Tuesday, July 10, 2012

ဦးရဲထွန်း ကွယ်လွန်

ဦးရဲထွန်းသည် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့  ညနေ (၆) နာရီခန့် အချိန် (အမေရိကန်စံတော်ချိန်) တွင် အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပြည်နယ် (Indiana State)၊ ဖို့ ဝိန်းမြို့  (Fort Wayne) တွင် ကွယ်လွန်သွားပါကြောင်း အနီးအဝေးရှိ မိတ်ဆွေသင်္ဂဟများအား အသိပေးအပ်ပါသည်။

ဦးရဲထွန်းသည် မြန်မာတပ်မတော်မှ တပ်ကြပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအချိန်ကာလ၌ ထိုင်း-မြန်မာနယ်စပ်ဒေသသို့  ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် ကျောင်းသားရဲဘော်များအား စစ်သင်တန်းများကို ပို့ ချပေးခဲ့ရုံသာမက စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေးလှုပ်ရှားမှုနှင့် မြန်မာပြည် ဒီမိုကရေစီရရှိရေး အရေးတော်ပုံကြီးအတွင်း တက်တက်ကြွကြွနဲ့  ပါဝင်ခဲ့သူ ဖြစ်ပါသည်။

No comments: