Sunday, October 28, 2012

"မြန်မာ NGOကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးထွက်ခွာ"


Aung Khaing Myint 4:37pm Oct 28


နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ဝင်
များဦးဆောင်သော မြန်မာ NGOကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ ရက်သတ္တနှစ်ပတ်ကြာ ချစ်ကြည်ရေးနှင့်လေ့လာရေးခရီးစဉ်အဖြစ်
ယနေ့ထွက်ခွာသွားပြီဖြစ်သည်။

တရုတ်နိုင်ငံမှ CHINA NGO NETWORK FOR INTERNATIONAL EXCHANGES(CNIE) ၏ ဖိတ်ကြားချက်အရ ယခုကဲ့သို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးအဖြစ် သွားရောက်ခြင်းဖြစ်သည်။


မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်သမ္မတအကြံပေးများဖြစ်
ကြသည့် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးစစ်အေး၊ ဒေါက်တာ စိန်လှဘိုနှင့် ဒေါ်ခင်မျိုးမြင့်တို့က ဦးဆောင်ပြီး
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး
အဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေနှင့်ဖြန့်ချိသူများအသင်း အစရှိသည့် NGOအသင်းအဖွဲ့များမှ တာဝန်ရှိသူများအပါအ၀င် အခြားသော NGO အသင်းအဖွဲ့များမှ
တာဝန်ရှိသူတို့လည်းပါဝင်ကြကာ အဖွဲ့ဝင် ၂၅ ဦးဖြစ်ကြောင်းသိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ CNIE ၊ China Power Invesment Corporation(CPIC)၊ တရုတ်နိုင်ငံသတ္တုတူးဖော်ရေးကုမ္ပ
ဏီလိမိတက်(China Nonferrous Metal Mining Co., Ltd)၊ တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာအသင်း၊ အာရှ-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုလျော့ပါးရေးဖောင်ဒေးရှင်း၊ တရုတ်လူငယ် စေတနာ့ဝမ်ထမ်းအဖွဲ့၊ တရုတ်နိုင်ငံ
ဘာသာရေးနှင့်ငြိမ်းချမ်းရေးကော်
မတီ၊ တရုတ်နိုင်ငံသတင်းစာဆရာအသင်း စသည့်အစိုးရမဟုတ်သောအသင်းအဖွဲ့များအပါအ၀င်အခြားသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးကြကာ စာတန်းများလည်းဖတ်ကြားကြမည်ဖြစ်
ပြီးအတွေ့အကြုံများဖလှယ်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့အတွေ့အကြုံများဖလှယ်ကြ
ခင်းမှာ ယခုခရီးစဉ်၏ အဓိက
ဦးတည်ချက်ဖြစ်ကြောင်း သိရသည်။

မြန်မာ NGO ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ(၁၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်
ရှိမည်ဖြစ်သည်။
Timeline Photos
"မြန်မာ NGOကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးထွက်ခွာ" နိုင်ငံတော်သမ္မ...
လှိုင်သာယာစက်မှုဇုန် အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒဖော်ထုတ်မှုအား မေလ ၂၂ ရက်တွေ့ရစဉ်

No comments: