Friday, July 6, 2012

ကျောင်းသား ၁၀ဦးကျော်ကို သက်ဆိုင်ရာက ယာယီထိန်းသိမ်းလိုက်ကြောင်း

ဗကသများအဖွဲ့ ချုပ်(ဗဟိုလုပ်ငန်းကော်မတီက မဖြိုးဖြိုးအောင်၊ ကိုမိုးထက်နေ၊ ကိုအောင်မှိုင်းဆန်းတို့ အပြင် ဗကသအဖွဲ့ ဝင် ကျောင်းသားများကို အာဏာပိုင်များက 7 July အကြိုအခုညမှာ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း၊ ဒီလုပ်ရပ်ကို ရှုံ့ချကြောင်း ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် 7 July နှစ်၅၀ပြည့် အခမ်းအနားလုပ်ဖို့ လျာထားတဲ့ ၈၈မျိုးဆက်ကျောင်းသားများရုံးကိုလည်း SBများက ၀င်ရောက်စစ်ဆေးကြောင်း၊ ဗကသ ကျောင်းသားခေါင်းဆောင်တစ်ဥိး ဖြစ်တဲ့ ကိုကျော်ကိုကို ကိုလည်း လိုက်ရှာနေကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်၊ ဇူလိုင် ၆

သမိုင်းဝင်တက္ကသိုလ်သမဂ္ဂအဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက်နေ့ မရောက်ခင် တစ်ရက်အလို ဇူလိုင်လ ၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ခေါင်းဆောင်အချို့အပါအ၀င် ကျောင်းသား ၁၀ဦးကျော်ကို သက်ဆိုင်ရာက ယာယီထိန်းသိမ်းလိုက်ကြောင်း ယင်းနေရာသို့ ရောက်ရှိ သတင်းရယူနေသောThe Voice Weekly သတင်းထောက်က ယနေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။

ယာယီထိန်းသိမ်းခံရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်( ဗကသ)ကျောင်းသားအချို့မှာ ရန်ကုန်မှ ငါးဦး၊ မန္တလေးမှ နှစ်ဦး၊ မုံရွာမှ တစ်ဦး၊ မြင်းခြံမှ ခုနစ်ဦးခန့်တို့ ယာယီထိန်းသိမ်းခံရသည်ဟု လတ်တလောစုံစမ်းမှုများအရသိရပြီး ၄င်းတို့ထဲတွင် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့ ပါဝင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်းမှ စုံစမ်းသိရှိရသည်။

ယာယီထိန်းသိမ်းခံရသည့် ဗကသကျောင်းသားများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရှိရသေးကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းမှ သိရသည်။

“ တစ်ယောက်ပဲကျန်ရင် အဲတစ်ယောက်ကပဲ ဆက်လုပ်သွားးမယ်။ ဒီလိုမျိုး ခေါ်ဆောင်သွားတာဟာ ဒီမိုကရေစီကူးပြောင်းရေးကာလမှာ အနှောင့်အယှက်ဖြစ်သလို နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက အရပ်ဘက် လူ့အဖွဲ့အစည်းကိုလည်း ခြိမ်းခြောက်ရာ ရောက်ပါတယ်” ဟု မင်းကိုနိုင်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးတွင် ယနေ့(ဇူလိုင်လ ၆ ရက်နေ့) ည ၁၂ နာရီခန့်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် သမိုင်းဝင်တက္ကသိုလ်သမဂ္ဂအဆောက်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ရန် စီစဉ်ထားသည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးကိုလည်း ယနေ့ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် သက်ဆိုင်ရာက ဧည့်စာရင်းဝင်စစ်ခဲ့ကြောင်း ယင်းအဖွဲ့ရုံးထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် အဆိုပါအောာက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ဖြစ်အောင် လုပ်မည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးက ပြောကြားသည်ဟု The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

သမိုင်းဝင် တက္ကသိုလ်သမဂ္ဂအဆောင်အအုံ ဖောက်ခွဲခံခဲ့ရခြင်း နှစ် ၅၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ ကိုကျော်ကိုကို က The Voice Weekly သို့ ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားသည်။

ယင်းအောက်မေ့ဖွယ်အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်ပြုခဲ့ခြင်းမရှိပေ။

ဇူလှိုင် ၇ နေ့သည် နိုင်ငံတော်မှ တရားဝင်ရုံးပိတ်ရက်မဟုတ်သည့်အတွက် သမိုင်းဝင် ကျောင်းသာသမဂ္ဂ အဆောက်အအုံပြိုပျက်ခဲ့သည့် အောက်မေ့ဖွယ်အခမ်းနားကို လုံးဝကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာန သို့ ပြောဆိုထားသည်။

ကိုလိုနီစနစ်ကို တွန်းလှန်တိုက်ခိုက်ခဲ့သော ဗမာ့ လွတ်လပ်ရေး ခေါင်ဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ခဲ့သည့် ကျောင်းသားသမဂ္ဂနှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောင်အအုံကို ဦးနေ၀င်း အစိုးရလက်ထက်တွင် ဖြိုဖျက်ခဲ့သည့်အပြင် ကျောင်းသားများကို အစုလိုက် အပြုံလိုက်သတ်ခဲ့သည့် 7 July အဖြစ်အပျက်မှာ နှစ်၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။
 

ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည် လုပ်ငန်းကော်မတီ )
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ကျောက်ဆည်) မှ ကျောက်ဆည်မြို့ ၊ ရေဥိးကျောင်းတိုက် တွင် (၅-၇-၁၂) နေ့ နံနက်က
နှစ်ငါးဆယ်ပြည့် ဆဲဗင်းဂျုလိုင် အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ပြီး ၊ ကျဆုံးပေးဆပ်ခဲ့သော ရဲဘော်နောင်တော် တို့အား ရည်ဇူးလျက် သံဃာတော်တို့အား နေ့ဆွမ်း ဆက်ကပ်၍ အမျှ ကုသိုလ် ဝေခဲ့ပါသည် ။

သတင်းနှင့်ပြန်ကြားရေး ကော်မတိ
နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ ကျင်းပရေးကော်မတီ
ဗကသများ အဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ)
 
  
လူ ၁၀၀ ကျော်သေတာမဟုတ်ပါဘူး..တဲ့။ အမှန်က ဟုတ်ပါတယ်၊ သေတာမဟုတ်ပါဘူး အသတ်ခံရတာပါ။
 
 

ဒါး ဒါးချင်း လှံ လှံချင်းရှင်းမယ်လို့ ကြိမ်းမောင်းပြီးတက်လာတယ်။ မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်မယ်လို့ခြိမ်းခြောက်ပြီး ပြန်ဆင်းသွားလေသူ.......
 
 
Wednesday

ဒီဖြတ်ပိုင်းတွေကတော့(နိုင်ငံတော်လုပ်ကြံမှုနဲ့ဆိုင်တာတွေပါ) တခေတ်လုံး ကိုယ့်ကိုယ်ကို နိုင်ငံတော်ဆိုပြီးခေါ်နေသူတွေက သူတို့ကိုသွားသတ်ဖို့ကြံရင်(နိုင်ငံတော်လုပ်ကြံတယ်)ဆိုပြီးပြောတာဗျ။ ဖြတ်ပိုင်းက (၇)ခုတောင်။ ဒါက ၁
 
 
 
 
 
Wednesday

ဒီဖြတ်ပိုင်းတွေကတော့(နိုင်ငံတော်လုပ်ကြံမှုနဲ့ဆိုင်တာတွေပါ) တခေတ်လုံး ကိုယ့်ကိုယ်ကို နိုင်ငံတော်ဆိုပြီးခေါ်နေသူတွေက သူတို့ကိုသွားသတ်ဖို့ကြံရင်(နိုင်ငံတော်လုပ်ကြံတယ်)ဆိုပြီးပြောတာဗျ။ ဖြတ်ပိုင်းက (၇)ခုတောင်။ ဒါက (၃)
 
 
 
 
 
 
 

ဒီဖြတ်ပိုင်းတွေကတော့(နိုင်ငံတော်လုပ်ကြံမှုနဲ့ဆိုင်တာတွေပါ) တခေတ်လုံး ကိုယ့်ကိုယ်ကို နိုင်ငံတော်ဆိုပြီးခေါ်နေသူတွေက သူတို့ကိုသွားသတ်ဖို့ကြံရင်(နိုင်ငံတော်လုပ်ကြံတယ်)ဆိုပြီးပြောတာဗျ။ ဖြတ်ပိုင်းက (၇)ခုတောင်။ ဒါက (၇) ကုန်ပြီ။
 
 

No comments: