်လင့်သင့်ကြောင်း၊ အနိုင်ရရေးအတွက်ဆိုလျှင် ပါတီအတွင်း စိတ်ဓာတ်ရေးရာပိုင်းမှ အစပြုကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ဆိုသည်။
“အခုလို ထောက်ခံမှုကိုကြည့်၊ ဘ၀င်မြင့် အောက်ခြေလွတ်နေရင်တော့ နိုင်မှာမဟုတ်ဘူး။ စိတ်ဓာတ်ပြုပြင်ရမယ်၊ ပါတီတွင်းပြုပြင်ရမယ်။ ပြုပြင်စရာတွေ အများကြီးပဲရှိတယ်” ၎င်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရခဲ့ခြင်းမှာ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ စည်းရုံးရေးကာလ မတရားပြုလုပ်မှုများကြောင့် ပြည်သူများ၏ စာနာမှုကို ရရှိ၍လည်း ဖြစ်ကြောင်း ဆက်လက်သုံးသပ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲ အကြိုကာလတွင် NLD ပါတီအနေဖြင့် မန္တလေးမြို့ အားကစားကွင်းတွင် ပြုလုပ်ခွင့်မပြုခြင်း၊ စစ်ကိုင်းမြို့၌လည်း သဲသောင်ပြင်တွင်သာ ပြုလုပ်ရခြင်း၊ မော်လမြိုင်မြို့တွင်လည်း တောင်းဆိုသည့်နေရာတွင် ပြုလုပ်ခွင့်မရဘဲ မြို့ပြင် ကျေးရွာတွင် ပြုလုပ်ရခြင်း၊ မြိတ်ကျွန်းစုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာတွင် ရှပ်ပြေးယာဉ် မငှားနိုင်စေရန် တားမြစ်ခြင်းများကို အာဏာပိုင်များက ပြုလုပ်ခဲ့သည်။
ဦးစိုးဝင်းသည် ၁၉၈၉ ခုနှစ် NLD ပါတီ တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူတဦးဖြစ်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ပဲခူးမြို့မဲဆန္ဒနယ် အမှတ် (၂) မှ အရွေးချယ်ခံခဲ့ရသူဖြစ်ပြီး စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်း NLD ပါတီ ပြန်လည် ထူထောင်ရာတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

အဂ္ဂမဟာ ဒီမိုဖက်တီး's Photos
New York Times မှာပါလာတဲ့ အမေစု အတွက် ကာတွန်းလေးပါဗိုလ်ချုပ်ကြီးကတော့ လက်ထဲမှာ ကြိုးကွင်းကြီးနဲ့ .... အဟက် အဟက်


ပြည်သူတွေအတွက် ခွပ့်ချိန်၊ ကချိန်သိတဲ့ ပြည်သူဒေါင်းများ၊ ဒို့ ကျောင်းသား



Ah Ba Yah's Photos
JUNE 11 , 1990 တုန်းက TIME မျက်နှာဖုံးကမေးခွန်း ယနေ့ဖြစ်လာပြီလားးးးးးးးး 
By: Cartoon aungmaw

သင့်အတွက် မနက်ဖြန်
အို အသင် . . .
သင့်အတွက် မနက်ဖြန်တစ်ခု ရောက်လာမှာပါ
ထိုနေ့တွင် သင်တစ်ယောက်ထဲ ခရီးသွားရမှာပေါ့
အဲဒီအတွက် သင်ဘာတွေ ပြင်ဆင်ပြီးပြီလဲ
သင်ဘယ်လောက်ပဲ အသိုင်းအ၀ိုင်း ကောင်းခဲ့ပါစေ
အဲဒီနေရာလေးကို သင်တစ်ယောက်ထဲ အဖော်မဲ့စွာ ကြွေလွင့်ရမှာပါ
သင်ဘယ်လောက်ပဲ ငွေကြေး ချမ်းသာပါစေ
ဒီနေရာမှာ သူဌေးလဲအတူတူ . . . ဆင်းရဲသားလဲ အတူတူ သွားကြရမှာပါ
သင့်အတွက် ၆ ပေ ၂ ပေ ဆိုတဲ့ နေရာလေးက သင်ထာဝရ ပိုင်ဆိုင်သွားရမယ့် နေရာလေးပါ
သင်ဘယ်လောက် အိပ်ရာကောင်းကောင်းနဲ့ အိပ်တတ်ပါစေ
ဒီနေရာမှာတော့ သင့်အတွက် ပန်းမွေ့ရာ မရှိပါဘူး
သင်အရမ်းချစ်၊ အရမ်းသံယောဇဉ်ရှိပါတယ်ဆိုတဲ့ သင့်မိသားစုလည်း
ဤနေရာမှာ သင့်ကို ဘယ်သူမှ အကူအညီလာမပေးနိုင်ပါဘူး
သင့်ရဲ့ ကုသိုလ်၊ အကုသိုလ် နဲ့ အညီ တရားစီရင်ဖို့
ဤနေရာလေးဟာ နိဒါန်းလေးပါ
သင်တစ်ယောက်ထဲ သွားရမယ့် ဒီခရီးအတွက် သင်ကြိုတွေးထားပြီးပြီလား
နေ့မြင်ညပျောက် . . . မနက်က အကောင်း ညကျ အလောင်းဆိုတဲ့ ဆိုရိုးစကားကို
သင်ကိုယ်တိုင် ပိုင်ဆိုင်တော့မှာပါ . . . အဲဒီအတွက် ကြိုတင်ပြင်ထားပြီလား . . .
အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာ မရွေး သေခြင်းတရားကို မည်သူမဆို
မြည်းစမ်းကြရမှာပါ။ နိစ္စဓူဝများကြားမှာ ဤနေရာလေးကို ကျနော်ကိုယ်တိုင်မေ့လျော့နေလို့
ကိုယ့်ကိုကိုယ် သတိပေးတဲ့အနေနဲ့ တင်ပေးလိုက်တာပါ။
အို အသင် . . .
သင့်အတွက် မနက်ဖြန်တစ်ခု ရောက်လာမှာပါ
ထိုနေ့တွင် သင်တစ်ယောက်ထဲ ခရီးသွားရမှာပေါ့
အဲဒီအတွက် သင်ဘာတွေ ပြင်ဆင်ပြီးပြီလဲ
သင်ဘယ်လောက်ပဲ အသိုင်းအ၀ိုင်း ကောင်းခဲ့ပါစေ
အဲဒီနေရာလေးကို သင်တစ်ယောက်ထဲ အဖော်မဲ့စွာ ကြွေလွင့်ရမှာပါ
သင်ဘယ်လောက်ပဲ ငွေကြေး ချမ်းသာပါစေ
ဒီနေရာမှာ သူဌေးလဲအတူတူ . . . ဆင်းရဲသားလဲ အတူတူ သွားကြရမှာပါ
သင့်အတွက် ၆ ပေ ၂ ပေ ဆိုတဲ့ နေရာလေးက သင်ထာဝရ ပိုင်ဆိုင်သွားရမယ့် နေရာလေးပါ
သင်ဘယ်လောက် အိပ်ရာကောင်းကောင်းနဲ့ အိပ်တတ်ပါစေ
ဒီနေရာမှာတော့ သင့်အတွက် ပန်းမွေ့ရာ မရှိပါဘူး
သင်အရမ်းချစ်၊ အရမ်းသံယောဇဉ်ရှိပါတယ်ဆိုတဲ့ သင့်မိသားစုလည်း
ဤနေရာမှာ သင့်ကို ဘယ်သူမှ အကူအညီလာမပေးနိုင်ပါဘူး
သင့်ရဲ့ ကုသိုလ်၊ အကုသိုလ် နဲ့ အညီ တရားစီရင်ဖို့
ဤနေရာလေးဟာ နိဒါန်းလေးပါ
သင်တစ်ယောက်ထဲ သွားရမယ့် ဒီခရီးအတွက် သင်ကြိုတွေးထားပြီးပြီလား
နေ့မြင်ညပျောက် . . . မနက်က အကောင်း ညကျ အလောင်းဆိုတဲ့ ဆိုရိုးစကားကို
သင်ကိုယ်တိုင် ပိုင်ဆိုင်တော့မှာပါ . . . အဲဒီအတွက် ကြိုတင်ပြင်ထားပြီလား . . .
အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာ မရွေး သေခြင်းတရားကို မည်သူမဆို
မြည်းစမ်းကြရမှာပါ။ နိစ္စဓူဝများကြားမှာ ဤနေရာလေးကို ကျနော်ကိုယ်တိုင်မေ့လျော့နေလို့
ကိုယ့်ကိုကိုယ် သတိပေးတဲ့အနေနဲ့ တင်ပေးလိုက်တာပါ။
By: Hay Shan

By: Abfsu Hinthada

၁၉၇၀ ခုနှစ်အတွင်းက မဟာသီ၇ိသုဓမ္မဒေါ်ခင်ကြည် ဦးမြင့်စိန်
(တ၇ားေ၇းဝန်ကြီးဟောင်း) ဒေါ်အောင်ဆန်းစုကြည် ပန်းချီဆ၇ာ ပေါ်ဦးသက် တို့ အား ဒေါ်ခင်ကြည်နေအိမ် ဓါတ်ပုံ
ဆ၇ာ ဦးစိန်ဝင်း (ပန်းတော်ဝင်-တပ်ကုန်း) မှ မှတ်တမ်းတင်ထားသည်....
(တ၇ားေ၇းဝန်ကြီးဟောင်း) ဒေါ်အောင်ဆန်းစုကြည် ပန်းချီဆ၇ာ ပေါ်ဦးသက် တို့ အား ဒေါ်ခင်ကြည်နေအိမ် ဓါတ်ပုံ
ဆ၇ာ ဦးစိန်ဝင်း (ပန်းတော်ဝင်-တပ်ကုန်း) မှ မှတ်တမ်းတင်ထားသည်....
No comments:
Post a Comment