ပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက်
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက်
ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်
ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ
ဆုံးရှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင်
တည်ငြိမ်နေသည့်တိုင် ရေရှည်တွင် စိတ်မချရကြောင်း၊ ထို့ကြောင့်
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးသင့်ကြောင်း သမ္မတ
ဦးသိန်းစိန်ထံ တင်ပြခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ ရခိုင်လူမျိုးများနှင့် တခြားသော
တိုင်းရင်းသားတို့သည် လူနည်းစုများ ဖြစ်နေကြောင်း၊ ၎င်းတို့အား
ကာကွယ်စောင့်ရှောက်ရန် ရခိုင်အမျိုးသားများ ကိုယ်စားပြုသည့် တပ်ဖွဲ့များကသာ
အပြည့်အ၀ တာဝန်ယူ ကာကွယ်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်ဖွဲ့စည်းရေးကိစ္စ သမ္မတကို တင်ပြတော့ သမ္မတကတော့ ဘာမှတ်ချက်မှ
မပေးသေးဘူး။ ဒီကိစ္စဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်လား၊ ကာချုပ်ရဲ့
လုပ်ပိုင်ခွင့်လားဆိုတာ မသိပါဘူး။ ကျနော်တို့က လိုအပ်ချက်အရ တင်ပြတဲ့
သဘောပဲရှိတယ်” ဟု ဦးလှစောက ဆိုသည်။
၎င်းက “ဥပဒေတွေ စည်းကမ်းတွေ ရှိတာမှန်ပေမယ့် ဒီကိစ္စဟာ ပြည်ထောင်စုအတွက်
လုံးဝ လက်ခံသင့်တယ်လို့ ကျနော်မြင်တယ်။ သမ္မတကြီးကိုလည်း ပြောခဲ့တယ်။
ကျနော်တို့ဟာ အနောက်ဘက် တံခါးကြီးကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ်
ဆိုတာကိုပါ” ဟု ဆိုသည်။
ရခိုင်အမျိုးသားတပ် သို့မဟုတ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စသည်
အစိုးရ၊ တပ်မတော်၏ ခေါင်းဆောင်ပိုင်းများနှင့် စနစ်တကျ ဆွေးနွေးရမည်
ဖြစ်ကြောင်း၊ ထိုကိစ္စသည် နက်နဲသိမ်မွေ့သည့် ကိစ္စဖြစ်သည့်အပြင် အပြန်အလှန်
ယုံကြည် လက်ခံနိုင်မှုလည်း လိုအပ်ကြောင်း၊ မောင်တော၊ ဘူးသီးတောင်
မြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားများ၏ ကျေးရွာတခုချင်းစီအား
တပ်မတော်အနေဖြင့် လုံခြုံရေး တာဝန်ယူပေးရန် ခက်ခဲမည်ဖြစ်ကြောင်း
ရခိုင်ခေါင်းဆောင်များက ပြောသည်။
ရခိုင်ပြည်သူများ၏ လတ်တလော လုံခြုံရေးနှင့် အနာဂတ်အတွက်
ရခိုင်ပြည်သူများအား ကိုယ်စားပြုထားသည့် ကာကွယ်ရေး တပ်တခုကို ရခိုင်ပြည်သူ
တရပ်လုံးက လိုလားနေကြကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့်
ဆွေးနွေးညှိနှိုင်းပြီး ဥပဒေဘောင်အတွင်းက လုပ်ဆောင်နိုင်ရန်
ဆောင်ရွက်သွားမည် ဟု RNDP ပါတီ ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာ အေးမောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်၌ လက်နက်ကိုင် တပ်ဖွဲ့သည်
တပ်မတော် တခုတည်းသာ ရှိရမည်ဟု ပါရှိသည်။ တခုတည်းသော တပ်မတော်၏ လက်အောက်၌
မိမိတို့တိုင်းရင်းသား ကိုယ်စားပြုထားသည့် နယ်ခြားစောင့်တပ်နှင့်
ပြည်သူ့စစ်များ ဖွဲ့စည်းပိုင်ခွင့် ရှိသည်။
ရခိုင်လူမျိုးများ၏ လက်နက်ကိုင် အင်အားစုတခုအဖြစ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တခုသာ ရှိကြောင်း၊ ALP သည် အစိုးရနှင့်
ငြိမ်းချမ်းရေး သဘောတူညီမှု ပဏာမအဆင့် ဆောင်ရွက်ပြီး ဖြစ်၍ နယ်ခြားစောင့်တပ်
ဖွဲ့စည်းရေး၊ ပြည်သူ့စစ် စနစ် တည်ဆောက်ရေးကိစ္စတို့ကို
အစိုးရအာဏာပိုင်များနှင့် ALP တို့က ဦးဆောင်၍ လုပ်ဆောင်နိုင်မည် ဟုလည်း
ဒေါက်တာ အေးမောင်က ဆိုသည်။
“မောင်တော၊ ဘူးသီးတောင်မှာ တပ်က မရှိမဖြစ် လိုအပ်နေတဲ့သဘောပါ။
ပြည်သူ့စစ် စနစ်ဆိုတာတော့ ရှမ်းပြည်နယ်မှာ ဖွဲ့စည်းထားသလိုပဲ
ရခိုင်တပြည်လုံးက ရွာတွေမှာ ထားပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊
အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမှာပါ” ဟု လည်း ၎င်းက ပြောသည်။
ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောဆိုရာတွင် ၎င်းတို့သည် တပ်မတော်တခုအနေဖြင့်သာ ရပ်တည်နေသေး၍
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စအပေါ် သဘောထား မပေးလိုကြောင်း၊
ရခိုင်ပြည်သူများက တောင်းဆိုလာပါက ပါတီ အစည်းအဝေးများ လုပ်ဆောင်၍
နည်းလမ်းတခုဖြင့် ဆောင်ရွက်နိုင်ဖွယ် ရှိကြောင်း ဆိုသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး၊ ပြည်သူ့စစ် စနစ်ဖွဲ့ စည်းရေးကိစ္စ
အကောင်အထည်ဖော်နိုင်ရေး တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်၊
မောင်တောဒေသအား ကြို တင်ကာကွယ်မှု မရှိပါက တိုင်းတပါး လက်အောက်ကျ
ရောက်သွားနိုင်ကြောင်း ပြောသည်။
ယခင် အစိုးရ အဆက်ဆက်သည် ၎င်းတို့၏ ကိုယ်ကျိုးအတွက် လာဘ်ပေး၊ လာဘ်ယူပြု၍
တရားမ၀င် လူခိုးသွင်းခြင်း၊ ဖဆပလ အစိုးရသည်လည်း ၎င်းပါတီအနိုင်ရရေးအတွက်
တဘက်နိုင်ငံမှ တရားမ၀င် လာရောက်သူများကို နိုင်ငံသားကတ် ထုတ်ပေးပြီး
မဲပေးခိုင်းခြင်း စသည့် သာဓကများစွာ ရှိကြောင်း၊ ထိုကိစ္စများကို
အခွင့်ကောင်း ယူ၍ မောင်တော၊ ဘူးသီးတောင် ဒေသကို မေယုပြည်နယ် သတ်မှတ်ပေးရန်
ဘင်္ဂါလီများက တောင်းဆိုခဲ့သည့် သမိုင်းကြောင်းများ ရှိကြောင်း
ဦးအေးသာအောင်က ဆိုသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ချင်းပြည်နယ် ၀န်းကျင်ပဲ ရှိပေမယ့် လူဦးရေက
သန်းရာကျော်ရှိနေတယ်။ လူဦးရေ ပေါက်ကွဲမှု ဖြစ်နေတယ်။ ဒီတော့
မြန်မာနိင်ငံကိုရော၊ အိန္ဒိယကိုပါ ခိုးဝင်မှု တအားများတယ်။ ဒါကို
ကာကွယ်ဖို့ဆိုရင် အမျိုးသားရေးစိတ်ရှိတဲ့ သူတွေကပဲ ကာကွယ်
တာဝန်ယူနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
မောင်တောမှ စတင်ဖြစ်ပွားခဲ့သသည့် အကြမ်းဖက်မှုများကြောင့် မောင်တော၊
ဘူးသီးတောင်၊ စစ်တွေ ဒေသတို့၌ ကျေးရွာ အများအပြား မီးလောင်ကျွမ်းခဲ့ပြီး၊
လူဦးရေ သောင်းချီ၍ အိုးမဲ့အိမ်မဲ ဖြစ်ခဲ့ရသည်။ ထို ပဋိပက္ခများကြောင်း လူ
၇၀ ကျော် သေဆုံးခဲ့ပြီး ရာဂဏန်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
http://www.blogger.com/blogger.g?blogID=4489889325625121963#editor/target=post;postID=2134225040857277839
အာသံမှာတော့ ဒုတိယရခိုင်ဖြစ်ပြီ။
ဘင်္ဂါလီတွေဘာသာရေးဘန်းပြပြီးယုတ်မာကြပြန်ပြီ။
Flames erupt from huts built on the banks of river Gourang during
violence near Kokrajhar town in the northeastern Indian state of Assam
July 24, 2012. Police shot at a roving mob in Assam on Tuesday as
security forces struggled to contain ethnic fighting that has killed 22
people and left remote hamlets in flames, forcing tens of thousands from
their homes. REUTERS/Stringer (INDIA - Tags: CIVIL UNREST TPX IMAGES OF
THE DAY) REUTERS
RAYUAN: Di bulan puasa Ramadan ini banyak
tempat makbulnya doa. Malah, janji Allah doa orang yang berpuasa itu
sendiri makbul. Bayangkan kalau mesej ini tersebar dan di SHARE kepada
berjuta umat Islam dan semuanya berdoa. Insya Allah kita dapat bantu
saudara se Islam kita di Rohingya, Myammar yang sedang ditindas dan
dibunuh itu dengan doa kita semua. Doakan umat Islam di sana diberikan
kekuatan dan kemenangan serta sedekahkan bacaan Al-Fatihah buat mereka
semua, baik yang hidup atau mati.
Dalam gambar di atas,
anak-anak kecil yang tidak berdosa mati dengan tangannya masih terikat
rapi. Saya sedih.. pilu.. marah... anda bagaimana?
အပေါ်ပုံက မလေးမှာ နာဂစ်တုံး ကပုံကို အခုသတ်နေတဲ့ပုံပါဆိုပီးဖြန့်နေတာပါ။
This is the photo from cyclone Nargis and they are spreading false
informations that this is the recent killing of Burmese to Muslims. The
information was spread in Malaysia. I think anyone working in the
Burmese movement definitely know this is the photo from Nargis victims.
It's such a shame to use these pictures just to gain sympathy from the
international community and trick them.
This
is one of the evidences MUSLIMS extremists are lying. It is written in
Malay. If you google translate it you will see they are doing prpaganda.
The photos are originally ours which we had posted during CYCLONE
NARGIS. They are saying so-called Rohingya are dying! Where is the
credibility?
ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ
မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၂
ယခင် ဇွန် ၈ က စတင်ပြီး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှ အစပြု၍
ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရေးအခင်းများ
ဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများက
ထုတ်ဖော်ပြောဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ
အမည်ခံယူထားသည့် မူဆလင်များအား မြန်မာတို့က ရက်စက်စွာ
သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ
ဖြစ်ပေါ်လာသည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု
ပြောဆိုသည်အထိ ဖြစ်လာသည်။
အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည်
မြန်မာပြည်တွင်းရှိ တိုင်းရင်းသားနယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ
ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ်
အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ
သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်း လူပေါင်းများစွာ
သေဆုံး ဘေးဒုက္ခကပ်ဆိုက်ခြင်း စသည့် အရေးအခင်း ဘေးအန္တရယ် အသီးသီး
ဖြစ်ပျက် ရင်ဆိုင်ခဲ့ရစဉ်က အထက်ပါ အရေးကိစ္စကဲ့သို့ မည်သည့်နိုင်ငံကမျှ
အထူးတလည်အားဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များ ၀င်ရောက်ကယ်တင်ရန်
ကုလအတွင်းရေးမှူးအား တိုက်တွန်းခဲ့သည့် သတင်းကြားသိခဲ့ရခြင်း မရှိပေ။
ယခုကဲ့သို့ ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီလူမျိုးစုတို့၏ အရေးကိစ္စမှာ
မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများ၊
ဘာသာရေးအဖွဲ့အစည်းများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်မှာ ထပ်မံ၍
စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်တွင်းက
သမိုင်းကော်မရှင်အဖွဲ့မှ ဦးမြင့်သိန်း၏ သမိုင်းသုတေသနစာတမ်း၊
http://www.scribd.com/doc/100485171/Ya-Khain-Sar-Tan-Report-on-Rakhine
http://www.mediafire.com/view/?tw2co50cgxtc9wx
လက်ရှိအရေးအခင်းအပေါ် ရခိုင်ပြည်နယ် အမတ်တဦးဖြစ်သူ ကပ္ဗတိန်သာစိန်၏ စာတမ်း၊
http://www.scribd.com/doc/100484772/Speech-by-Captain-Thar-Sein-at-Burmese-Parliament-on-Rohingya-s-threat
http://www.mediafire.com/view/?yhcbevirhjocclb
မျက်မှောက် ရခိုင်ပညာရှင်များ၏ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသ
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေး အကြံပြုတင်ပြချက်
http://www.scribd.com/doc/100790161/Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past
http://www.mediafire.com/view/?adr233g4mouc86i
စာတမ်း ၃ စောင်ကို မိုးမခက အများပြည်သူတို့ လေ့လာဖတ်ရှုနိုင်ရန် စုစည်း တင်ပြလိုက်ပါသည်။
ထိုင်းနိုင်ငံရောက်မြန်မာရဟန်းသံဃာတို့လက်တွင် " Rohingya No"ဟု ရေးထိုးကာ
ယနေ့ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားတို့ နှင့်အတူ ဆန္ဒပြခဲ့ကြသည်။ ကချင်ဒေသတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်အမြန်ဆုံးရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊မြန်ပြည်ပြန်ခွင့်နှင့် ၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရန်စသည့်တောင်းဆိုချက်များပါဝင်သောအိပ်ဖွင့်ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ထံသို့ပေးအပ်ခဲ့သည်။
Reuters Pictures
Tuesday, July 24, 2012
Sithu Linn
ရခိုင်ပြည်
လွတ်မြောက်ရေး ပါတီ ALP ၏ တပ်ခွဲတခွဲနှင့် အမည်မသိ
လက်နက်ကိုင်အဖွဲ့တဖွဲ့တို့ အကြား ဇူလိုင်လ ၁၅ ရက်နေ့က
ဘင်္ဂလား-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့
ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် အမှတ် ၉ တပ်ရင်းက ဗိုလ်ကြီး
ခိုင်လင်းဦးဆောင်တဲ့ စစ်ကြောင်း ၁ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ
အဖွဲ့တဖွဲ့ကနေ အင်အား ၅၀ လောက်ရှိပါတယ်။ လက်နက် အပြည့်အစုံနဲ့လာတာပါ။
ကင်းသမားက စပြီးပစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ အဲ့ဒီနေ့က တနာရီနီးပါး
လောက်ဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်က ထိခိုက်ကျဆုံးမှုမရှိပါ။သူတို့ဘက်က
ထိခိုက်မှုရှိတယ်မရှိဘူး ဆိုတာကတော့ ဒေသခံတွေ ပြောတာကတော့
ထိခိုက်ဒဏ်ရာရတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့တော့ အတိအကျ
မမြင်ခဲ့ရပါ” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီရဲ့ စည်းရုံးရေးနှင့်
ပြန်ကြားရေး အဖွဲ့ဝင် ကိုအောင်စိုးသန်းက ဧရာဝတီကိုပြောသည်။
မောင်တော
အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်နဲ့ နီးစပ်သူတိဦးကလည်း
“တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ အဲ့ဒီလမ်းက စိုင်းတင်းချောင်းဘက်ကို
ကျော်တဲ့လမ်း၊ အဲ့ဒီ နေရာမှာကတော့ ALP နဲ့ ဖြစ်ဖို့ သေချာပါတယ်။
အဲ့ဒီနေရာမှာ ဒီဘက်ကိုဆိုရင် မရိတ်ချောင်းကို ဆင်းလို့ ရတယ်။ ဒီဘက်က
အစိုးရတပ်ကလည်း သတင်းရထားတယ်။ ဒီမှာတော့ စတင်းဘိုင် လုပ်ထား တယ်။ နယ်စပ်တွေ
တလျှောက်လုံးကို စတင်းဘိုင် လုပ်ထားပြီသားပါ” ဟု ဆိုသည်။
ALP သည်
မကြာသေးမီက ရခိုင်ပြည်တွင်း မငြိမ်မသက်မှု ဖြစ်ပွားကတည်းက ဘူးသီးတောင်
ခမောင်းချောင်းဘက်တွင် တပ်ခွဲတခွဲ၊ ပလက်မြို့နယ် ပီချောင်းဒေသဘက်တွင်
တခွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ် တွေမှာလည်း ဖြန့်ကျက်နေရာချထားသည်ဟု
ကိုအောင်စိုးသန်းက ဆက်ပြောသည်။
“ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့ အနေနဲ့တော့ ကျွန်တော်တို့အားလုံး ညွန်ကြားထားပါတယ်” ဟု သူက ရှင်းပြသည်။
အစိုးရ နှင့် ALP တို့ မကြာသေးမီက သဘောတူ လက်မှတ်ရေးနိုင်ခဲ့ကြသည့် အချက် ၅ ချက်
~ ဧပြီလ ၆ ရက်နေ့က စပြီး ALP နဲ့ မြန်မာတပ်မတော် အကြား အပြန် အလှန် တိုက်ခိုက်နေမူကို ရပ်တန့်ရန်၊
~ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကိုကျောက်တော်နဲ့ ပလက်ဝမှာ ဖွင့်လှစ်ရန်၊
~
ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ
နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက်
ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊
~ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ အဖွဲ့ဝင်များကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုရန်
~
နှစ်ဦး နှစ်ဘက် သဘောတူညီတဲ့ အချိန်၊ သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း
တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများ
ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးကြရန်
ALP သည်
၁၉၈၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ
နယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။
~
ငြိမ်းချမ်း
"ဒီဖွတ်တွေ ရိုဟင်ဂျာ ကို ထောက်ခံ နေကြ သလား ၊ အဖြူ အမဲ ကွဲ ကြပါ"
ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိမြို့ကြီးများအနှံ့အပြားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ဇူလိုင် ၂၁ ရက်နေ့မှ စတင်လွှင့်ထူထားသည်ကိုတွေ့မြင်ရစဉ် ။
ကျမတို့က ဟိုလူမျိုးတွေနဲ့ ဘယ်လိုကြည့်ကြည့် တူစရာလား
ပြန်ကြားရေးဝန်ကြီး ဖြေရှင်းရမည့် ပြသနာ
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး အဓိကဘာလဲ
ကျွန်တော်တို့  လိုချင်သည်မှာ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးအပြည့်အဝ
ရရှိရေးဖြစ်သည် ။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည် ။
သို့ သော် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဘာမျှမရရှိကြောင်း
ပြည်တွင်းမှ ပေးပို့ သော သတင်းများကို ကိုးကားပြောဆိုကြသည် ။
ပြည်ပသတင်းများကို ကိုးကားပြောဆိုသောအခါ မွတ်ဆလင်ဘာသာဝင်များက
ဂျီဟပ်စစ်ဆင်ရေးပြုလုပ်ရန် ရခိုင်ပြည်နယ်ကို ကြေညာနေသည်ဟု ဆိုတော့
ဤပြသနာမှာ စဉ်းစားစရာဖြစ်လာသည် ။
ယခုဖြစ်နေသော ရခိုင်ပြည်နယ်၌
ရခိုင်လူမျိုးနှင့် မွတ်ဆလင်ဘာသာဝင်ဘင်္ဂလီလူမျိုးတို့ မှာ တကယ်တမ်းအားဖြင့်
အုပ်ချုပ်ခံ လူမျိုးများသာဖြစ်သည် ။ လူမျိုးတမျိုးကို လူမျိုးတမျိုးက
အတွင်းသိ အစင်းသိ ဖြစ်ကြ၍ ပြောကြရေးကြသည် ။ လိမ်၍မရ ညာ၍မရ ။
သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍မရ ။ ထို့ ကြောင့် သမိုင်းနှင့်ပြောပြော
လက်ရှိပကတိအနေအထားနှင့်ပြောပြော ပြောနိုင်ခြင်း ၊ ရေးနိုင်ခြင်း၊
ဆိုနိုင်ခြင်း လောက်သာ ဆောင်ရွက်နိုင်သည့်လူမျိုးများသာဖြစ်သည် ။
ကျွန်တော်မကြာခဏ ရေးနေပြောနေသည်မှာ ယင်းအချက်ဖြစ်သည် ။ တကယ်တမ်းလက်တွေ
့အကောင်ဖေါ်ရသည့်သူမှာ တည်ဆဲဥပဒေအရ အစိုးရဖြစ်သည် ။
ယခုဦးသိန်းစိန်ခေါင်းဆောင်သောအစိုးရသည် မြန်မာနိုင်ငံမှာ
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း
ပြောဆိုထားသည် ။ အစိုးရကလည်း နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ
ဥပဒေမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိသည်ဟု အတိအလင်း ကြေညာထားသည်
။ သို့ ဖြစ်၍ ဒေါသထွက်ခြင်း ၊ စိတ်လိုက်မန်ပါ ပြောဆိုခြင်းများ
လိုအပ်လာလျှင် အစိုးရကိုသာ အပြစ်တင် ပြောဆိုကြရမည်မဟုတ်ပေဘူးလား ။
ရခိုင်လူမျိုးကြောင့် မွတ်ဆလင်ဘာသာင်ဘင်္ဂလီ လူမျိုးမှာ တိုင်းရင်းသားလူမျိုး
အဖြစ် အသိအမှတ် မပြုရဟု ဆိုသည်မှာ လုံးဝဥသုံ မှန်ကန်မှုမရှိချေ ။ အစိုးရက
အသိအမှတ်ပြုလျှင် မည်သူမျှ ပြောပိုင်ခွင့်မရှိ ။
ယခုအချိန်တွင်
ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးသုံးသပ်ချက်စာတမ်းကို ထုတ်ပြန်လာသည်ကို တွေ
့ရသည် ။ ဤစာတမ်းမှာ ရခိုင်လူမျိုးက ထုတ်ပြန်သောစာတမ်းဖြစ်၍
မြန်မာဘာသာစကားကို နားလည်သောသူများသာ ဖတ်နိုင်သည် ။ ယခုအချိန်တွင်
မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အဖွဲ့ ချုပ်ကော နိုင်ငံတကာမှာ ရှိသော
အစိုးရများကော သိနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသင့်သည် ။
ထုတ်ဝေရမည်လည်းဖြစ်သည် ။ သို့ မှသာ နိုင်ငံတကာအစိုးရများနှင့်
မွတ်ဆလင်ဘာသာဝင်နိုင်ငံများက သဘောပေါက် နားလည်နိုင်သွားမည်ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမူကြမ်းကို ကိုင်တွယ်
ဆွေးနွေးမည်ဟုလည်း လွှတ်တော်ကလာသောသတင်းအရ သိရသည် ။ မျက်မှောက်ကာလတွင်
ယခုဖြစ်နေသော ပဋိပက္ခအသွင်များကို
အကောင်းဆုံးငြိမ်းအေးသွားစေနိုင်သည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏
မွတ်ဆလင်ကမ္ဘာကို အဖြစ်မှန်များနှင့် ရှင်းပြပြီး မေတ္တာရပ်ခံခြင်းဖြင့်
အဆုံးသတ်စေမည်ဟု ယုံကြည်သည် ။ စင်စစ်အားဖြင့် အစိုးရသည် ဤနေရာ၌
အဓိကတာဝန်အရှိဆုံးဖြစ်သည် ။ ဒုတ်တပြက် ဒါးတပြက်ဖြစ်နေသော နှစ်ဖက်လူမျိုးကို
မီးရို့ တာလည်း သေနတ်ပိုက်ကြည့်နေခြင်း ၊ လူတွေရိုက်သတ်နေသည်ကိုလည်း
မတ်တပ်ရပ်ကြည့်နေခြင်း ၊ လုံခြုံရေးအပြည့်အ၀ ကောင်းစွာ မပေး၍ ယခုကဲ့သို့ 
နှစ်ဖက်လူမျိုးများ သေဆုံးကြရခြင်း ၊ စသည်တွေမှာ အစိုးရ၏ ပေါ့ဆမှု ၊
တာဝန်မကျေမှု ၊ လာဒ်စားမှုတို့ ကြောင့်ဖြစ်သည် ။
ရခိုင်ပြည်နယ်၏
ပြသနာများကို ယခုမှစ၍ တည်ငြိမ်အေးချမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ
အစိုးရမှ လုံခြုံရေးကို တင်းကြပ်စွာ ချထားပေးရန်လိုသည် ။
ဆောင်ရွက်ထားရန်လိုသည် ။ တက္ကသိုလ်ကျောင်းတက်ချိန် ကျောင်းသားများကို
သတ်ဖြတ်ရန် ကြံစည်သော အခြေအနေမျိုးကို နောက်ထပ်မကြားချင်ပေ ။
ကျွန်တော်ပြောလိုသည်မှာ မည်သည့်လူမျိုးဖြစ်ဖြစ် လုံခြုံရေးအားနည်းခြင်းကို
အခွင့်ကောင်းယူကာ သတ်ဖြတ်ခြင်း ၊ မီးရို့ ခြင်းကို မပြုလုပ်သင့်ဟု ထင်သည် ။
ပြည်ပနိုင်ငံတကာတွင် သတင်းအမှားများ ၊ ဓါတ်ပုံအမှားများ ထုတ်လွှင့်နေရာ
ယင်းသတင်းများကြောင့် မွတ်ဆလင်ဘာသာဝင်များက နိုင်ငံတကာမှာ ဆန္ဒပြကန်
့ကွက်ပွဲ ပြုလုပ်နေကြသည် ။ ယင်းသတင်းမျိုးကြောင့် မည်သူမဆို
ပေါက်ကွဲမည်ဖြစ်သည် ။ ယင်းသတင်းအမှားကို ဘာကြောင့်များ မဖြေရှင်းသနည်း ။
နိုင်ငံတကာမှာ ရခိုင်လူမျိုးများက မွတ်ဆလင် ဘာသာဝင် ဘင်္ဂလီ လူမျိုးများကို
ထောင်နှင့်သောင်းနှင့်ချီ၍ သတ်ဖြတ်နေသည်ဆိုသော သတင်းကို ချေပရန်
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ တာဝန်အရှိဆုံးဖြစ်သည် ။
သမ္မတဦးသိန်းစိန်၏ ဓါတ်ပုံနှင့် နိုင်ငံတော်အလံကို ခြေထောက်ဖြင့်
နင်းချေနေသည့်တိုင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စတုတ္တမဏ္ဍိုင်ကို
ကြည့်ပြီး အေးအေးလူလူနေနိုင်လွန်းသည် ။ အဓိပ္ပါယ်မဲ့ လူ ဖြစ်နေသော
ပြန်ကြားရေးဝန်ကြီး ဖြစ်နေသည် ။
ယခုဖြစ်နေသည့်ပွဲမှာ ဒိုင်လူကြီး
ရှိနေသည် ။ ဒုတိယဗိုလ်မှူးကြီးလှမင်းသည် ယခုဖြစ်နေသော ပြသနာမှာ စစ်တပ်မှ
ဒိုင်လူကြီးပါလို့  ထုတ်ဖေါ်ပြောဆိုသွားသည်ကို သတိရသည် ။ ကျွန်တော်တို့ သည်
ဒိုင်လူကြီးရှိနေသော ပွဲမှာ တရားခံအဖြစ် ပါဝင်ကစား သင့်သလား ။
သမ္မတဦးသိန်းစိန်၏ စကားကိုလည်း ကြိုဆိုပါသည် ။ ဒေါ်အောင်ဆန်းစုကြည်မှ
တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ရှိနေဖို့ 
အရေးကြီးသည် ဆိုခြင်းကိုလည်း ကျွန်တော် အကြွင်းမဲ့  လက်ခံသည် ။ သို့ သော်
ယင်းဥပဒေကို အစိုးရသည် ဘာကြောင့်များ နိုင်ငံတည်ငြိမ်အောင်
မဆောင်ရွက်နေရသနည်း ။ မီးချစ်ဆံလောက်နှင့် မီးရို့နေကြပြီး မြို
့ရွာတွေကို ပြာကျစေလောက်အောင် ၊ တုတ်တချောင်း ၊ အုပ်နီခဲ တလုံးလောက်နှင့်
အဓိကရုဏ်းဖြစ်နေသော လူအုပ်ကို လက်ပိုက်ကြည့်နေသည်မှာ စစ်တပ်ဖြစ်နေသည် ။
ခံရသူမှာ ရခိုင်လူမျိုးများသာ ဖြစ်သည် ။ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ ကို
အဏုမြူဗုံးကြဲချမှ စစ်ပွဲကြီးပြီးဆုံးသွားသည့် ဖြစ်ရပ်ရှိသည် ။
ယင်းဖြစ်ပွါးနေခဲ့ သော ရခိုင်ပြည်နယ်ကို သတင်းအမှန် မသိသော
မွတ်ဆလင်ဘာသာဝင်နိုင်ငံများ အထူးသဖြင့် အီရန်နိုင်ငံက
ကုလသမ၈္ဂငြိမ်းချမ်းရေးတပ်ကို တောင်းဆိုနေသည် ။ ကုလသမ္မဂ
ငြိမ်းချမ်းရေးတပ်ဆိုသည်မှာ လုံခြုံရေးကောင်စီမှ အဆင့်ဆင့်ဖြတ်သန်းလာရပြီး
ယင်းသို့ လာရောက်ရန်အတွက် သက်ဆိုင်သူ ကာယကံရှင်နိုင်ငံမှ အစိုးရက
တောင်းဆိုမှသာဖြစ်သည် ။
ယခုတောင်းဆိုခြင်းမှာ ပြည်တွင်း၌
လူမျိုးတုံးသတ်ဖြတ်မှုများ ရှိနေသောကြောင့်ဟု ဆိုကာ အကြောင်းပြ
တောင်းဆိုခြင်းဖြစ်သည် ။ လူမျိုးတုံး သတ်ဖြတ်ဖို့ ရခိုင်မှာ
မည်သည့်လက်နက်မှ မရှိ ။ ခံနေရသေးသည်ကို ပြည်ပက မွတ်ဆလင်ဘာသာဝင်တွေ မသိသေး ။
NGOs ဖြစ်သော -နယူးယောက်အခြေစိုက် -Amenesty International –AI ကို
ဖြေရှင်းရန်လိုနေပါပြီ ။ မလေးရှားမှာ ပြုလုပ်မည့် အာဆီယံ ညီလာခံမှာ
ဖြေရှင်းပြရမည်ဖြစ်သည် ။ ယင်းသို့  မဆောင်ရွက်က အစိုးရ၏ လုပ်ရပ်သည်
နောင်ကို သွေးချောင်းစီးစေရန်အတွက် အကွက်ဆင်နေခြင်းဟု ပြောရုံမှ
တပါးအခြားမရှိ ။ ပါကစ္စတန်မှ လူ့ အခွင့်အရေးခေါင်းဆောင်-Ansa Burney-က
ငိုနေသော ဒုက္ခရောက်နေသော သူကို တွေ့ ရန်လာမည်ဟု တနင်းလာနေ့ က
ဗီဇါလျှောက်ယင်း ပြောဆိုထားသည် ။ ကဲ မည်သူများ ကိုယ့်အိမ်မှာ
ငိုကြွေးနေရသနည်း ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment