Thursday, October 4, 2012

“လင်မယားချင်းစကားများရန်ဖြစ်၍ စက်သုံးဆီဆိုင်အားမီးရှို့မှု သင်္ဃန်းကျွန်းတွင် ဖြစ်ပွား”


အောက်တိုဘာ (၃) ရက်နေ့ ည (၉) နာရီ
အချိန်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်
ကန် ရပ်ကွက်၊ လေးထောင့်ကန်လမ်းပေါ်
ဘီအိုစီမှတ်တိုင်အနီးရှိ ခြံအမှတ် (၅၂) အတွင်း
 ဖွင့်လှစ်ထားသော အင်ဂျင်ဝိုင်

 အဟောင်းအရောင်းဆိုင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၄င်းဇနီးနှင့် လင်မယားချင်း စကားများ

ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်
မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင်
ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့်
အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေရကြောင်းသိရသည်။
ထိုမီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၆၅၀/၁၂/ ပုဒ်မ (၄၂၆/၄၃၆) ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။


Popular News 
 

သင်္ကန်းကျွန်း လေးထောင့်ကန်လမ်း မီးလောင်၊ ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံး

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊
 လေးထောင်ကန်လမ်း BOC မှတ်
တိုင်အနီးရှိ ဓာတ်ဆီအရောင်းဆိုင်
တဆိုင်တွင် အောက်တိုဘာလ ၃
ရက်နေ့

ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး ကူးစက်မီးကြောင့် အနီးရှိ ဆိုင်ခန်းငယ်
 ငါးဆိုင်ပါ လောင်ကျွမ်းကာ တန်ဖိုးငွေ ကျပ် ၂၅ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု
အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၁၀ ပေ x ၃၀ ပေ အကျယ်ရှိ ဆိုင်ခန်း လေးခန်းနှင့် ၅ ပေ x ၅ ပေရှိ တခန်းတို့ ဖြစ်ပြီး
 ဓါတ်ဆီဆိုင် ပိုင်ရှင်လင်မယား စကားများရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဟု မီးထဲပါသွား
သည့် ကားပြင်ဆိုင်မှ မတင်ဌေးဝင်း က ပြောသည်။

“ဓါတ်ဆီဆိုင် ပိုင်တဲ့ ကိုငယ်လေးနဲ့ မစန်းစန်းမော်တို့ ရန်ဖြစ်ကြတာ။
ကိုငယ်လေးက ငါ မီးရှို့လိုက်မယ်လို့ ပြောတဲ့အသံကြားတယ်။ အဲဒီနောက်
မီးလောင်တာပဲ။ သူတို့ကတော့ အခုပြေးပြီ” ဟု မဇ္ဈိမကို ပြောသည်။

ည ၉း၁၅ နာရီမှ စတင်လောင်ကျွမ်းသော မီးကို မီးသတ်ကား ၂၅ စီး၊
အုပ်ချုပ်ရေးယာဉ် ၆ စီး၊ အကူယာဉ် ၈ စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး ၉း၄၅
နာရီတွင် မီးငြိမ်းသွားခဲ့သည်။



 (မဇ္ဈိမ)
 

No comments: