Wednesday, October 3, 2012

လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို

 

လိုသလို အလွဲသုံးနိုင်သည့် ဥပဒေများ ဖျက်သိမ်းရမည်ဟု ဒေါ်အောင် ဆန်းစုကြည် ဆို


ပြည်သူများ၏ အခြေခံအခွင့်အရေးကို မရရှိစေဘဲ အာဏာပိုင်များ လိုသလို အလွဲသုံးနိုင်သည့် ပုဒ်မ ၁ဝ(က)၊ (ခ)၊ ပုဒ်မ ၅ ကဲ့သို့ ဥပဒေများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်၌ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

''အခုပြောခဲ့တဲ့ ပုဒ်မ ၅၊ ပုဒ်မ ၁ဝ တို့ဟာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေ ပါ။ အဲဒီ ဥပဒေကိုယ်ထည်ကြီး တစ်ခုလုံးကို အပြီးအပိုင်ထုတ်ပစ် တာမျိုးကိုပဲ ကျွန်မတို့ လိုလားပါ တယ်''ဟု ဒေါ်အောင် ဆန်းစုကြည် က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ဗဟု အဖွဲ့မှ ဦးတင်မောင်သန်းကလည်း တရားဥပဒေသည် ပြဿနာများကို ဖြေရှင်းရေးနှင့် ဆက်စပ်ပြီး မူဝါဒ များသည် ပြဿနာများကို ဖြေရှင်း ရန်အတွက် ယေဘုယျကျကျ ချဉ်း ကပ်မှုဖြစ်ကြောင်း ဆိုသည်။

''ဥပဒေတစ်ရပ်ကို ထုတ်ပြန် တဲ့အခါ လုံခြုံရေးကို စိုးရိမ်လို့ လုံခြုံရေး အတွက်ဆိုပြီးစဉ်းစား ထုတ်ပြန်တဲ့အခါ တကယ်စိုးရိမ်တဲ့ အတိုင်းဖြစ် ရဲ့လားဆိုတာ မေးခွန်း ထုတ်ရပါမယ်''ဟု ဦးတင်မောင် သန်းက ပြောသည်။ ယင်းသို့သော ဥပဒေများပယ်ဖျက်ခြင်းအသစ်ပြန် လည်ရေးဆွဲခြင်းပြုလုပ် ရန် လွှတ် တော်တွင်း အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်မှ တာဝန်ရှိသူတစ်ဦး က စက်တင်ဘာ လ ၃ဝ ရက်က ပြောကြားသည်။

''ဥပဒေကို မပြဋ္ဌာန်းခင်တုန်း က ချိုးဖောက်တဲ့သူမရှိဘူး။ ဥပဒေ ကို မလိုအပ်ဘဲ ပြဋ္ဌာန်းတဲ့အခါကျ တော့ အလိုလိုနေရင်းကို လူတွေက ဥပဒေချိုးဖောက်တဲ့သူတွေ ဖြစ်သွား တယ်။ အဲဒီတော့ အဲဒီလို ဝန်ထုပ် ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်''ဟု ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက ပြော သည်။

အဆိုပါပုဒ်မ ၅၊ ပုဒ်မ ၁ဝ(က)၊ (ခ)ကဲ့သို့ ပုဒ်မများအပြင် ပုဒ်မ ၃၃(က)ကဲ့သို့ အီလက်ထရောနစ် ဥပဒေများသည် ပြင်ဆင်သင့်သည့် ဥပဒေဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။

''ဥပဒေမှာပါတဲ့ အချက်တွေ ကပြဿနာဖြစ်စေနိုင်တာ အားလုံး သိကြပါတယ်''ဟု ၄င်းက ပြော သည်။ယင်းအတွက် လွှတ်တော်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ယင်းဥပဒေကို ပြင်ဆင်သင့်ပြီး တရားရုံးများကလည်း ယင်းဥပဒေ များဖြင့် တရားစွဲဆိုခြင်းကို ခွင့် မပြုသင့်ကြောင်း ဆိုသည်။

အဆိုပါ ပုဒ်မ ၁ဝ(က)(ခ) သည် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေအဖြစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဦးနေဝင်း အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သည့်ဥပဒေဖြစ်ပြီး ပုဒ်မ ၃၃(က)သည်အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးနည်း ပညာကို အသုံးပြုလျက် နိုင်ငံ တော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာ ရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှု ကို ထိခိုက်စေသည့် ပြုလုပ်မှုတစ်ရပ် ရပ်ကိုပြု လုပ်လျှင် ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ရမည့် အ ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဥာဏ်လင်းအောင်

No comments: