Monday, October 1, 2012

ကြေးနီစီမံကိန်းသတင်းစာရှင်းလင်းပွဲမှ လက်ဆောင်ပစ္စည်း


"လက်ပံတောင်းတောင် ကြေးနီစီမံ
ကိန်းသတင်းစာရှင်းလင်းပွဲမှ 

လက်ဆောင်ပစ္စည်းကိစ္စနှင့်ပတ်

သက်၍Popular News ဂျာနယ်


 အယ်ဒီတာအဖွဲ့၏ သတင်းထုတ်ပြန်ချက်"

(၁) စက်တင်ဘာ ၂၆ ရက်နေ့တွင် မုံရွာ လက်ပံတောင်းတောင်စီမံကိန်း 

ရုံးခန်း၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲသို့ Popular News မှ ဒု-အယ်ဒီ

တာချုပ် ဦးမျိုးညွန့် တက်ရောက်ခဲ့ပါသည်။

(၂) ပွဲစီစဉ်သူက စက်တင်ဘာ ၂၅ ရက်နေ့တွင် ခရီးစဉ်ပရိုဂရမ်အကြောင်း 

ဖုန်းဖြင့်ဆက်သွယ်ပြောကြ

ားစဉ်ကမူ ကင်မရာတစ်လုံး လက်ဆောင်ပေးမည်ဟု ဆိုပါသည်။

(၃) ယင်းသို့ ပြောကြားပြီးပြီးချင်း ထိုလက်ဆောင်ပစ္စည်းကို လုံးဝယူမည်
မဟုတ် ကြောင်း ငြင်းဆိုခဲ့သည်။

(၄) စီးပွားရေးဦးပိုင်သို့ မေးချင်တာမေးခွင့်ရှိရန်သာ လိုအပ်ကြောင်း ပြန်
လည်ပြောဆိုခဲ့ရာ ပွဲစီစဉ်သူက လွတ်လပ်စွာ မေးနိုင်သည်ဟုဆို၍ 
လိုက်ပါခဲ့ပါသည်။

(၅) ခရီးစဉ်တစ်လျှောက်တွင်လည်း Popular News ၏ ဒု-အယ်ဒီတာချုပ်အား မည်သည့်လက်ဆောင်ပစ္စည်းမျှ လာပေးခြင်း လုံးဝမရှိသလို သတင်းထောက်
များအားလုံးရှိသည့်အချိန်တွင်လည်း လက်ဆောင်ပစ္စည်းပေးသည်ကို မတွေ့ရှိပါ။ ပေးသည်မပေးသည်ကိုလည်းမသိပါ။

(၆) စက်တင်ဘာ ၂၆ ရက်နေ့ ည မုံရွာ၌ ညစာစားသည့်အချိန်တွင် Popular News 
ဒု-အယ်ဒီတာချုပ်မှ ပွင့်လင်းလူ့အဖွဲ့ အစည်း(မုံရွာ)နှင့် သွားရောက်တွေ့ဆုံနေ
သဖြင့် ထိုအချိန်၌ အခြားသတင်းထောက်များအား ပေး မပေး
 မသိရှိခဲ့ပါ။

(၇) စက်တင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် ဂရင်းမီးရထားဟိုတယ်
တွင်ပြုလုပ်သည့် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် သတင်းစာ
ရှင်းလင်းပွဲသို့လည်း Popular News မှ ဒု-အယ်ဒီတာချုပ် ဦးမျိုးညွန့် နှင့် အကြီးတန်း သတင်းထောက် ဒေါ်မေဇင်ဝင်း 
တို့တက်ရောက်ခဲ့ကြပါသည်။
 
 ရှင်းလင်းပွဲမကျင်းပမီနှင့်ကျင်းပနေစဉ်တွင်လည်း မည်သည့် လက်ဆောင်
ပစ္စည်းမှ ပေးခြင်းမရှိပါ။

(၈) ထိုရှင်းလင်းပွဲအပြီး နေ့လည်စာဖြင့် တည်ခင်းဧည့်ခံရာနေရာသို့ 
သွားရောက်ခဲ့ခြင်းမရှိသဖြင့် လက်ဆောင်ပစ္စည်းပေးသည် မပေး 
သည်ကိုမသိရှိခဲ့ကြပါ။


  
 ဦးပိုင် နှင့် ၀မ်ပေါင် ကုမ္ပဏီ က ပြု လုပ်သည့် 
လက်ပံတန်းတောင်ကြေးနီးမိုင်း သတင်းစာရှင် 
လင်းပွဲ တွင် သတင်းထောက် များကို လာဘ်
သပ် ပကာ ပေး သည့် အနေ ဖြင့် ဝေငှ သည့် 
အမေရိကန် ဒေါ်လာ ၃၂၀ တန် 16.2 Megapixels 
Sony Dsc Tx20 မော်ဒယ်(လ) Waterproof 
ကင်မရာ (ဓါတ်ပုံ-Freedom News Group)
 
 
(အယ်ဒီတာအဖွဲ့)
Popular News Journal
အောက်တိုဘာ(၁)၊ ၂၀၁၂

No comments: