Thursday, October 4, 2012

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုအပေါ် ဒဂုံမြို့သစ်တွင် သံဃာ အပါး ၂၀၀ ကျော်ဆန္ဒ ထုတ်ဖေါ်


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့်
 ဗုဒ္ဓဘာသာဝင်များအား အကြမ်းဖက်မှု
ချက်ခြင်းရပ်ရန် သံဃာ အပါး ၂၀၀ ၀န်းကျင်
 ထိုင်နှိုငံတွင်ဆန္ဒထုတ်ဖေါ်ခဲ့သောရဟန်းတော်များ

ယနေ့နေ့လည် ၁ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မကွေးကျောင်းတိုက်တွင် ဆန္ဒပြလျှက်ရှိသည်။


ယင်းဆန္ဒပြပွဲကို မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့ ဆန္ဒပြရန် ရည်ရွယ်သော်လည်း နောက်ဆုံး မသွားရောက်တော့ပဲ ကျောင်းရှေ့တွင်ပင် ဆန္ဒပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


ဆန္ဒပြသူများက “ ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုချက်ခြင်းရပ်” “ဗုဒ္ဓဆင်းတုတော်များ၊ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးမှု ချက်ခြင်းရပ်” “ရိုဟင်ဂျာ မိစ္ဆာကောင်များ ကျဆုံးပါစေ” အစရှိသည့် ပိုစတာများ ကိုင်ဆောင်ထားသည်ဟု လည်း ယင်းနေရာသို့ ရောက်ရှိနေသူ မသန္တာက ပြောသည်။


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်၍ နေ့လည်တနာရီတွင် သတင်းစာရှင်းလင်းပွဲ လုပ်ရန် စီစဉ်ရာမှ ယခုလို ဆန္ဒပြရန် စီစဉ်လိုက်ကြခြင်းဖြစ်သည်။


YIP







ဘင်္ဂလားဒေ့ရှ်တွင် ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံရမှုနှင့်

 ပတ်သက်ပြီး မြန်မာ ဗုဒ္ဓဘာသာ သံဃာတော်များ ဆန္ဒထုတ်ဖော် 


Eleven Media group


 ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များကို မွတ်စလင် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ သံဃာတော် အပါး (၂၀၀) ခန့် ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ (အောက်တိုဘာလ ၄ ရက်နေ့) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ 
မကွေးပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



အဆိုပါ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မကွေးပရိယတ္တိ စာသင်တိုက်၌

ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်း ဒေသများတွင်

ဒေါသထွက်နေသော လူအုပ်စုများက ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများနှင့်
စေတီများကို စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ကိုရမ်ကျမ်းစာမီးလောင်နေသည့် ဓာတ်ပုံကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦး၏ ဓာတ်ပုံ လူမှုကွန်ရက် ၀က်ဘ်ဆိုက် Facebook တွင် ပျံ့နှံ့ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁၅၃ သန်းခန့်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အများစုမှာ မွတ်စလင်များဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်များမှာလူဦးရေ၏ တစ်ရာခိုင်နှုန်း အောက်သာရှိသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် မြန်မာနှင့်ထိစပ်နေသည့် အရှေ့တောင်ပိုင်းနယ်စပ်ဒေသ များတွင် နေထိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွှယ်နေသော လူ ၃၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က

အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော် ၃၀၀ ခန့်က ဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။







ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံက  ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဗုဒ္ဓဘာသာ
ဝင်များရဲ့  နေအိမ်တွေကို မီးရှို့တိုက်ခိုက်
တာနဲ့ ပတ်သက်ပြီး  နိုဘယ်လ် ငြိမ်းချမ်းရေး


ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး

သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့  လမ်းပေါ်ထွက်
ဆန္ဒပြခဲ့ပါတယ်။

ကျေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ယူနိုးက အခု တိုက်ခိုက်မူကို
ဘာသာရေး လွတ်လပ်ခွင့်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ သမိုင်းမှာ Black Incident  အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် သူက တိုက်ခိုက်မူတွင် ပါဝင်သူတွေကို သေချာ စစ်ဆေးးပြီး အရေး

ယူသွားဖို့နဲ့  ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ လူမျိုးရေးအရ တန်းတူ ညီမျှမူနဲ့ သဟဇာတ ဖြစ်မူကို မြင့်တင်ကြဖို့ မေတ္တာရပ်ခံ ဆော်သြ လိုက်ပါတယ်။

လူမျိုးရေး ဘာသာရေး အစွန်းရောက် သမားတွေကို ဆန့်ကျင်တဲ့ နေရာမှာလည်း

အားလုံး အတူ တကွ ရပ်တည် တိုက်ပွဲဝင် ကြဖို့လည်း ပြောဆိုလိုက်ပါတယ်။

ဒေါက်တာ ယူနိုးဟာ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်သာမက Grameen ကျေးလက်

ဘဏ်တစ်ခုကို စတင် ထူထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကျေးလက် ဒေသက ဆင်းရဲ
 နွမ်းပါးတဲ့ ပြည်သူတွေကို အတိုးနည်းနည်းနဲ့ ငွေထုတ်ချေးပြီး စီးပွားရေး
လုပ်ငန်းတွေကို ချပေးခဲ့တဲ့ အတွက် သူ့ရဲ့ ဘဏ်လုပ်ငန်းဟာ အောင်မြင်မူ
 အကြီးအကျယ် ရရှိခဲ့ပါတယ်။
                                                       သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး
                                                                          ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)

အလားတူ ဘင်္ဂလာဒေခ်ျ့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ်

အီနုရ်ကလည်း ဒက္ကားမြို့ အမျိုးသား သတင်းထောက် အသင်းရုံးရှေ့ကို သွားပြီး ဘင်္ဂလာဒေခ်ျ့ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ဝင်တွေနဲ့ လက်ချင်းချိတ်ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ မိသားစုဝင်တွေ အပေါ် တိုက်ခိုက်ခဲ့တာကို ကန့်
ကွက် ဆန္ဒပြခဲ့ပါတယ်။

သူက အခု တိုက်ခိုက်မူဟာ ကြိုတင် စီမံထားတဲ့ လုပ်ကြံမူကြီး တစ်ခု ဖြစ်ပြီး

တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖျက်လို ဖျက်ဆီး လုပ်လိုသူတွေရဲ့
လက်ချက်လို့ စွပ်စွဲ ပြောဆိုပါတယ်။

ရာချီရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကွန်မြူနစ်ပါတီဝင်တွေကလည်း အမျိုးသား သတင်း

စာတိုက်ကို သွားပြီး တိုက်ခိုက်မူ အပေါ် ဆန့်ကျင် ကန့်ကွက်
 ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီမှာ တက်ရောက်ခဲ့တဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးက လက်ရှိ

အစိုးရနဲ့ အတိုက်အခံ ပါတီတို့ကို တစ်ဦးနဲ့ တစ်ဦး ဆက်လက်ပြီး
 အပြစ်ပုံချကာ  နိုင်ငံရေး ကစားနေကြရင်တော့ အမှန်တကယ် ပြစ်မူ
ကျူးလွန်သူတွေကတော့ ကြားထဲမှာ ထွက်ပြေး လွှတ်မြောက်သွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

တခြား လူမူ အဖွဲ့အစည်း (၉) ခုကလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာမိသားစုဝင်တွေရဲ့ နေအိမ်တွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး

ကန့်ကွက် ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။


နိရဉ္စရာသတင်း

No comments: