Monday, October 15, 2012

ဗုဒ္ဒရုပ်ပွားတော်တစ်ဆူကိုဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ပြုလှူဒါန်း


ဒေါ်အောင်ဆန်းစုကြည် အတွက် ရွှေစောင်းဆုရှင်များက ဂုဏ်ပြုချီးမြှင့်လှူဒါန်းသော သံလျင် မြို့အနီး၊ကျောက်တန်းမြို့အ၀င် နန်းတော်ဦးစေတီ၊နတ်ရေကန်ကြီး တစ်ဆူကို ၂၀၁၂ခုနှစ်၊အောက် တိုဘာ(၃၀)ရက်၊သီတင်းကျွတ် လပြည့်နေ့ နံနက်တွင် သံဃာ တော်(၂၇)ပါးဖြင့်အနေကဇာတင်ပွဲကျင်းပပြီးအသက်သတ်လွတ်ဆွမ်းများလည်းဆပ်ကပ်လှူဒါန်း ကျွေးမွေးမည်ဖြစ်ကြောင်း ကြားသိ ရသည်။

၂၀၀၄ခုနှစ် သုဝဏ္ဏအား ကစားရုံတွင် ကျင်းပခဲ့သော နတ် ရေကန်ရွှေစောင်းဆုချီးမြှင့်ပွဲတွင် ဆုငါးသောင်းကျပ်စီကိုစုပေါင်း၍ နှစ်ကျိပ်ရှစ်ဆူဘုရားများတည်ထား ကိုးကွယ်ကာ အမိမြန်မာပြည်၏ အထင်ရှားဆုံးသော ပုဂ်္ဂိုလ်များ အား ကိုယ်ရေးအတ္တပတ်္တိ၊ကဗ္ဗည်း ကျောက်စာထိုးပြီး တစ်ဆူစီဂုဏ် ပြုချီးမြှင့်ပူဇော်ရန်စီစဉ်ခဲ့ကြသည်။ ဤဘဒ္ဒကမ္ဘာတွင်ပွင့်ခဲ့ပြီးသော မြတ်ဗုဒ္ဓဘုရား(၄)ဆူရည်စူးတည် ထားပြီး ဗိုလ်ချုပ်အောင်ဆန်း၊ဦး နုနှင့်ဦးသန့်တို့အတွက်ရည်စူးချီး မြှင့်ပူဇော်ခဲ့ပြီး ကျန်တစ်ဆူမှာ ထိုက်တန်စွာချီးမြှင့်ပေးရမည့် ပုဂ်္ဂိုလ်ကိုရွေးချယ်နေရင်း(၄)နှစ် မျှကြာမြင့်ခဲ့သည်။

ယခုအခါ၂၀၁၂ခုနှစ်စက်တင်ဘာလအတွင်း နိုင်ငံတကာဆု(၁၀၀)ကျော်ရထားပြီးသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်လွှတ်တော်မှအရပ်သားများကိုချီးမြှင့်သည့် အမြင့်ဆုံးရွှေတံဆိပ်ဆုကို ရရှိပြီး နောက် ကျန်ရှိနေသော ဗုဒ္ဓရုပ် ပွားတော်တစ်ဆူကိုရရှိပြီးနောက် ကျန်ရှိနေသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်ပြုချီးမြှင့်လှူဒါန်းရန် ရွှေစောင်းဆုရှင်များအားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်တွင် ကဗ္ဗည်းကျောက်စာထိုးပေးရန် အတွက် ဆရာကြီးတက္ကသိုလ် ခင်မောင်ဇော်မှဒေါ်အောင်ဆန်း စုကြည်၏ ကိုယ်ရေးသမိုင်းကို အတိုချုံး၍အောက်ပါအတိုင်းပြု စုရေးပေးထားသည်။

““အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အဂ္ဂမဟာ သီရိသုဓမ္မဒေါ်ခင်ကြည်တို့မှ ၁၉၄၅-ခုနှစ်၊ရန်ကုန်တွင်မွေးဖွားသည်။အင်္ဂလိပ်မက်သက်ဒက်စ် အထက်တန်းကျောင်း(အထက-၁ ဒဂုံ)တွင် ပညာသင်ကြားခဲ့ပြီး အောက်စဖို့တက္ကသိုလ်မှဘီအေ ဘွဲ့ရခဲ့သည်။ကုလသမဂ္ဂဌာချုပ် တွင် ခေတ္တအမှုထမ်းခဲ့ပြီး မိုက် ကယ်အဲရစ်နှင့်အိမ်ထောင်ကျကာ သား(၂)ဦးထွန်းကားခဲ့သည်။၁၉၈၈-အရေးအခင်းတွင်လူထု ခေါင်းဆောင်အဖြစ်တင်မြှောက် ခံရကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၈၉ခုနှစ် ဇူလိုင်လမှ ၂၀၁၀ခု နှစ် နိုဝင်ဘာလအထိ(၂၁)နှစ်မျှ နေအိမ်အကျယ်ချုပ်ခံခဲ့ရသည်။ ၁၉၉၁ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံရသည်။ ၂၀၁၂ခုနှစ် ဧပြီ လ(၁)ရက်နေ့တွင် ကော့မှူးမြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည်။အနှစ်(၂၀)ကျော်ကာလအတွင်း ကမ္ဘာအရပ်ရပ်မှ ချီးမြှင့်သော ဆုပေါင်း(၁၀၀)ကျော်ရခဲ့သည်။

ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်သည် ဗြိတိန်လွှတ်တော် နှစ်ရပ်ပေါင်းတွင် ဘုရင်မကြီးမှ လွဲ၍ ပထမဦးဆုံးမိန့်ခွန်းပြောခွင့် ရသော အမျိုးသမီးဖြစ်ကာ အမေရိကန်ကွန်ကရက်လွှတ်တော် ၏ အရပ်သားအမြင့်ဆုံးရွှေတံဆိပ် ဆုကိုရရှိခဲ့သည့် အမိမြန်မာပြည် ၏ အထင်ရှားဆုံးနိုင်ငံခေါင်းဆောင် အမျိုးသမီးဖြစ်သည်””ဟု ပါရှိ ကြောင်းသိရှိရသည်။

နတ်ရေကန်နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်း ဆုရရှိသော ပုဂ်္ဂိုလ်တစ်ချို့မှာ ဆရာကြီးဦးသုခ (ရုပ်ရှင်)၊ဆရာကြီးဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)၊ဆရာကြီးဦးစံငြိမ်း(SSC-ဆေးရုံ၊ဗဟန်း)၊ဦး ဇော်ဝိတ်(ကာယဗလ)၊ဒေါက်တာ မောင်မောင်ခ(တက္ကသိုလ်ပါချုပ်)၊ ဒေါက်တာမင်းတင်မွန်(နိုင်ငံတကာ အဘိဓမ္မာ)၊ဦးမောင်မောင်စိုးတင့် (သံအမတ်ကြီး-အင်ဂျီအို)၊ဒေါ် မေရှင်(ဂီတ)၊ဒေါ်စောမုံညှင်း(စာ ပေ)၊ဒေါ်တင်တင်စိန်(ကမ်္ဘာလှည့်)၊ ဒေါက်တာရီရီလှ(မိခင်နှင့်ကလေး)၊ ဦးဂိုအင်ကာ(မွန်ဘိုင်းရွှေတိဂုံ) စ သည့် ပုဂ်္ဂိုလ်(၂၈)ဦးပါဝင်ကြောင်း သိရှိရသည်။

့Hot new weekly သတင်းဂျာနယ်



No comments: