Friday, July 13, 2012

ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာမှ ကျောင်းသူတစ်ဦးအား ဘင်္ဂလီမူဆလင်များ ဗရကာရပြောဆို၍ ဖမ်းဆီးထိန်းသိမ်းထားလိုက်ရ

Written by မင်းသွီး    Friday, 13 July 2012 17:28   


545010 362523573820315 317401011 nကျောက်ဖြူမြို့တွင် ၆တန်းကျောင်းသူ တစ်ဦးအား ပိုက်ဆိပ်ရွာမှ ဘင်္ဂလီမူဆလင်များက ဗရကာရပြုကျင့်ရန် ခြိမ်းခြောက်ပြောဆိုမှုကြောင့် ယင်းကျောင်းသူမိသားစုမှတစ်ဆင့် တာဝန်ရှိသူများအား တိုင်ကြားလိုက်နိုင်၍ ယင်းဘင်္ဂလီမူဆလင်များအား ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့ ပြင်ဖြူမော်ရွာနေ ကျောက်ဖြူ အ.ထ.က(၂) ကျောင်းတွင် ပညာသင်ကြားနေသော ၆တန်းကျောင်းသူတစ်ဦးသည် ပြင်ဖြူမော်ရွာသို့ ပြန်ရာတွင် ဘင်္ဂလီမူဆလင် ပိုက်ဆိပ်ရွာကို ဖြတ်သန်းသွားရာ ပိုက်ဆိပ်ရွာမှ ဘင်္ဂလီမူဆလင်၎ဦးမှ ယင်းကျောင်းသူအား ယခုကဲ့သို့ ဗရကာရပြုကျင့်ရန် ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
"အ.ထ.က(၂)ကနေ ကျောင်းဆင်းပြီး ပြင်ဖြူမော်ကိုပြန်ရင် ပိုက်ဆိပ်ရွာကိုဖြတ်ပြီးတော့ ပြန်ရပါတယ်။ အဲဒီကျောင်းသူက တစ်ယောက်တည်းဖြစ်နေတော့ ပိုက်ဆိပ်ရွာက ဘင်္ဂလီမူဆလင်တွေက ထွက်လာပြီး သူ့လက်ကိုဆွဲတယ်။ အဲဒီတော့ ကောင်မလေးကလည်း အဲဒီကုလားတွေကို ဆဲတာပေါ့နော်။ ဆဲလိုက်တော့ ဘင်္ဂလီမူဆလင်တွေက သူ့ကို ကျောက်နီမော်က မသီတာထွေးလိုဖြစ်သွားချင်လားလို့ မေးတယ်တဲ့၊ အဲဒီတော့ အဲဒီကျောင်းသူကလည်းကြောက်ကြောက်နဲ့ အိမ်ကိုငိုယိုပြေးလာပြီး မိဘတွေကိုပြောပြလိုက်တယ်။ မိဘတွေက တစ်ဆင့် သက်ဆိုင်ရာရဲတွေကို အကြောင်းကြားလိုက်လို့ ရဲစခန်းက အဲဒီလိုပြောတဲ့ ဘင်္ဂလီမူဆလင်တွေကို ဖမ်းစီးထိန်းသိမ်းထားလိုက်ပါပြီ"ဟု ကျောက်ဖြူမြို့ခံတစ်ဦးမှ ပြောသည်။
မသီတာထွေးကိုကျူးလွန်သည့် ပြစ်မှုမျိုး မကျူးလွန်ရအောင် ယင်းဘင်္ဂလီမူဆလင်များအား ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ အရွယ်မရောက်သေးသော ၆တန်းကျောင်းသူအား ယခုကဲ့သို့ မဖွယ်မရာ လက်ဆွဲပြီး ဗရကာရပြုကျင့်ရန် ခြိမ်းခြောက်ပြောဆိုခြင်းအပေါ် ဒေသခံများအနေဖြင့် မကျေမနပ်တစ်ချို့ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရှိရသည်။

No comments: