Thursday, October 4, 2012

ဖားကန့်တွင် မြေစာပုံပြိုကျ၍ အမျိုးသမီးတစ်ဦးသေဆုံး အိမ်ခြေ(၁၀၀)ကျော် ပျက်စီး


ဖားကန့်မြို့နယ်တွင် ရွှေထိုင်းကျောက်
ကုမ္ပဏီမှ စုပုံထားသောမြေစာပုံကြီး
 မိုးရွာ၍ ပြိုကျမှုကြောင့် ဖားပြင်ကျေး
ရွာရှိ အိမ်(၂၆)လုံး ရေနှင့်မျှောပါသွား
 ကာ အိမ်(၈၂)လုံး ပျက်စီးသွားကြောင်း ဖားကန့်
 ဒေသခံများထံက သိရှိရသည်။

 အောက်တိုဘာလ(၂)ရက်နေ့ ည(၁၀း၃၀)အချိန်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေထိုင်း ကျောက်ကုမ္ပဏီမှစုပုံ ထားသောမြေစာပုံကြီးရေ
များဝင်၍ ကျိုးပေါက်ကာ မြေအနိမ့်ပိုင်းတွင် တည်ရှိသော ဖားပြင်ကျေးရွာ
အပေါ် သို့မျှောပါလာသော သဲရေများပိ၍ အိမ်(၂၆)လုံး မျှောပါသွားပြီး၊ အိမ်
(၈၂)လုံးမှာ ပျက်စီးခဲ့ကြောင်းဒေသခံများထံက သိရသည်။

 အဆိုပါနေရာသို့ လာရောက်ကြည့်ရှုသည့် ဖားပြင်မှ နှလုံးရောဂါဝေဒနာ
သည် ဒေါ်တင်မာဦး အသက် (၅၂)နှစ်မှာလည်း   နေရာ၌ပင်
 သေဆုံးသွားကြောင်း သိရှိရသည်။

  “ညဆယ်နာရီခွဲလောက်ဆိုတော့ ပြင်ဆင်ချိန်က ဘာမှမရှိဘူး။ကျွန်တော်တို့ ရွာတော်တော်ပျက်စီးသွားတယ်။ အိမ်(၂၅) လုံးကတော့ ပါသွားတယ်၊ ဘာမှ
မရလိုက်ဘူး’’ဟု ဖားပြင်ရွာက ကိုစိန်ထွန်းက ပြောသည်။

 ယခုလို မြေပြိုမှုကြောင့် ဖားပြင်ရွာတွင် ဒုက္ခသည်လူဦးရေ(၅၀၀)ကျော်
အထိရှိလာသော်လည်းမြေစာပုံ ထားသော ကုမ္ပဏီမှ မည်သည့်တာဝန်မျှ မယူသေးကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။

 “အလိုလိုမှ စစ်ဘေးဒုက္ခသည်က များနေပါတယ်ဆိုမှ မြေပြိုလို့က
ငါးရာကျော် ထပ်တိုးလာသေးတယ်၊ ကုမ္ပဏီက တာဝန်ယူဖို့တော့ကောင်း
တယ်’’ဟု ဖားကန့်မြို့မှ ကိုတင်စိုးကပြောသည်။

 အဆိုပါမြေပြိုကျမှုတွင် KIAစစ်တပ်က အရင်သိရှိ၍ ဖားပြင်ရွာသို့ လာရောက် အသိပေးပြောကြားသောကြောင့် ရွာသူရွာသားများ အသက်အန္တရယ်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

  “မြေပြိုလာတာကို KIA အရင်သိလို့ ရွာသားတွေကို လာပြောတာ။
လာမပြောရင် သေကြမှာ မနည်းဘူး” ဟု ဖားကန့် NLDပါတီက
 ဦးလဆိုင်းက ပြောသည်။



 အဆိုပါဒုက္ခသည်များအား ဖားပြင်ဘုန်းကြီးကျောင်း၊ ဖားကန့်NLD၊ ဖားကန့်လူမှုကူညီရေးအသင်းများက   ကျွေးမွေးထားကြောင်း
 ဒေသခံတို့က ဆိုသည်။

 ယခုအခါ ဖားကန့်ဒေသ၌ စစ်ဘေးဒုက္ခသည် အလွန်များပြားနေပြီး ဖားကန့်မြို့
တွင် စစ်ဘေးဒုက္ခသည် စခန်း(၃၀)ကျော်တွင် လူဦးရေ(၁)သောင်းကျော်ရှိပြီး၊
ဆိုင်းတောင်(ဆိပ်မူ)တွင် ဒုက္ခသည် စခန်း(၆)ခုရှိပြီး လူဦးရေ(၁)ထောင်
 ကျော်နှင့် လုံးခင်းတွင် ဒုက္ခသည်စခန်း(၁)ခု ရှိသည်။

မြစ်မခမီဒီယာ

No comments: