Wednesday, November 21, 2012

မြိတ်မြို့ စခန်းမှုးမြင့်လွင် ကရှင်းလိုက်ပါတဲ့

မြိတ်မြို့ စခန်းမှုးမြင့်လွင် က သူ့ရဲ့ ဖာခန်း သတင်းတွေ ကို ဖွင့်ချလိုက် တဲ့ News of Myeik က ကောင်တွေကို ရှင်းလိုက်ပါလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ တာ သိရပါတယ်။ စခန်းမှုးမြင့်လွင်မှာ အခု သူရနေတဲ့ အခုလက်ရှိရာထူးအတွက် သူ့အထက်အရာရှိကို တစ်ရက်စာ လာဒ် အဖြစ် မြန်မာကျပ်ငွေ (၄) သိန်း ပေးနေရတယ်လို့ ထပ်မံသိရပါတယ်။ သူ့မှာ တစ်နေ့ကို ၀င်ငွေအဖြစ် (၁၀)သိန်း ကျော်ခန့်ရရှိနေတယ် လို့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။။ ဘောလုံးပွဲအလောင်းကစားဒိုင်၊သုံးလုံးထီနှင့် နှစ်လုံးထီ တို့ဆီက နေ ရဲကြေး အနေနဲ့ အများဆုံးရရှိနေတာဖြစ်ပါတယ်။။ မူးယစ်ဆေးဝါးရောင်းချနေသူတွေဆီကနေလဲ ရရှိနေတာ သိရပါတယ်။။

အစိုးရ အာဏာပိုင်တစ်ယောက်(မြိတ်မြို့စခန်းမှုး) တစ်ယောက်အနေဲ့တော့ ကိုယ့်မြို့သူမြို့သားတွေကို မစောင့်ရှောက်တဲ့အပြင် သူ့လုပ်ကွက်တွေကို
ဖော်လိုက်တဲ့အတွက်ကြောင့် အသက်ကိုတောင် ရန်မှုမယ့် အခြေနေကို ရင်ဆိုင်နေရပါတယ်။။ ဒီသတင်း မြိတ်မြို့ ထဲရှိ လူတော်တော်များများ သိပြီး လောက်ပြီ ထင်ပါတယ်။

ပြည်ထောင်စု အစိုးရ က ခန့်အပ်ထားတဲ့ မြို့နယ် လုံခြုံရေး တာဝန်ကို ဒီလိုပဲ အများပြည်သူကို ချောက်လှန့် ဖို့ ခန့်ထားတာလား သိချင်ပါတယ်။။။

ဒီလိုစကားမျိုးပြောပုံက တောထဲက သောင်းကျန်းသူတွေ ထက်တောင်မှ ယုတ်မာတဲ့စိတ်ထားမျိုးရှိနေတာ ပေါ်လွင်နေပါတယ်။။

News of Myeik အနေနဲ့လဲ အသက် မသေသေးသ၍ မကောင်းတာကို မကောင်းဘူး ပြောပြီးတော့ ကောင်းတာကို ကောင်းတယ်လို့ပြောရပါလိမ့်မယ်....
ဒါကြောင့် သောင်းကျန်းသူက ပဲ ခြိမ်းခြောက်သည်ဖြစ်စေ၊ အာဏာပိုင်က ပဲ ခြိမ်းခြောက်သည်ဖြစ်စေ ဘာမှ မမှု့ပါဘူးလို့ ထပ်ဆောင်းပြောချင်ပါတယ်......

ရဲဗိုလ်ကြီး မြင့်လွင်ရေ တစ်ခုလောက်တော့ပြောပြလိုက်ချင်ပါတယ်....
ကျွန်တော့်ကို စုံစမ်းချင်ရင်တော့ တနသာင်္ရီတိုင်းအတွင်းမှာ စုံစမ်းလို့ ဖြစ်လိမ့် မယ် မထင်ပါဘူး...
မွန်ပြည်နယ်မှာ လာစုံစမ်းလှည့်ပါ........ News of Myeik

စိန်ခေါ်တာတော့ မဟုတ်ပါဘူး..... လက်နက်ကိုင်တွေကို ကြောက်လွန်း လို့ပါ...... ခင်ဗျားကိုလဲ လက်နက်ကိုင်လို့ပဲ ခေါ်ပါရစေဗျ......

No comments: