"အသစ်တစ်ဖန်"
****************************** **
ဘေးဆိုးတွေက
သွေးထိုးတယ်ပြောတယ်လို့ပြော
အနီ ဆဲလ်တွေက
ပြည်ကို ခွဲတယ် ဆိုလို့ဆို
တစ်ခါမှ မကြားဖူးပဲနဲ့
ဒီ မို က ရေ စီ အရူးထတယ် ရှုပ်ချလို့
ကျမ ပြန်နားထောင်တယ်
သမိုင်းရဲ့ အသံ။
ရှိသမျှ စည်းစိမ် နှစ်ခါမည်း
လူတို့လက်ထဲ ဖွဲ နဲ့ ပြာ
လယ်ယာထွန်ရင်း ဝက်စာကျိုသောက်
သင်ရင်းနဲ့ အသိပျောက်လာတဲ့ ပညာရေး
အစွမ်းပြနိုင်ရင် သွားတော့ ဂျေးလ်
ကေဒါအဆင့်ရောက်ရင်
ဆိုက်ကားသမားလည်း တရားသူကြီးဖြစ်
ဒီစနစ်မှ ငါးပါးမမှောက်ရင်
သံဃာစင်မှာ မူလီစွဲထားလို့လား။
အင်းယားလည်း ချူံးမွဲချငို
တံတားဖြူဟာ နီစိုစိုရဲ
လမ်းတွေပေါ်လည်း အလောင်းထပ်
လက်ပတ်အနီပတ်ပြီး
ကိုယ့်ရပ်ရွာကိုယ် စောင့်ရှောက်နေသူအကုန်
ပြည်တွင်းသူပုန်တဲ့။
ကျမ လေ……
အဲ့ဒီရက်က……
ပုခတ်တွင်းကို ဆင်းမလို့
ချောင်းကြည့်နေတုန်းမှာ
အခုချိန်မှာ နှမြောနေတယ်
အဲ့ဒီနေ့က……
အင်းယားခံတွင်းဝ အတွင်း
ဆင်း မ သေ လိုက် ရ တာ ကို ပေါ့။ ။
၈.၈.၈၈ နေ့သို့…
မေ
3,July,2013; 8:15PM
ခံစားချက်တွေ…
ဒလဟောသွန်ပစ်လိုက်လို့လားမသိပါဘူး။
မေ…ဒီကဗျာကိုရေးချိန်ဟာ…
သုံးမိနစ်ကျော်ပဲ ကြာပါတယ်။
******************************
ဘေးဆိုးတွေက
သွေးထိုးတယ်ပြောတယ်လို့ပြော
အနီ ဆဲလ်တွေက
ပြည်ကို ခွဲတယ် ဆိုလို့ဆို
တစ်ခါမှ မကြားဖူးပဲနဲ့
ဒီ မို က ရေ စီ အရူးထတယ် ရှုပ်ချလို့
ကျမ ပြန်နားထောင်တယ်
သမိုင်းရဲ့ အသံ။
ရှိသမျှ စည်းစိမ် နှစ်ခါမည်း
လူတို့လက်ထဲ ဖွဲ နဲ့ ပြာ
လယ်ယာထွန်ရင်း ဝက်စာကျိုသောက်
သင်ရင်းနဲ့ အသိပျောက်လာတဲ့ ပညာရေး
အစွမ်းပြနိုင်ရင် သွားတော့ ဂျေးလ်
ကေဒါအဆင့်ရောက်ရင်
ဆိုက်ကားသမားလည်း တရားသူကြီးဖြစ်
ဒီစနစ်မှ ငါးပါးမမှောက်ရင်
သံဃာစင်မှာ မူလီစွဲထားလို့လား။
အင်းယားလည်း ချူံးမွဲချငို
တံတားဖြူဟာ နီစိုစိုရဲ
လမ်းတွေပေါ်လည်း အလောင်းထပ်
လက်ပတ်အနီပတ်ပြီး
ကိုယ့်ရပ်ရွာကိုယ် စောင့်ရှောက်နေသူအကုန်
ပြည်တွင်းသူပုန်တဲ့။
ကျမ လေ……
အဲ့ဒီရက်က……
ပုခတ်တွင်းကို ဆင်းမလို့
ချောင်းကြည့်နေတုန်းမှာ
အခုချိန်မှာ နှမြောနေတယ်
အဲ့ဒီနေ့က……
အင်းယားခံတွင်းဝ အတွင်း
ဆင်း မ သေ လိုက် ရ တာ ကို ပေါ့။ ။
၈.၈.၈၈ နေ့သို့…
မေ
3,July,2013; 8:15PM
ခံစားချက်တွေ…
ဒလဟောသွန်ပစ်လိုက်လို့လားမသိပါဘ
မေ…ဒီကဗျာကိုရေးချိန်ဟာ…
သုံးမိနစ်ကျော်ပဲ ကြာပါတယ်။

No comments:
Post a Comment