ကရင်အမျိုးသား
အစည်းအရုံး (KNU) ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒို ဒေးဗစ်ထောဟာ ဒီနေ့ ည ၁၀
နာရီခွဲခန့်က မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။
ဖဒိုဒေးဗစ်ထောဟာ အစိုးရနဲ့  ကရင်လက်နက်ကိုင်အဖွဲ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ
ဆက် အကောင်အထည်ဖော် တဲ့အနေနဲံ ဘားအံမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်အပြီး
ပြီးခဲ့တဲ့လ ကုန်ပိုင်းကတည်းက ရန်ကုန်မှာ အလည်အပတ် ရောက်ရှိနေစဉ်
အဆုတ်ရောဂါအခြေအနေ ဆိုးရွားလာတာကြောင့် မင်္ဂလာဒုံစစ်ဆေးရုံမှာ
ဆေးကုသမှုခံယူနေခဲ့တာပါ။
No comments:
Post a Comment