Thursday, October 4, 2012

နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌကြီးတို့ အကြား မြေစာပင်ဖြစ်သွားရှာသော ဦးလွန်းမောင်


င်္From Facebook by ဒီမို ကရေစီ on Wednesday, October 3, 2012

၂၈.၈.၂၀၁၂ ရက်နေ့က ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်ကို သမ္မတကြီး ဦးသိန်းစိန် အမိန့်နဲ့ ရာထူးကနေ နှုတ်ထွက်ခွင့်ပြုလိုက်တာ(တနည်းအားဖြင့် ထုတ်ပစ်လိုက်တာ)ကို နိုင်ငံတော်ပိုင် သတင်းစာကနေ တွေ့လိုက်ရပါတယ်။ ဦးလွန်းမောင်ဟာ ဗန်းမော်မြို့နဲ့ ၃ မိုင်လောက်ဝေ

းတဲ့ နောင် ခို ရွာ သား ဖြစ်ပြီး တောရွာမှာပဲ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်က ရိုးသားတဲ့ ရှမ်းတိုင်းရင်းသား တစ်ဦး ဖြစ်ပါတယ်။ ၁၀တန်း အောင်ပြီး မေမြို့စစ်တက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ကာ စာပေထူးချွန်ဆု ရအောင်ကြိုးစာခဲ့သူတစ်ဦး ဖြစ်သလို တပ်မတော်မှာ ဗိုလ်ချုပ်အဆင့်ထိ အမှုထမ်းခဲ့ပြီး တပ်မတော် စစ်ဆေးရေးအရာရှိချုပ် အဆင့်ထိ ရရှိခဲ့ပါတယ်။ ဒုတိယသမ္မတဟောင်း ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနဲ့လည်း တစ်ပတ်စဉ်ထဲဆင်း သူငယ်ချင်းများ ဖြစ်ကြောင်းလဲ သိရပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ယောက်စလုံး နယ်ပယ်အသီးသီးကနေ (အနားယူခွင့်ပေးထုတ်ပယ်ခံခဲ
့ရ)ပြီ ဖြစ် ပါ တယ်။ ဦးလွန်းမောင် တပ်မတော်မှာ စစ်ဆေးရေးအရာရှိချုပ်ဘဝနဲ့ တာဝန်ထမ်းဆောင်စဉ်ကာလ မှာလည်း လက်အောက်ခံတပ်တွေကို သွားရောက်စစ်ဆေးရာမှာ လာဘ်ပေးလာဘ်ယူမှုကင်းပြီး တပ်မှူးများ ကို ဒုက္ခမပေးကြောင်း၊ လိုအပ်သည့် စစ်ဆေးသင့်သည့်အရာများကိုသာ တပ်မတော်သား ပီပီစစ်ဆေးကြောင်းနဲ့ ရိုးသားပြီး စစ်သား တစ်ယောက်ပီသကြောင်း စစ်တပ်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။

ယခုလက်ရှိနိုင်ငံတော်သမ္မတကြ
ီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းတို့နဲ့လည်း တပ်မတော်မှာအတူ တာဝန်ထမ်းဆောင်စဉ်ကတည်းက အလွန်တရာ ရင်းနှီးတဲ့သူများ ဖြစ်ကြပါတယ်။ ဂေါက်ရိုက်ဖော်ရိုက်ဖက်ဖြစ်ပြီး ညီအကိုရင်းပမာ တစ်ယောက်အကြောင်းတစ်ယောက်သိ အတွင်းသိ လူရင်း များဖြစ်ကြပါတယ်။ ဦးလွန်းမောင်ဟာ သူ့ဇာတိ ဗန်းမော်မြို့ကနေပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရွေးခံခဲ့ရပါတယ်။

အစိုးရသစ်လက်ထက်မှာ ဦးသိန်းစိန်က သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ
တဲ့အချိန်မှာ သူ့ရဲ့အစိုးရသစ်လက်ထက်မှာ ဦးလွန်းမောင်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် သမ္မတကြီးက အဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကအတည်ပြုအရွေးချယ်ခံခဲ့ရပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်ကာလမှာလည်း နာမည်ပျက်မရှိခဲ့ဘဲ ရိုးသားသူတစ်ယောက်အနေနဲ့ပဲ ဝန်ထမ်းအသိုင်း အဝိုင်းနဲ့ ပြည်သူတွေကြားမှာ ရပ်တည်ခဲ့တာပါ။

ဒါပေမယ့်လည်း ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနဲ့
နိုင်ငံတော်သမ္မတကြီးတို့ကြား အာဏာ လွန်ဆွဲပွဲ မှာတော့ ဦးလွန်းမောင်တစ်ယောက် မြေစာပင်ဘဝရောက်ခဲ့ရပါပြီ။ သူနဲ့တကယ်တမ်း ရင်းနှီးတဲ့ သမ္မတကြီး လည်း ဘာမှမကယ်ဆယ်နိုင်ခဲ့ပါဘူး။ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့ မန်းမျိုးဆက် အာဏာ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ခြေချော်ကျခဲ့ရပါပြီ၊ ခြေထိုးခံခဲ့ရပါပြီ။ စာရင်းစစ်ချုပ်ကြီးက ညီအစ်ကို သူငယ်ချင်းတစ်ယောက်လို ခင်မင်ခဲ့တဲ့ ဦးရွှေမန်းက စာရင်းစစ်ဆေးရေးနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ အချက် တွေ၊ စာရင်းဇယားတွေကို ကြည့်ချင်တယ်ဆိုလို့ ပေးလိုက်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေးအရ ခင်မင်ပြီး ယုံကြည်လို့ ပေးလိုက်တာကို ဦးရွှေမန်းက ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး လွှတ်တော်မှာဖွခဲ့ပါတယ်။

ဒါကို ပြုပြင်ပြောင်းလဲရေးသမားကြီ
း၊ လက်တွေ့သမားကြီးဆိုပြီး အတိုက်အခံပါတီတွေနဲ့ အနောက် နိုင်ငံတွေကပါ အားပေးအားမြှောက် ပြုခံနေရတဲ့ အရင်းနှီးဆုံး သူငယ်ချင်းကြီး (သမ္မတကြီး) သိသွားလို့ တော်တော်လေးစိတ်ဆိုးသွားပြီး ဦးလွန်းမောင်ကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းဆိုပြီး ဂရုဏာမသက် နိုင်တော့ဘဲ ထွက်ခွင့်ပေး (ထုတ်ပစ်) လိုက်ရပါတယ်။ ကိုယ့်ကို ဒီလိုနေရာရောက် ဝိုင်းဝန်းချီးမြှောက် အားပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လက်သီးပုန်းနဲ့ထိုးနေတဲ့ ဒီမိုကရေစီဘက်တော်သားကြီး (ပြည်သူ့လွှတ်တော်ဥက္ကဌကြီး)နဲ့ သမ္မတကြီးတို့ရဲ့ကြားမှာ ဦးလွန်းမောင် တစ်ယောက် လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ``သူတည်းတစ်ယောက်ကောင်းဖို့ ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကစား၊ ဓမ္မတာ တည်း`` ဟူသော အလင်္ကာလေးအတိုင်း စာရင်းစစ်ချုပ်ရာထူးကို စွန့်ခွာသွားရပြီ ဖြစ်ပါတယ်။ ဦးသိန်းစိုးတို့ လိုပါပဲ။

ဦးလွန်းမောင်ဟာ တပ်မတော်သားဘ၀ကတည်းက နာမည်ကောင်းရှိသူတစ်ဦးဖြစ်
ပြီး သူ့ဇနီးဖြစ်သူ ဟာလဲ ရိုးသားပွင့်လင်းတဲ့တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် မွန်ပြည်နယ်က နယ်မြို့တစ်ခုမှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ ဦးလွန်းမောင်လိုလူမျိုးကတော့ ခုခေတ်မှာ တော်တော် ရှားသွားပါပြီ။ နိုင်ငံတော်အတွက်လည်း ရိုးသားတဲ့လူကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာပါဘဲ။နိုင်ငံတော် သမ္မတကြီးကလည်း သူငယ်ချင်းပေမယ့် တာဝန်ရှိသူတစ်ယောက်အနေနဲ့ လက်တွဲဖြုတ်လိုက်ရဟန်တူပါ တယ်။

နောက်ဆုံးပြောရရင်တော့ လူတွေဟာအာဏာပါဝါတွေနဲ့ ပတ်သက်လာရင် ညီအစ်ကို၊ သူငယ်ချင်း၊ ငယ်ပေါင်းတွေ ဆိုတာ မထောက်ထားတော့ဘူးဆိုတာ ရိုးသားတဲ့ ဗန်းမော်သား ရှမ်းတိုင်းရင်းသား ဦးလွန်းမောင် ရဲ့ အဖြစ်က သက်သေပြနေပါတယ်။

No comments: