မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
၁၉၈၈ ခုနှစ်မှာ နေ၀င်းခိုင်းလို့  စစ်တပ်အာဏာသိမ်းခဲ့ရတဲ့ ဗိုလ်ချူပ်ကြီး စောမောင်ကို ဘာလို့  သန်းရွှေက အနုနည်းနဲ့  အချင်းချင်း အာဏာပြန်သိမ်းခဲ့ရတာလည်း။
******************************************
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့ မှာ ပြောခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင်
စကားတွေထဲမှာ တပ်မတော်ရဲ့  မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ရဲ့  ကာကွယ်ရေးကိုသာ
အဓိကလုပ်ဆောင်ရမှာဖြစ်ပြီး ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ အစိုးရအဖွဲ
့အစည်းကသာလျှင် တိုင်းပြည်ရဲ့  အုပ်ချူပ်မှုရေးရာ၊ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေးတွေကို လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဆိုတာ
နိုင်ငံကျေးဇူးသစ္စာကိုခံယူထားတဲ့ အဖွဲ့ အစည်းသာဖြစ်ကြောင်း ရှင်းရှင်းကြီးပြောပြထားပါတယ်။ နိုင်ငံတော်နဲ့  နိုင်ငံသားများအပေါ်မှာ ထားရှိထားတဲ့ ကတိသစ္စာကို ဖောက်ဖျက်ရမှာ မဟုတ်ကြောင်း ပြောပြထားပါတယ်။
ဒီမိုကရေစီလုပ်ပိုင်ခွင့်အရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအရ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အစိုးရကို အာဏာလွှဲပေးရမှာဖြစ်တယ်ဆိုတာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
တပ်မတော်အနေနဲ့  ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရတဲ့ အစိုးရကို အာဏာလွှဲပြီးတာနဲ့  စစ်တပ်ဟာ စစ်တန်းလျားကို ပြန်သွားကြရမှာဖြစ်ကြောင်းကိုလည်း သူရဲ့  မိန့် ခွန်းပြောစကားတွေထဲမှာ ပါရှိနေတာ တွေ့ ရှိကြမှာပါ။
ဗိုလ်ချူပ်ကြီး စောမောင်ဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးဖြစ်ပွားနေချိန်မှာ နေ၀င်းရဲ့  ခိုင်းစေချက်ကြောင့် အာဏာသိမ်းကာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ
့) အနေနဲ့  ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချူပ်ကြီး စောမောင်ရဲ့ 
ပြောစကားတွေဟာ တပ်မတော်ဟာ နိုင်ငံနဲ့  တိုင်းပြည်အပေါ်မှာ
သစ္စာရှိရမယ့်အကြောင်း၊ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့
နိုင်ငံရေးပါတီကနေ ဖွဲ့ စည်းမယ့် အစိုးရကို အာဏာပြန်လွှဲပေးရမှာ
ဖြစ်ကြောင်း၊ စစ်တပ်ဟာ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ရဲ့  ကာကွယ်ရေးကိစ္စကိုသာ
လုပ်ဆောင်ရမှာမို့  မူလစစ်တန်းလျားကို ပြန်သွားကြရမှာဖြစ်ကြောင်းတွေကို
ပြောဆိုလာတဲ့အတွက် ဗိုလ်ချူပ်ကြီး စောမောင်ရဲ့ လက်အောက်က အာဏာအရသာကို
မက်မောမူးယစ်မိနေကြတဲ့ သန်းရွှေတို့  ဗိုလ်ချူပ်တွေဟာ သူတို့ ရဲ့  ဆရာ
ဗိုလ်ချူပ်ကြီး စောမောင်ကို အနုနည်းနဲ့ ဖယ်ရှားကာ အာဏာသိမ်းပြစ်လိုက်ပါတယ်။
သန်းရွှေဟာ ဗိုလ်ချူပ်ကြီးစောမောင်ကို ဖယ်ရှားဖို့ အတွက် အာဏာလုယူဖို
့အတွက် ကောက်ကျစ်စွာနဲ့  စီစဉ်ပါတော့တယ်။ နောက်ဆုံး
ဗိုလ်ချူပ်ကြီးစောမောင်ဟာ စိတ်မမှန်တော့ဘူး စိတ်ရူးသွပ်သလိုဖြစ်နေပြီဆိုတဲ့
စိတ်ဓါတ်စစ်ဆင်ရေးတွေနဲ့  သတင်းထုတ်လွှင့်ပြီး ဗိုလ်ချူပ်ကြီးစောမောင်ကို
ဖယ်ရှားဖို့  အကွက်ချပါတော့တယ်။ ဗိုလ်ချူပ်ကြီးစောမောင်ခမျာ သူရဲ့  လက်အောက်ကသူက ပြန်ပြီး ကျန်းမာရေးအရ အနားပေးပါတယ်ဆိုတဲ့ တရားဝင်ကြေညာထုတ်ပြန်ချက်နဲ
့အတူ သန်းရွှေရဲ့  အာဏာလုယူမှုကို အနုနည်းနဲ့  ခံလိုက်ရပါတော့တယ်။ ၁၉၉၂
ခုနှစ် ဧပြီလမှာ ဗိုလ်ချူပ်ကြီးစောမောင်ဟာ သန်းရွှေရဲ့  ဖယ်ရှားခြင်းကို
ခံလိုက်ရပြီး ၁၉၉၇ ခုနှစ် သေဆုံးသွားပါတယ်။
ဗိုလ်ချူပ်ကြီးစောမောင်ဟာ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ
အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို စစ်တပ်က တိုင်းပြည်အာဏာ
ပြန်လွှဲပေးရမှာကို မလွှဲပေးခဲ့လို့ ၊ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးအတွက်သာ
လုပ်ဆောင်ရမယ့် နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းဖြစ်လို့  စစ်တန်းလျားကို
ပြန်သွားရမှာ မသွားလို့ ၊ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံကို
ပြန်လည်ရေးဆွဲပြီး အာဏာရူးတွေက သူတို့ အလိုကျအချက်အလက်တွေ
ပြုပြင်ထည့်သွင်းဖို့ ကြိုးစားနေကြတာကို မကျေနပ်နေပဲ မိန့် ခွန်းတွေထဲမှာ
ထုတ်ဖေါ်ပြောဆိုလာတာမို့  အာဏာရူးသန်းရွှေနဲ့  လက်အောက် သန်းရွှေလက်ပါးစေ
ဗိုလ်ချူပ်တွေက ဗိုလ်ချူပ်ကြီးစောမောင်ကိုရော အခြားသော စစ်တပ်အရာရှိကြီးများကိုပါ အချင်းချင်း ဖြုတ်ထုတ်သတ်လမ်းစဉ် လုပ်ခဲ့ပါတော့တယ်။
တကယ်ဆိုရင် သန်းရွှေတို့ ရဲ့  ဒီလုပ်ရပ်ဟာ တပ်မတော်သားအချင်းချင်း
သစ္စာဖောက် အာဏာလုယုံတင်မက တိုင်းပြည်နဲ့  လူမျိုးအပေါ်
သစ္စာဖောက်လိုက်တာပါဘဲ။ တပ်မတော်မှာ ရှိကြတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  တပ်မတော်အပေါ် သံယောဇဉ်ကြီးမားတွယ်တာမှုတွေကို ခုတုံးလုပ်ကာ တပ်မတော်ကို အသုံးချလိုက်တာပါဘဲ ဖြစ်ပါတော့တယ်။
တပ်မတော်အပေါ် သစ္စာဖောက် အချင်းချင်းဖြုတ်ထုတ်သတ်လုပ်သူ သန်းရွှေဟာ စိတ်ပိုင်းဆိုင်ရာရူးသွပ်နေသူပီပီ
သူဖြုတ်လိုက်တဲ့  ဗိုလ်ချူပ်ကြီး စောမောင်ထက် သာအောင်ဆိုပြီး
ဗိုလ်ချူပ်မှူးကြီးဆိုတဲ့ ရာထူးအသစ်ကို ထွင်ခဲ့ပြီး န၀တ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ့ ) ကနေ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ) ဆိုပြီး အမည်ပြောင်းပစ်ခဲ့ပါတယ်။
တကယ်တော့ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်ကြီးများဟာ တပ်မတော်သားအချင်းချင်း
သစ္စာဖောက်ပြီး ကိုယ်ကျိုးအာဏာရူးဖို့ အတွက် တပ်မတော်ကို အသုံးချတယ်ဆိုတာ
သန်းရွှေက သူ့ ရဲ့  စီနီယာ ဗိုလ်ချူပ်ကြီး စောမောင်ကို
သစ္စာဖောက်လိုက်တာပါဘဲ၊ တစ်နည်းပြောရရင် တပ်မတော်အတွင်း
တပ်မတော်သားအချင်းချင်း သူသာအာဏာရဖို့ အတွက် သစ္စာမဲ့ လိုက်တာဘဲ
ဖြစ်တယ်ဆိုတာ တပ်မတော်သားအပေါင်းတို့  သိကြမယ်ဆိုရင် အာဏာရူးဆိုတာ သူ
အာဏာတည်မြဲရေးအတွက် တပ်မတော်ဆိုတာ ခုတုံးအသုံးချတာ တပ်မတော်ထဲက ဘယ်သူ
့ကိုဘဲဖြစ်ဖြစ် ဖြုတ်ထုတ်သတ်လုပ်မှာ ၀န်မလေးဖူးဆိုတာ အဖြစ်အပျက်တွေက
သက်သေပြနေပါတယ်။
ဒီတော့ တပ်မတော်သည် အာဏာရူးတွေအတွက်လား၊ တပ်မတော်သည် တိုင်းပြည်အတွက်လားဆိုတာ ချင့်ချိန်ကြဖို့ လိုနေပါပြီ။
******************************************
ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ ပြည်သူချစ်သော တပ်မတော်သားများ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ အမှန်တရားဖက်က ရပ်တည်ကြပါ။
Credit>>> ကိုနစ်နေမန်း<<<
No comments:
Post a Comment