Sunday, October 7, 2012

ဘီဘီစီ မှာ တာဝန်ထမ်းဆောင် နေစဉ် ကိုင်တွယ် ခံ ရ ဟု ဆို


Sunday, October 07, 2012

ဘီဘီစီ မှာ တာဝန်ထမ်းဆောင် နေစဉ် သူ့  ပွတ်သပ် ကိုင်တွယ် ခံခဲ့ရတယ် လို့  ယခင် ရေဒီယို ဒီဂျေ လဇ်ကာရှော က စနေနေ့  မနက် အစောပိုင်း မှာ လက်ရှိ ဘီဘီစီ ညွှန်ချူပ်ကို တိုင်ကြားစာ နဲ့  အတူ ဘီဘီစီ သတင်း ဌာန ကို ပြောသည်။

အသက် ၅၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ လဇ် ဟာ ၁၉၈၇ ခုနှစ် မှာ ဘီဘီစီ မှာ စတင် တာဝန်ထမ်းဆောင် ဘီဘီစီ ရေဒီယို ၁ ရဲ့  အမျိုး သမီး ဒီဂျေ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ သည်။

အခု ဘီဘီစီ ၆ ရဲ့  ရဲ့  ဂီတ ပိုင်း ဆိုင်ရာ တင်ဆက် သူ ဖြစ်နေတဲ့ လဇ်ကာရှောက ” ကျွန်မ ရေဒီယို ဒီဂျေ အဖြစ် တာဝန်ထမ်းဆောင်
နေစဉ်မှာ ဖင် ကို ကိုင် ပြီး ညှစ်တာ ၊ ပွတ်သပ် ကိုင်တွယ်တာခံ
ခဲ့ ရတာ ပါ ၊ တစ်ခါ တစ်လေ အသံ လွှင့် နေစဉ်မှာပေါ့ ကဏ္ဍ အကူးအပြောင်း မှာ ဘယ်သီချင်းထည့် ရင် ကောင်းမလဲ စဉ်းစားနေတုန်း Jimmy Savile ကဖင် ကိုပွတ်ပြီး ကိုင်တော့တာပါပဲ တစ်ခါ တစ်လေ
ကျွန်မ အယောင်ယောင် အမှားမှားတောင် ဖြစ်လို့  ထုတ်ဖော် ပြောဆိုခဲ့ သည်။

ဘီဘီစီ သတင်းဌာန ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဌာနတွင်း ထိုကဲ့သို့ 
ဖြစ်ပွားခဲ့သည့် အတွက် လွန်စွာမှပင် တုန်လှုပ်ရတယ် ဟုြေုပာသည်။

အသံဖမ်း စတူဒီယိုထဲမှာ ပယ်ပယ် နယ်နယ် ညှစ်တာ ပေါ့ ၊
ကျွန်မ တစ်နိုင်ငံလုံး ကို သတင်းလွှင့် နေချိန်ဆိုတော့ ဘာမှ မပြောပါဘူး ၊
ကျော်မကောင်း ကြားမကောင်း ဖြစ် သွား မှာ ပေါ့ ဟုပြန်ပြောင်း
ပြောပြ သည်။

CNN သတင်းဌာန ကိုတော့ သူ ဟာ ” ရှင် တို့  သိမှာ ပေါ့ အရမ်းကို လူကြိုက်များ တဲ့ ဖျော်ဖြေရေး အစီအစဉ် ကို ထုတ်လွင့်ခဲ့ချိန် မှာ
ကျွန်မ က လူမသိ သူမသိ နဲ့  အညှစ်ခံနေရတာ ပေါ့ ဟု ဆိုသည်။

ရေဒီယို ဒီဂျေ လဇ်ကာရှောကို ပွတ် သပ် ကိုင် တွယ် ခဲ့ သည့် Jimmy Savile သည် ဗြိတိသျှ ဘုရင် မကြီး မှ ပေး အပ် ချီးမြှင့်သည့် Sir ဘွဲ့  နှင့် သူကောင်းဘွဲ့ များ ရရှိခဲ့သူ ဖြစ်သည်။

သူသည် လူ ကြိက်များ လှသည့် အစီအစဉ် များ နှင့် ကလေး အစီအစဉ် များ ဖြစ်သည့် Jim’ll Fix It” နှင့်“Top of the Pops ” တင်ဆက်သူ အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ သည်။

ဂျင်မီ ဆဗိုင်လ်သည် လဇ် ကို သာမကာအခြား အရွယ် မရောက်သေးသည့် အမျိုးသမီးငယ်များ နှင့်အခြား ၀န်ထမ်းများကိုပါ ပွတ်သပ် ကိုင်တွယ်မှု
ပြုခဲ့သည်။ ဆဗိုင်လ် ကို စွပ်စွဲထားသူတစ်ဦး က ဆဗိုင်လ် သည် အသက် ၁၆ နှစ်အရွယ်မှာ ပင် သူမ ကို မတော်မတရား ပြုကျင့်ခဲ့သည် ဟု ဆိုသည်။

ကျွန်မ ရဲ့  အသံလွှင့် စတူဒီယို ထဲကို ၀င်ရတာဟာ ရပ်(ဂ)ဘီ အားကစား သမား တွေ ပစ္စည်းထားသိုတဲ့ လော့ကာခန်းတွေ ထဲ ၀င်ရသလို ပဲ ဟု
သူမ က ပြောသည်။

လဇ် က သူမသည် မကြာခဏ ပွတ်သပ် ကိုင်တွယ်ခံခဲ့ရကြောင်း နှင့်
ဂျင်မီ အပြင် အခြား သူတွေ ပါကိုင် တွယ် ခဲ့ သော်လည်း သူက နာမည် ထုတ်ဖော်ပြောကြားခြင်းမရှိ ခဲ့ ဟုသိရသည်။

ဂျင်မီ ဆဗိုင်လ် သည် သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ က ကွယ်လွန်
ခဲ့သည်။

Freedom News Group

No comments: