Friday, May 24, 2013

မြန်မာနိုင်ငံမှာထူးထူးခြား ရှိတဲ့ပျားရည်ဆွမ်းအလှူပွဲကို မြိတ်ကျွန်းစုအတွင်း က ထိန်ချောင်းရွာမှာ နှစ်စဉ်ပြုလုပ်လျက်ရှိ

News Of Myeik

မြန်မာနိုင်ငံမှာထူးထူးခြားခြား ရှိတဲ့ ပျားရည်ဆွမ်းအလှူ
ပွဲ ကို မြိတ်ကျွန်းစုအတွင်းက ထိန်ချောင်းရွာမှာနှစ်စဉ်ပြုလုပ်လျက်ရှိရာမှာဒီ
နှစ်မှာလည်း စည်ကားစွာကျင်းပခဲ့တယ်လို့သိရပါတယ်။
ပျားရည်ဆွမ်းလောင်းလှူပွဲဟာ ကဆုန်လပြည့်နေ့
မှာကျင်းပပြီး ထူးခြား မြင့်မြတ်တဲ့နေ့ ဖြစ်တာနှင့် အညီ ပျားရည်ဆွမ်းဟာလည်းလှူဒါန်းရတဲ့အကျိုးကြောင့်အင်မတန်မှထူးခြားမြင့်
မြတ် တဲ့ အကျိုးတွေရခဲ့တာ အားလုံးသိကြပါတယ် မြိတ်ကျွန်းစုအတွင်းက
ကတ္တလူကျေးရွာအုပ်စုမှာ ပါဝင်တဲ့ထိန်ချောင်းရွာ၊ အောင်တော်မူသာသနာ့ရိပ်
သာကျောင်းတိုက်မှာ ကဆုန်လပြည့်နေ့ ရောက်တိုင်းပျားရည်ဆွမ်းလောင်း
လှူပွဲကိုကျင်းပလာခဲ့တာ အခုဆိုရင် ၅၅ နှစ်မြောက်တိုင်ခဲ့ပါပြီလို့သိရပါတယ်
အဲဒီပျားရည်ဆွမ်းလောင်းလှူပွဲကိုဒေသခံတွေက သူတို့ ကိုယ်တိုင် ရှာဖွေလာ
တဲ့ပျားရည်စစ်စစ်တွေကို လာရောက်လှူဒါန်းတယ်လို့ သိရတယ်။ တစ်ချို့ က
လည်း ဒေသခံတွေဆီကနေပြန်ဝယ်ပြီး အလှူပွဲမှာပါဝင်ကြပါတယ်။မြန်မာ
ပြည်အရပ်ရပ်က အလှူရှင်တွေလည်းလာလေ့ရှိကြတယ်လို့ သိရပါတယ်။
ပျားရည်ဆွမ်းလောင်းလှူပွဲကို မြိတ်မြို့ ပေါ် မှ ဆရာတော်ကြီးများ၊ သံယာ
တော်များနှင့်သီလရှင်တွေအပြင် ကျွန်းစုမြို့ နယ်အတွင်း က ဆရာတော်ကြီး
များ၊သံယာတော်များ၊သီလရှင်များလည်းပျားရည်ဆွမ်းခံကြွရောက်ကြတယ်
လို့သိရပါတယ်၊
မြန်မာနိုင်ငံမှာထူးထူးခြား ရှိတဲ့ပျားရည်ဆွမ်းအလှူပွဲကို  မြိတ်ကျွန်းစုအတွင်း
က ထိန်ချောင်းရွာမှာ နှစ်စဉ်ပြုလုပ်လျက်ရှိ

No comments: