Tuesday, October 16, 2012

နိုင်ငံတော်သမ္မတအား ပါတီ၏ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားခြင်းမေးခွန်းထုတ်ဖွယ်ဖြစ်

၂၀၀၈ခုနှစ်ကအတည်ပြုထားဌာန်းထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ
ဥပဒေ အခန်း ၃ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ
သမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှ စ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဟု ဖော်ပြထားပြီး ပုဒ်မှ ၆၄ တွင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားခြင်းကြောင့် ယခုကဲ့သို့ နိုင်ငံတော်ပိုင်သတင်းစာများ၊ရုပ်သံများတွင်
နိုင်ငံတော်သမ္မတအား ပါတီ၏ဥက္ကဋ္ဌအဖြစ်သုံးနှုန်းထားခြင်းနှင့် ယင်းမှာ ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိသောကြောင့်
ပါတီဥက္ကဋ္ဌအဖြစ်ဆက်လက်ရှိနေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ နဂိုနားလည်းပြီးဖြစ်သော ဥပဒေတစ်ရပ်အပေါ်နားလည်မှု
ရှုပ်ထွေးခဲ့ကြောင်း အထက်တန်းရှေ့နေတစ်ဦးကပြောသည်။
..................................................................................................
(ကျွန်တော်လည်း အဲဒါကို ထောက်ပြမလို့ . သူ့သတင်းက ပိုမိုပြည့်စုံတဲ့အတွက် ပြန်Share ပေးလိုက်ပါတယ်ခင်ဗျား..။)
ပါတီလုပ်ငန်းမလုပ်ဆောင်ဘဲ ပါတီဥက္ကဋ္ဌအဖြစ်ရှိနေခြင်းသည်လည်းမေးခွန်းထုတ်ဖွယ်ဖြစ်

အခြေခံဥပဒေ ပုဒ်မ ၆၄ ဖော်ပြချက်အရ ပါတီအဖွဲ့အစည်း၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင...

No comments: