Tuesday, October 2, 2012

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ သမီးကြီး ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်မ၀မ်းကွဲ ၊ ဒေါ်တင်လှဝင်း အသက် (၇၆)နှစ် ကွယ်လွန်


အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ သမီးကြီး ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်မ၀မ်းကွဲ ၊ ဒေါ်တင်လှဝင်း အသက် (၇၆)နှစ် ကွယ်လွန်၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။

ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေ
နေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါ သဖြင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သမီးကြီးဖြစ်သူ ဒေါ်တင်လှဝင်းအား ခင်မင်လေးစားကြ သည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်သင်္ဂဟများ အားလုံးအတွက် အသိပေး နှိုးဆော်အပ်ပါသည်။

(ညနေ (၅းဝဝ) နာရီအချိန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။
ဒေါင်မာန်ဟုန်

No comments: