
နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို တိုင်းမှူး တစ်ယောက် အနေနဲ့ ကွင်းဆင်းပြီ ဆိုရင် ယခင် တိုင်းမှူးများလို ကျပ် (၁၀) သိန်း၊ (၁၅) သိန်း ယူလာပြီး ရက်ရက်ရောရော လှူဒါန်းရမဲ့အစား နှမြောတွန့်တိုစွာဖြင့် ကျပ် (၃) သိန်း ခန့်သာ ယူဆောင်လေ့ရှိကြောင်း သိရပါတယ်။ မြစ်ဆုံကိစ္စ ဗုံးကွဲတဲ့ဖြစ်စဉ်မှာ ကကကြည်းက ထုထောင်းတဲ့အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းတစ်ယောက် KIA အပေါ် အနာတရ ရှိခဲ့ကြောင်း သိရပါတယ်။ ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ရတဲ့ကိစ္စတွေမှာလည်း ကကကြည်း ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ပယောဂ မကင်းဘူးလို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ ယခုတော့ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာ ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်လာတဲ့အတွက် တမျိုးတဖုံ ပြောင်းလဲမှာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့လာပါတယ်။
No comments:
Post a Comment