Saturday, October 13, 2012

တိုင်းပြည်ကို အန္တရယ်တွင်းထဲ တွန်းပို့နေသူ သို့မဟုတ် ဝေနှင်းပွင့်သုန်


Bone Nyan

(OIC မြန်မာပြည် ခြေချခွင့်ရအောင တွန်းပို့သူထဲမှာသူလဲ ပါလို့ FB မှာပြန်လည် မျှဝေလိုက်ပါတယ်။မှားမှားမှန်မှန် သူတို့တွေ သူတို့ဘာသာရေးအတွက် ဘယ်လို ဝိုင်းလုပ်နေကြတယ်ဆိုတာကို မြင်အောင် ကြည့်စေချင်လို့ပါ)

ဘလော့ဂ်လေးမှာ စာမရေးဖြစ်ခဲ့တာ တစ်နှစ်လောက်တောင် ရှိသွားပြီ။အစကတော့ ပို့စ် အဟောင်းလေး ဘာလေး ပြန်တင်သေးတယ်။နောက်တော့ ဘာမျှက
ို မလုပ်နိုင်တော့ဘူး။ ကိုယ့်ဘလော့ဂ်က လူသိတာမဟုတ်ပေမဲ့ ခုရက်ပိုင်း စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုယ်တိုက်တွန်းနေခဲ့တယ်။ မရေးဖြစ်ခဲ့ပါဘူး။ ခု ရေးဖြစ်ပြန်တော့လဲ ကိုယ်မရေးချင်တာကြီးက စရေးရမယ်။ မရေးချင်ပေမဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့်ရေးသင့်လို့ ရေးလိုက်ရတာပါ။

တစ်နေ့က ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)ရဲ့ ဝက်ဆိုက်စာမျက်နှာမှာတင်ထားတဲ့ “ဖြေရှင်းရမယ့် လူမျိုးရေး၊ဘာသာရေးပဋိပက္ခ” ဆိုတဲ့မြေးမြန်းခန်းကိုဖတ်မိတယ်။“မြန်မာ့ ဒီမိုကရေစီရေးရာဆွေးနွေးခန်း”ကဏ္ဍမှာ တင်ပြသွားတဲ့ ဆွေးနွေးခန်းပါ။ဗွီအိုအေ မြန်မာပိုင်းဌာနမှူးဦးသန်းလွင်ထွန်းက လန်ဒန် အခြေစိုက် Burma Campaign UK မှ မဝေနှင်းပွင့်သုန်ကို မေးမြန်းထားတာကို တင်ပြထားတာပါ။

ဖတ်ကြည့်တော့ မဝေနှင်းရဲ့စကားအချို့ဟာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ လိုရာ ဆွဲပြောထားတာ၊misleading လိုမျိုးစကားတွေ ပြောထားတာတွေ တွေ့ရတယ်။ အစကတော့ ခပ်ကောင်းကောင်းပဲ။သူစပြောတာက -

“ကျမအနေနဲ့ပြောရမယ်ဆိုရင် -အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက်မရှိဘူးရှင့်။”တဲ့။မျှမျှတတ မြင်ပြီးပြောတာဆိုရင်သိပ်ကောင်းမည့် စကားပါ။မေးမြန်းခန်းတစ်ခုလုံးကို ဖတ်ကြည့်အပြီးမှာတော့ သူမက ရခိုင်တွေက ရိုဟင်ဂျာတွေ အပေါ်အကြမ်းဖက်တယ်လို ယူဆလို့ ဒီစကားနှင့်အစပျိုးတယ်လို့ သဘောပေါက်မိတယ်။ဒီမှာမေးစရာရှိတာက

၁။ရခိုင်တိုင်းရင်းသားတွေက ရိုဟင်ဂျာတွေ အပေါ်အကြမ်းဖက်တယ်လို့ယူဆရင် ရိုဟင်ဂျာတွေကကောရခိုင်တိုင်းရင်းသားတွေ အပေါ်အကြမ်းမဖက်ဘူးလား။ ပုံကြီးချဲ့ လိမ်လည် တင်ပြထားတာတွေကိုထောက်ပြီး ဇွတ်တော့ မငြင်းစေချင်ဘူး။ဘာလို့လဲဆို ရိုဟင်ဂျာတွေက တစ်ခြားမှာဖြစ်ပျက်ခဲ့တဲ့ ပုံတွေကိုပြင်ပြီးရခိုင်မှာဖြစ်နေတာတွေလို့ ကမ္ဘာကို လိမ်နေကြလို့ပါ။အဲဒါတွေကို သိသိကြီးနှင့်လုပ်နေတယ်ဆိုရင် ဝေနှင်းလည်း ကြံရာပါလို့ ပြောရပါတော့မယ်။

၂။ကမ္ဘာမှာအကြမ်းဖက်မှုတွေက ကြည့်လိုက်ရင်အစ္စလမ်ဘာသာဝင်တွေချည်း ပဲလိုလို ဖြစ်နေတာကိုမသိတာလားလို့ မေးချင်ပါတယ်။အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းမဖက်ပေမဲ့အကြမ်းဖက်သူတိုင်း လိုလိုကတော့ အစ္စလမ်ဘာသာဝင်တေ ဖြစ်နေတာကို ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့မြင်နိုင်ပါတယ်။ဒါက မသိချင် မမြင်ချင် အဆုံးပါ။ဒါကိုမဝေနှင်းဘယ်လို ပြောမလဲ။ ဥပမာ9/ 11 အဖြစ်အပျက်မျိုးပါ။ အပြစ်မဲ့ မူဆလင်ဘာသာဝင်တွေအပါအဝင် အပြစ်မဲ့ လေယာဉ်ခရီးသည်တွေ၊အပြစ်မဲ့ အမွှာမျှော်စင်ပေါ်က လူ (သုံးထောင်ကျော်)ဟာ အစ္စလမ်အကြမ်းဖက်သမားတွေရဲ့ လက်ချက်နှင့် သေခဲ့ကြရတယ်။

နောက်တစ်ခု ကြည့်ကြည့်ရအောင်။သူမက (ရိုဟင်ဂျာတွေဟာ)“တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့သူတို့က လူမဟုတ်တော့ဘူးလား။သူတို့အနေနဲ့ ကျမတို့မှာရှိနေတဲ့လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။မင်းက ငါနဲ့ ဘာသာမတူဘူး။မင်းဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့သူတို့ကိုကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်းကျမတို့ကြည့်သင့်တယ်။” လို့ပြောတယ်။ ဒီစကားရပ်တွေက တော်တော်ကို ဆိုးပါတယ်။

“တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။”လို့ မေးရအောင်ကတရားမဝင်လာနေတဲ့သူတွေ (သို့မဟုတ်)ရိုဟင်ဂျာတွေကို ဘယ်သူက လူမဟုတ်ဘူးလို့ ပြောနေလို့လဲ။ လူမှန်းလဲသိတယ်။လူလို့လဲ အသိအမှတ်ပြုတယ်။ အသိအမှတ်မပြုတာက စာရေးသူအထင် တစ်ချို့လူတွေက ခိုးဝင်လာတာ၊ နောက်တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုတာသာဖြစ်ပါတယ်။ မဆိုင်ပဲနှင့် သူတို့က လူမဟုတ်ဘူးလားလိ မေးတာကတော့ ပြဿနာကိုကြီးအောင် တမင်သက်သက် ဖန်တီးတယ်၊ ကိုယ့်ဘာသာဝင် အရေးမို့ ပုံကြီးချဲ့တယ်ဆိုတာ သိသာပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံမှာရိုဟင်ဂျာပဲ ဖြစ်ဖြစ်၊ တခြား မူဆလင်တွေပဲဖြစ်ဖြစ် ဘာသာရေးကို ဘာသာရေးအနေနှင့်ပဲ လုပ်ရင် လုပ်ခွင့်ရှိပါတယ်။ရခိုင်ပြည်နယ်မှာဗလီပေါင်း တစ်ထောင်ကျော် ရှိနေတယ် ဆိုတာကိုက အချို့ အစ္စလမ် နိုင်ငံတွေနှင့်စာရင် ဘာသာရေး လွတ်လပ်ခွင့် အများကြီး ရနေတာပါ။ တစ်ချို့မူဆလင်နိုင်ငံတွေမှာဆိုဗုဒ္ဓဘာသာ အမှတ်တံဆိပ်ပါတဲ့စာအိပ်ခေါင်းတောင် ဝင်ခွင့်မပြုတာတွေရှိတယ်လို့ ဆိုပါတယ်။ တော်တော် ခေတ်မီပါတယ် လွပ်လပ်ပါတယ် ဆိုတဲ့ဆော်ဒီနိုင်ငံမှာဗုဒ္ဓရုပ်တုတွေ့ရုံနှင့် ဖမ်းဆီးပြီးပြင်းပြင်းထန်ထန အပြစ်ပေးနေတာတွေနှင့် စာရင် မြန်မာပြည်က ဘာသာရေး လွတ်လပ်ခွင့်ဟာအများကြီး မသာပေဘူးလား။ ဗုဒ္ဓဆင်းတုကိုးကွယ်လို့ ဆိုပြီး ဖမ်းဆီးပြီးပြင်းပြင်းထန်ထန အပြစ်ပေးတာတွေကိုတော့လူ့အခွင့်အရေး ဆရာတွေ ဘာမျှ မပြောကြ မလုပ်ကြဘူးလားလိ ပြန်မေးရပါတော့မယ်။တကယ်ဆို“လူတိုင်း လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်” ဆိုတာ ကမ္ဘာက အသိအမှတ်ပြုထားတဲ့လူ့အခွင့်အရေး တစ်ရပ် မဟုတ်ပါလား။

လူ့အခွင့်အရေးကိုတကယ်ယုံကြည် မြတ်နိုးလို့ ဆောင်ရွက်တယ် ဆိုရင် ထောက်ခံ အားပေးပါတယ်။အသိအမှတ်ပြု လေးစားပါတယ်။တစ်ခုတော့ ရှိတယ်။ စလုပ်ရမှာကတော့မူဆလင်နိုင်ငံတွေကို ပညာပေးစည်းရုံးတိုက်ပွဲဝင်ဖို့ပါပဲ။ မဝေနှင်းကိုယ်တိုင် ဗလီတက်ခွင့်ရအောင် အရင် လုပ်ပါဦး။နောက်တစ်ဆင့်ကတော့ အမျိုးသမီး ဗလီဆရာဖြစ်အောင်လုပ်ပါဦးလို့ အကြံပေးပါရစေ။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုတစ်ဖက်သတ် ချိုးဖောက် ဖိနှိပ်ထားတာတွေနှင့် စာရင် မြန်မာနိုင်ငံက ဘာသာရေး လွပ်လပ်ခွင့်ဟာအများကြီး ကောင်းနေပါသေးတယ်။ဒီလိုပြောလို့ မြန်မာ အစိုးရဘက်က လိုက်ပြောတယ်မထင်လိုက်နှင့်။ စာရေးသူဟာလည်း စစ်အာဏာရှင်တွေရဲ့ဖိနှိပ် ညှဉ်းပန်းအုပ်ချုပ်မှုကို စက်ဆုတ်ရွံရှာတဲ့ သူပါ။

လူ့အခွင့်အရေးသို့မဟုတ် အကြမ်းဖက် အသတ်ခံရမှုလို့ပြောရင်ရိုဟင်ဂျာတွေ ထိခိုက် ဒဏ်ရာရတာ၊သေဆုံးတာသာလူ့အခွင့်အရေး ဖောက်ဖျက်ခံရတာသို့မဟုတ် အကြမ်းဖက် အသတ်ခံရတာမဟုတ်ဘူး၊ ရခိုင် တိုင်းရင်းသားတွေရိုဟင်ဂျာတွေရဲ့ အသတ်ခံရတာ၊အိမ်းတွေ မီးရှို့ခံရတာတွေဟာလည်း လူ့အခွင့်အရေး ဆုံးရှုံးတာ၊ အကြမ်းဖက်ခံရတာပဲ။တရားမျှတတဲ့မှန်ကန်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူသာမှန်ခဲ့ရင် မဝေနှင်းဟာဒီလို တရားမျှတစွာမြင်မှာပဲလို့ ယုံကြည်တယ်။

မဝေနှင်းရဲ့ “မင်းဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား”လို ပြန်မေးခွန်းထုတ်တာကတော့အဆိုးတကာ့ အဆိုးဆုံးပါပဲ။ အခုဖြစ်နေတာက အပြန်အလှန် သတ်နေကြတာပါ။ဒဏ်ရာရကြ အသတ်ခံကြရတဲ့ ရိုဟင်ဂျာတွေရှိသလို ရခိုင် တိုင်းရင်းသားတွေထဲမှာလည်းသေဆုံးသူ ဒဏ်ရာရသူတွေအများကြီးပါ။ဒါတွေဟာ မြန်မာတိုင်း သိနေတဲ့ကိစ္စပါ။ဒါကို မသိဟန်ဆောင်ပြီးရိုဟင်ဂျာတွေကို ဘာသာမတူလို့ သို့မဟုတ် လူမျိုးမတူလို့ (သို့မဟုတ်)ခိုးဝင်လာလို့ရခိုင်တွေက သတ်နေသယောင်ယောင်ဘာရောင်ရောင်နှင ပြောဆိုဆွေးနွေးသွာတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ရခိုင်တိုင်းရင်းသားတွေကိုလူမျိုးတုန်း သတ်ဖြတ်သူတွေလို အထင်ခံရအောင် ဝါဒဖြန့်သလိုဖြစ်နေတယ်။ တစ်နည်းပြောရလျှင် မြန်မာ(ဗုဒ္ဓဘာသာဝင်အများစု) အစိုးရဟာ အစ္စလမ်ဘာသာဝင်တွေကို မျိုးတုန်းသတ်ဖြတ်နေတယ်လို့ ကမ္ဘာက မြင်လာအောင် ပုံဖော်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။အထူးသဖြင့် အစ္စလမ် နိုင်ငံတွေကမြင်လာအောင် ပြောတြာ ဖစ်နိုင်ပါတယ်။

အမှန်ကိုမျှမျှတတ မမြင်နိုင်ပဲ မွတ်ဆလင်ဘာသာဝင်များအသာရရေး၊ ရိုဟင်ဂျာကိစ္စ အောင်မြင်ရေးအတွက်အဲဒီလို တဖက်သတ်ဇောင်းပေးပြီး ပြောဆို လုပ်ဆောင်နေတာတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေ အပေါ်ကမ္ဘာက တစ်မျိုးမြင်လာနိုင်တာကိုတော့ ထည့်မထွက်တော့ဘူးလား။အထူးသဖြင့် အစ္စလမ်နိုင်ငံတွေကမြင်လာပြီး ရန်ပြုမှာမျိုြး ကတော့ လူ့အခွင့်အရေးဘက်ကကာကွယ် ပြောဆိုနေတဲ့ ဝေနှင်းတို့ထည့်မတွက်တော့ဘူးလား။ဒီကိစ္စက မြန်မာအစိုးရတင် သိက္ခာကျတာမဟုတ်ပဲ ဗုဒ္ဓဘာသာဝင်အားလုံး၊ မြန်မာတိုင်းရင်းသား အားလုံး အတွက် သိက္ခာကျစရာ ဖြစ်ရတယ်။ မဝေနှင်းရဲ့ ဒီလိုမျိုး လိုသလို ကောက်ချက်ချ၊ဘက်လိုက် ပြောဆိုနေတာတွေဟာမြန်မာအစိုးရကိုသာ မက မြန်မာနိုင်ငံသားအားလုံးကို အန္တရာယ်တွင်းထဲ တွန်းပို့နေသလိုဖြစ်နေတယ်။

အစ္စလမ်အစွန်းရောက်ပီသတယ် ပြောရမလားပဲ။ဝေနှင်းတို့က ဒီကိစ္စကို ဗြိတိသျှ ပါလီမန်အထိရောက်အောင် တင်တယ်။ ကြံရာပါတွေက သမတ အိုဘားမားအစိုးရအထိ တက်လိမ်တယ်။အစိုးရက လူ့အခွင့်အရေး ချိုးဖောက်လို့လုပ်တယ်ဆို လက်ခံပါတယ်။ ခုတော့ မူဆလင် ရိုဟင်ဂျာတွေပဲ ခံနေရသလိုလို၊ရခိုင်တိုင်းရင်းသားများနှင့် အစိုးရက ဘာသာမတူလို့နှိပ်ကွပ်နေသလိုလို လုပ်နေတာကတော့ မျှတမှုကင်းတဲ့သာသာရေး ရည်ရွယ်ချက်နှင့်လုပ်နေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ရခိုင်ပြည်နယ် အရေးဟာလူမျိုးရေးပဋိပက္ခဖြစ်နိုင်တယ်။ ဘာသာရေးနှင့်တော့တိုက်ရိုက် မဆိုင်ပါဘူး။ မျိုးတုန်း သတ်ဖြတ်မှု ဆိုတာကတော့ ပိုလို့တောင် မဟုတ်သေး။အပြန်အလန် အကြမ်းဖက်မှုဆိုရင်တော့ ဟုတ်ပါတယ်။ နယ်မြေကျူးကျော်သူနှင့်အကျူးကျော်ခံရသူ တို့ရဲ့ ပဋိပက္ခဆိုရင်လည်းမမှားနိုင်ပါဘူး။

ဝေနှင်းတို့လို မှန်မှန် မမှန်မှန်၊ ကောင်းကောင်း မကောင်းကောင်း ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဘာသာဝင်တွေအမြတ်ရ ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေနှင့်ပေါက်ကရလိုက်လုပ်လို့ လူမျိုးတုန်း သတ်ဖြတ်မှုလို့ အီရန်လို အစ္စလမ်နိုင်ငံတွေရဲ့ စွပ်စွဲတာ ခံနေကြရပါပြီ။ ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသောThe Daily Star သတင်းစာနှင့်ဆော်ဒီအာရေးဗီးယား နိုင်ငံကလည်း မြန်မာဗုဒ္ဓဘာသာအစိုးရသည် ရိုဟင်ဂျာဆိုသူများအပေါ်လူမျိုးတုန်း သတ်ဖြတ်မှုများပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်လို့ ဆိုပါတယ်။

အခုဆို မြန်မာနိုင်ငံသားတွေဟာအစ္စလမ် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားတာ ခံနေရပါပြီ။ တစ်နိုင်ငံလုံးဟာမွတ်စလင် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပါပြီ။မြန်မာကို ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်တဲ့ (TTP)ကလည်းလက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ သြဂုတ်လ (၄) ရက်နေ့က ဖြစ်ခဲ့တဲ့ သတင်းမှာ ဆိုရင်“မြန်မာနိုင်ငံမှာရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲ တိုက်ခိုက်မှုနှင ရင်ဆိုင်ရနိုင်တယ်”လို့အင်ဒိုနီးရှားမှ အကြမ်းဖက်သမားအဘူဘာကာ ဘာရှာက ခြိမ်းခြောက်လာပါတယ်။

ဒါမျိုးကသမိုင်းမှာတစ်ခါမျှမရှိခဲ့ဖူးပါဘူး။ လူ့အခွင့်အရေးပန်းပြပြီးကိုယ့်အတွက်၊ ကိုယ့်ဘာသာဝင်တွေအတွက် အမြတ်ထုတ်နေတဲ့သူတွေကြောင့်သာ မကြုံစဖူးအခြိမ်းခြောက် ခံနေရတာဖြစ်ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲ ဖြစ်ပွားနေတဲ့ကချင်လို တိုင်းရင်းသား အစစ်ကတောင် ခရစ်ယန်ဘာသာကိုးကွယ်လို့ မျိုးတုန်းသတ်ဖြ တ်တယ်လို့ တစ်လုံးတစ်ပါဒ မပြောပဲ ခိုးဝင်လာတဲ့သူတွေကဒီလိုပြောတာ မလွန်လွန်းဘူးလား။ တရားမျှတပါရဲ့လား။ မဝေနှင်းပွင့်သုန် အနေနှင့်စဉ်းစားစေချင်တယ်။ ဝေနှင်းရဲ့မျက်စိတွေဟာဘာသာရေး တိမ်သလာ ဖုန်းနေလိုဖြစ်နေတယ် ထင်တယ်။

ဆွေးနွေးခန်းအဆုံးမှာဝေနှင်းက ပြောသွားတယ်။“ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်းပြန်ကြည့်မယ် ဆိုလို့ရှိရင် မုန်းတီးမှုကဘာသာရေးက စတာလို့ပဲ ကျမမြင်မိပါတယ်”တဲ့။ဒါဆို အထက်က ပြောခဲ့သလို ကချင်တိုင်းရင်းသားတွေကိုလည်း ဘာသာ မတူလို့အစိုးရက ထိုးစစ်ဆင်နေတာလား။ကချင်က ရိုးသားတော့ အဲဒီလို မဟုတ်မတရားမပြောဘူး။ တကယ်လို့ မဝေနှင်း ပြောသလို ဘာသာရေးက စတာဆိုရင်လည်း တစ်ခြားဘာသာဝင်တွေအပေါ် အမြဲပဲ ရန်ပြုတတ်တဲ့ အစွန်းရောက် မွတ်စလင်တွေကြောင့် စဖြစ်ရတာ ဖြစ်နိုင်ပါတယ်။“အခြားသောဘာသာဝင်များကို မကူညီရဘူး” လို့ အစ္စလမ်က လွဲရင် တစ်ခြား ဘယ်ဘာသာတရားကမျှ သင်ကြားတယ်လို့ မထင်ဘူး။ဗလီတွေမှာအခြားဘာသာဝင်တွေ ကိုဆဲရေးကြိမ်းမောင်းနေတာ၊ ရန်သူလို ပြောဟောနေတာတွေကိုဒီနေ့ လူတွေ ပိုသိလာနေကြပါပြီ။သမိုင်းကို ပြန်ကြည့်ရင်လည်းအာဖဂန်၊ အင်ဒိုနီးရှား၊ မလေးရှားအပါအဝင်ဗုဒ္ဓဘာသာနိုင်ငံ များကို မူဆလင်တွေက အကြမ်းဖက် တိုက်ခိုက် သိမ်းယူပြီး အစ္စလမ်နိုင်ငံတည်ထောင်ခဲ့တာပါ။

ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေနှင ပတ်သက်ပြီးတစ်ခုတော့အသေအချာ ပြောနိုင်ပါတယ်။မြန်မာနိုင်ငံသားတွေဟာ အစ္စလမ်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကို ခံရရင် ပြည်တွင်းရှိ အပြစ်ကင်းတဲ့ မူစလင်တွေလည်း ပြန်လည် အကြမ်းဖက်တာခံရနိုင်ပါတယ်။ဒီလို ပြောလို့ စာရေးသူကလက်တုန့်ပြန်မယ်၊ လက်တုန့်ပြန်အောင် ဆွပေးတယ်လို့ မထင်နှင့်။ စာရေးသူဟာဗုဒ္ဓဘာသာဘုန်းကြီး တစ်ပါး ဖြစ်တာကြောင့် ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး။အကြမ်းဖက်အောင်လည်း မတိုက်တွန်းဘူး။ဘုရားဥပဒေအရ ရဟန်းတစ်ပါးဟာ လုပ်လည်း မလုပ်ကောင်းပါဘူး။ လူသတ်ခိုင်းလို့သတ်လို့ လူသေရင် အလိုလို လူဖြစ်သွားပါပြီ။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ဒီလို ပြောနိုင်တာကတော့“အကြမ်းဖက် လုပ်ရပ်ဟာ အကြမ်းဖက်မှုတွေနှင့်ပဲ သံသရာလည်တတ်တဲ့ သဘောရှိတာကြောင့်”ပါ။

နှစ်ဖက်မှအပြစ်မဲ့ပြည်သူတွေသာသေကြရရင် လူ့အခွင့်အရေးဟန်ပြပြီးအမြတ်ထုတ်လိုသူေ တွ၊ဝေနှင်းတို့လို ကိုယ့်ဘာသာဝင်တေ အကျိုးစီးပွားသက်သက်အတွက် မြန်မာ တိုင်းရင်းသားတွေကရိုဟင်ဂျာတွေကို လူလို့ မသတ်မှတ်ပဲ သတ်နေတယ်လို့ကမ္ဘာကို လိမ်ညာဝါဒဖြန့်ပြောဆိုနေသူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ အခိုင်အမာ ဆိုလိုက်ရပါတယ်။

လူ့အခွင့်အရေးအတွက် တကယ် အနစ်နာခံ ကြိုးစား လုပ်ကိုင် ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည် တိုးတက်ရေးအတွက် တကယ် အနစ်နာခံ လုပ်ဆောင်နေကြသူတွေ၊ မျိးချစ် မြန်မာတွေကိုလည်းလေးစားပါကြောင်းနှင့် ကျေးဇူးတင်ပါကြောင်းလည်းဒီနေရာကနေ ပြောလိုက်ပါရစေ။

ကျေးဇူးတင်ပါတယ်။

ဘုန်းဉာဏ်

သြဂုတ်လ (၉) ရက် ၂၀၁၂ က ဘလောဂ်မှာ တင်ခဲ့တဲ့ပို့စ်ပါ။

ကွန်မန့်ပေးလိုက လွပ်လွပ်လပ်လပ် ပေးနိုင်ပါတယ်။ဒါပေမဲ့ဗုဒ္ဓရဲ့ ဂုဏ်တော်များကို ငဲ့ပြီး ဆဲရေးတိုင်းထွာတာတွေတော့ မလုပ်ကြပါနှင့်လို့စာဖတ်သူများကို လေးလေးစားစား မေတ္တာရပ်ခံပါတယ်။

မေတ္တာဖြင့်

ဘုန်းဉာဏ်

မူရင်းလင့်ခ် http://www.dhammawisdom/ .blogspot.in/2012/08/blog-post.html

No comments: