Monday, October 1, 2012

စွမ်းအင်အမြင့်ဆုံး မဟာနျူကလီးယား ရေငုပ်သင်္ဘောကြီး


ကမ္ဘာ့အဆင့်မြင့်ဆုံးနည်းပညာနဲ့ တည်ဆောက်ထားတဲ့ စွမ်းအင်အမြင့်ဆုံး မဟာနျူကလီးယား ရေငုပ်သင်္ဘောကြီးရဲ့ အစွမ်းအစကို ဗြိတိန်တော်ဝင် ရေတပ်ကပြသလိုက်ပါပြီ။ဒီစစ်သင်္ဘောကြီးက တခြားရေယာဉ်တွေကို မိုင်၃၀၀၀လောက် အကွာက ထောက်လှမ်းနိုင်ပြီး၊ ရန်သူတွေကို မိုင်၁၂၀၀အကွာမှာ ပစ်မှတ်မလွဲအောင် ပစ်နိုင်သလို ရေအောက်မှာလည်း အသံလှိုင်းနဲ့ ပစ်မှတ်တွေကို ရှာဖွေပေးနိုင်ပါတယ်။ ဒီရေငုပ်သင်္ဘောကြီးရဲ့ ထူးခြားချက်က နူကလီယား ဓာတ်ပေါင်းဖိုတေ
ွနဲ့ပါ ချိတ်ဆက်ထားနိုင်တာပါပဲ။ ဒီရေငုပ်သင်္ဘောအတွက် နျူကလီယားလောင်စာကလည်း နှစ်ပေါင်း၂၅နှစ်စာ ဖူလုံပါတယ်။ ကြောက်စရာသိပ်ကောင်းတဲ့ အဲဒီရေငုပ်သင်္ဘောမှာ ပစ်မှတ်ကို အလိုအလျောက် ရှာဖွေနိုင်ပြီး ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ နျူကလီးယာ ဒုံးလက်နက်တွေပါ တပ်ဆင်ထားပါတယ်။ ဒီရေငုပ်သင်္ဘောမှာ သင်္ဘောသားပေါင်း ရာနဲ့ချီပြီးဆန့်ပါတယ်။ ဒီရေငုပ်သင်္ဘောကို တည်ဆောက်ဖို့ ဗြိတိန်တော်ဝင်ရေတပ်က စတာလင်ပေါင် သန်းတစ်ထောင်အထိ သုံးစွဲခဲ့ရပါတယ်။
http://swesonemedia.org/

No comments: