“ဦးလေးသိန်းစိန် ပွဲမပြီးခင် ထွက်ပြေး”
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ဝိဥာဥ် ကို ပြန်လည်အသက်သွင်းဖို့ ခြေလှမ်းသာ ဖြစ်တယ်။ ဒါပေမဲ့
သမ္မတရဲ့ အထင်နဲ့ လက်တွေ့စပ်ဟတ်ချင်မှ ဟတ်မိမှာပါ။ သူ
တောင်းဆိုတာရနိုင်ဖို့ သူလုပ်ပေးရ မယ့်တာဝန်တွေ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ
သမ္မတ ဦးသိန်းစိန်အစိုးရအဖို့ ဒီမိုကရက်တလမ်းကြောင်းပေါ် ပီပီပြင်ပြင်
လျှောက်ဖို့ တွန်းပို့တာကို ခံလိုက်ရတယ်လို့ မြင်ပါတယ်။ အမေရိကားရဲ့
တွန်းထိုးခံဖို့လာတဲ့ ခရီးစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရက်တစ်စံနှုံးနဲ့အညီ
မောင်းနှင်ရမယ့်လမ်းကို ဦးသိန်းစိန်အစိုးရ မလွဲမသွေ လျှောက်ရတော့မယ်။
ရှောင်လို့မရပါ။ ၀ါရှင်တန်က VOA စီစဉ်တဲ့ တွေ့ဆုံပွဲမှာ
ပွင့်လင်းရဲတင်းတဲ့မေးခွန်းတွေ ထိတ်တိုက်တွေ့ရလို့ သမ္မတ ဦးသိန်းစိန်
ရင်ဘတ်က မိုက်ကရိုဖုံးတောင်ဖြုတ်ဖို့မေ့ ပြီး
ပွဲမပြီးခင် ထွက်ပြေးသွားရပါတယ်။ အလားတူပွဲလည်း သမ္မတကြီး ထွက် ပြေးဖူးတယ်။
အော်စလိုမှာဆန္ဒပြမှုနဲ့ ထိတ်တိုက်တွေ့လို့ ထိတ်လန့်သွားတဲ့ သမ္မတဟာ
နောက်တနေ့ မြန်မာမိသားစု တွေနဲ့ အမေးအဖြေလုပ်မယ့်အစီအစဉ်တောင် မလုပ်ရဲဘဲ
ထွက်ပြေးဖူးတယ်။ သမ္မတ ဒီတခါတော့ ထွက်ပြေးမနေပါနဲ့။ နှုတ်လည်းကျွံ ဘ၀လည်းကျွံ
တိုင်းပြည်လည်းကျွန်တပိုင်းဖြစ် နေပြီမို့ ဒီမိုကရေစီယဉ်ကျေးမှု စည်းအပြင်ကို ထွက်ပြေးဖို့ တော့ မကျိုးစားပါနဲ့လို့ဘဲ သတိပေးချင်ပါတယ်။ (ကိုညို-အော်စလို)
http://www.naytthit.net/2013/ 05/23/သမ္မတကြီး-ထွက်မပြေးနဲ့/
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကားခရီးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ဝိဥာဥ
http://www.naytthit.net/2013/
No comments:
Post a Comment