Saturday, October 27, 2012

လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ်

လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ်...
Aung Khaing Myint 12:32pm Oct 26
လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ်

ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးစဉ်ကို နောက်ပြန်လှည့်သွားမှာတကယ်ကိုပဲ စိုးရိမ်ကြတယ်ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များဆိုတဲ့ အခန်း (၁၁) ကိုတော့ နည်းနည်းဖြစ်ဖြစ် လေ့လာကြည့်ကြစေချင်ပါတယ် ...။


ပုဒ်မ ၄၁၂၊ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်
စေ၊ ကိုယ်ပိုင်အုပ်ချ
ုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန်လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိ
ပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။

ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် -

(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွ
င်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အာ
း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်သည်။

ဒါက အရေးကြီးတဲ့ ပုဒ်မ ၄၁၂ နဲ့ ၄၁၃ တို့ကိုပဲ ထုတ်နှုတ်ပြထားတာပါ ...။ သေချာသဘောပေါက် ချင်တယ်ဆိုရင်တော့ အခန်း ၁၁ တစ်ခန်းလုံးမှာပါတဲ့ ပုဒ်မ (၄၁၀) ကနေ ပုဒ်မ (၄၃၂) အထိကို သေချာလေ့လာရမှာပါ ...။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ(ခ) မှာ Bold လုပ်ပြထားတာတွေကိုကြည့်မယ်ဆို
ရင် ... လူပုဂ္ဂိုလ်ငါးဦးရဲ့ သဘောတူညီချက်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်လို့ရနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခုရှိတာက တိုင်းပြည်တည်ငြိမ်အေးချမ်းနေရင်တော့ ... အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ခက်ပါလိမ့်မယ်။ အဲဒီ့တော့ ကျနော့်အမြင်အရ ကျနော်တို့ အားလုံး စိုးရိမ်နေကြတဲ့ နောက်ပြန်လှည့်သွားမယ့် အခြေအနေတစ်ခုကို ... ပြန်ရောက်ချင်နေတဲ့သူတွေရှိမယ်ဆိုရင် သူတို့ရဲ့ ပထမဆုံး အလုပ်က တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်၊ ဆူဆူပူပူတွေဖြစ်အောင် လှုံ့ဆော်ရမယ့်အလုပ်ပါပဲ ...။ ဒါမှလည်း ... ပုဒ်မ ၄၁၂ ပုဒ်မခွဲ(က) အရ ... အရေးပေါ်အခြေအနေကြေညာနိုင်မှာပါ ... အဲဒီ့အခါမှာ တိုင်းပြည်ရဲ့အုပ်ချုပ်ခွင့်အာဏာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) စစ်ဘက်အာဏာပိုင်တစ်ဦးဦး လက်ထဲကို ပြန်ရောက်မှာပါ။ ပြည်နယ်တစ်ခုခု၊ တိုင်းဒေသကြီးတစ်ခုခု ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုခုမှာ ဖြစ်တဲ့ ပြဿနာတွေကို အဲဒီ့ဒေသတွေမှာတင်မဖြေရှင်းနိုင်ပဲ တစ်နိုင်ငံလုံးအတိုင်းအတာကူးစပ်လာပြီး ... မငြိမ်မသက်မှုတွေ တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်လာပြီဆိုရင်တော့ ... အဲဒီ့အခြေအနေဟာ နောက်ပြန်ဆုတ်ချင်နေသူတွေ အကြိုက်ဖြစ်သွားမှာပါပဲ။

သမ္မတလဲ အဲဒီ့အချိန်ရောက်မှတော့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဖဆပလ ခေတ်တုန်းက ဝန်ကြီးချုပ်ဦးနုဟာ တိုင်းပြည်ကို ဦးနေဝင်းလက်ထဲ ဒီလိုပဲ ထိုးအပ်ခဲ့ရဖူးပါတယ် ...။ သွေးထိုးလှုံ့ဆော်မှုတွေ ဘယ်လောက်ပဲများများ ... ပြဿနာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကူးစပ်မလာအောင်ဝိုင်းထိမ်းဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ အခုလက်ရှိပြဿနာ တွေနဲ့ပတ်သက်ပြီးတော့လဲ ... မွတ်ဆလင်တွေ၊ ရခိုင်တွေ၊ ကချင်တွေ၊ ဗမာတွေ ဆိုတာကို ခဏထားလိုက်ပြီး ကျနော်တို့ တကယ်စည်းခြားရမှာက အကြမ်းဖက်သမားနဲ့ ငြိမ်းချမ်းရေးလိုလားသူ လို့ထင်ပါတယ် ...။


တကယ်လို့များ ကိုယ်က သိသိနဲ့ ဖြစ်စေ မသိလိုက်ဘဲ ဖြစ်စေ ပြဿနာကို ပိုမိုကြီးထွားလာစေဖို့ သွေးထိုးလှုံ့ဆော်မိသူတွေ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြမယ် ဆိုရင် အဲဒီ အဆင့်ကနေပြီး ... ပြဿနာကို တကယ်ပြေလည်သွားအောင် ဖြေရှုင်းပေးနိုင်ကြသူတွေဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်ကြပါစေ။


နေဘုန်းလတ်
Timeline Photos
လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ် က်ေ

No comments: