Saturday, August 3, 2013

ဒီဇတ်ကလေးရိုက်ပေးပါ့လါး

မထင်ရင်မထင်သလို
မသိရင်ဘဲ
အဟုတ်မတတ်သလို
လူမြင်တော့သူဟာ
မေါင်ရွှေရိုးလေး
ငါတို့ကပရိသတ်လေ
ကြိတ်ပြီးအမှတ်ပေးရအေါင်လည်းငါကအနှစ်ရသပြည့်တဲ့
မန်းသဘင်မှကြိုက်တာ
ရှေ့နောက်နှစ်ပါးခွင်စုံလင်
ရသမြန့်မာဇတ်တွေရဲ့
သရဖူပေးထိုက်တယ်ထင်
ပြဇတ်ဘုရင်က
မြို့တော်သိန်းအေါင်ဆို
ရင်ထဲစွဲညှိတာပါ
အနုပညာသမားတွေထက်
အကယ်ဒမီပိုယူမဲ့
ကြောင်လိုသရုပ်
ကျားလိုအကျင့်
ဆင်လိုအကြံ
မြေခွေးလိုကောက်ကျစ်
လဒလိုအသေသားတောင်
ပြည်ပပို့မဲ့
သူဖုန်းစားတွေရဲ့
ကျော့ကွင်းကတော့
တိုင်းပြည်ဟာ
ကမ္ဘာလှည့်ကာတောင်းစား
ပြည်သူဘန်းပြ
အကျဉ်းသား
လွှတ်ကာအမှတ်ယူတာ
ပြောင်းလဲခြင်းနဲ့ရသသစ်
မျက်နှာဖုံးကခဏလေးကွာ
ဒေါ်စုလိုကမ္ဘ္ဘာမကျော်
စင်သီယာလိုဆုတွေမစီ
ခင်ဥမ္မာလိုဒေါ်လာမပွေ့
ရိုးရှင်းစွာနဲ့
ဒုက္ခတွေအရောင်ဆိုးခံကာ
တိုင်းပြည်ချစ်တော့မှ
ရှစ်ဆယ့်ရှစ်ကအရေးပါလိုက်ပုံမျာ
အသေကြောက်နေအေါင်လည်း
ငါဘာများလုပ်ခဲ့လည်း
နင်တို့သိတဲ့စစ်အုပ်စုက
နင်တို့ကိုဖက်ဆစ်လိုညှင်းသတ်မှာ
အပေါ်ယံတွေလုပ်ပြနေတာ
ဒါရိုက်တာမောင်သီ
ကိုမီးပွား
မိုက်တီးတို့ရေ
ရိုက်ချက်ပြင်းပြင်းနဲ့
သားသတ်သူများ
သုဿန်သို့သက်သက်သာသာသွား
ဒီဇတ်ကလေးရိုက်ပေးပါ့လါး

No comments: