Saturday, October 13, 2012

OIC ၏ ရည်ရွယ်ချက်မှာ ၂ ဘက်စလုံးကို ကူညီရန်ဖြစ်ကြောင်း OIC တာဝန်ခံမှ BBC သို့ပြောကြား

BBC မြန်မာပိုင်း
ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေးခရီးစဉ်အတွင်း စက်တင်ဘာ ၁၁ ရက်က အိုအိုင်စီနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
စာချွန်အရ ရန်ကုန်မြို့နဲ့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်မှာ အိုအိုင်စီရဲ့ ရုံးတွေကို ဖွင့်လှစ် သွားမယ်လို့ အိုအိုင်စီက ဘီဘီစီကို ပြောပါတယ်။ အိုအိုင်စီရုံးတွေ ဘယ်တော့ဖွင့်မှာလဲ၊ ဘာတွေ ဆောင်ရွက်မှာလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေသလို ကန့်ကွက် ဆန္ဒပြမှုတွေကလည်း ရန်ကုန်နဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွားနေပါတယ်။
လက်ရှိ အခြေအနေမှာတော့ အိုအိုင်စီရုံးကိုဖွင့်ဖို့ ပြင်ဆင်နေပြီး မကြာခင် ဖွင့်လှစ်သွားမယ်လို့ အိုအိုင်စီရဲ့ မွတ်ဆလင် လူနည်းစု ရပ်ဝန်းဌာနရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ တာဝန်ခံ မစ္စ ဒီနာ မန်ဒနီက ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေးဆိုင်ရာတွေအတွက် ဖွင့်လှစ်မှာဖြစ်ပြီး၊ စစ်တွေရုံးကိုတော့ လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်မယ်လို့ သူက ဆိုပါတယ်။
အိုအိုင်စီက လူဘယ်လောက်လွှတ်မယ် ဆိုတာကိုတော့ မပြောဘဲ ပြည်တွင်းက လူတွေကိုလည်း ငှားရမ်းအသုံးပြုမယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ အိုအိုင်စီရုံး မဖွင့်ဖို့ကို ပြည်သူတချို့ရော၊ သံဃာတော်တွေကပါ ဆန္ဒပြမှုတွေရှိနေတာကို သိပါသလားလို့ မေးတော့ မစ္စ ဒီနာ မန်ဒနီက ဒါကလူထုရဲ့ ထင်မြင်ချက်သက်သက်သာ ဖြစ်တယ်၊ မြန်မာအစိုးရ သဘောထား မဟုတ်ဘူး။ လူထုထင်မြင်ချက် အပေါ်မှာတော့ ဘာမှ မပြောလိုဘူး။ သူတို့ အိုအိုင်စီဟာ အစိုးရနဲ့လက်တွဲ လုပ်ဆောင်နေတာ ဖြစ်တယ်။ အိုအိုင်စီရုံးတွေ ဖွင့်တယ် ဆိုတာကလည်း ဗုဒ္ဓဘာသာတွေရော မွတ်ဆလင်တွေကိုပါ ကူညီဖို့ ဖြစ်တယ်။ အခုတော့ ရုံးဖွင့်လို့ရတဲ့ အခွင့်အရေးကို ယူပြီး နှစ်ဘက်ကြားယုံကြည်မှုတည်ဆောက်ဖို့ လုပ်ပါမယ်လို့ ဘီဘီစီကို ပြောပါတယ်။
အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာတာဟာ ပြီးခဲ့တဲ့ ရခိုင့်အရေး နောက်ပိုင်းမှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ၊ သံဃာတော်တွေကတော့ အိုအိုင်စီမှာ တခြား လုပ်ဆောင်မှုတွေပါ ပါလာမှာကို စိတ်ပူနေကြလို့ အခုလို အိုအိုင်စီ အလိုမရှိ ဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပါ။
အစိုးရကလည်း အိုအိုင်စီရုံး ဖွင့်မယ့်ကိစ္စကို လူထုကို ရှင်းရှင်းလင်းလင်း အသိပေးတာ မရှိပါဘူး။ ဒါပေမဲ့ မစ္စ ဒီနာ မန်ဒနီကတော့ မစိုးရိမ်ကြဖို့ ပြောပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ စိတ်ပူဖို့ မလိုပါဘူး။ အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကလည်း အင်မတန်မှကို တင်းကျပ်ပါတယ်။ အိုအိုင်စီက လုပ်မှာကလည်း လူသားချင်းစာနာမှု လုပ်ငန်းသက်သက်ပါပဲ။ မြန်မာအစိုးရအနေနဲ့ကလည်း ဒါကို မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ပြောပြသင့်ပါတယ်။ အိုအိုင်စီက ကူညီဖို့ သက်သက်ရုံးဖွင့်တာ၊ တခြား ဘာရည်မှန်းချက်၊ မျှော်မှန်းချက်မှ မရှိပါဘူးဆိုတာကို ပြည်သူတွေကို ပြောပြသင့်ပါတယ်လို့ အိုအိုင်စီရဲ့ ရိုဟင်ဂျာအရေး တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။
မြန်မာအစိုးရက လူထုကို ရှင်းရှင်းလင်းလင်း မပြောခဲ့လို့ အိုအိုင်စီအနေနဲ့ မြန်မာလူထုနဲ့ သံဃာတော်တွေကို ကိုယ့်ရုံးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြဖို့ အစီအစဉ် ရှိပါသလားလို့ မေးတာကိုတော့ မစ္စ ဒီနာ မန်ဒနီက အိုင်အိုစီ အတွင်းရေးမှူးချုပ်ရဲ့ ရှေ့ပြေး ခရီးစဉ်တွင်းမှာလည်း ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
တခါ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတပါးရဲ့ စီစဉ်ပေးမှုနဲ့ ဘာသာရေးနဲ့ ရပ်ရွာခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးနိုင်ခဲ့လို့ အိုအိုင်စီရဲ့ လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကို ရှင်းပြခဲ့ပြီးဖြစ်တယ်၊ ဒီလိုပဲ ဆွေးနွေးပြောဆို ပြီးရင် အဆင်ပြေအောင် ညှိနှိုင်း လုပ်ကိုင်နိုင်မှာ ဖြစ်တယ်၊ ဘာမှ ပြောဆိုခွင့် မသာရင်တော့ ပြဿနာတွေကို ရှင်းနိုင်မှာမဟုတ်လို့ နှစ်ဘက်စလုံးက အတူ လက်တွဲလုပ်ဖို့ လိုပါတယ်လို့ မစ္စ ဒီနာ မန်ဒနီက ပြောပါတယ်။

3 comments:

Anonymous said...

အဓိကအားဖြင့် -OIC- အဖွဲ့ ကို
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ပြီး မွတ်ဆလင်ဘာသာဝင်များအနေနဲ့ ထက်
သမိုင်းလိမ် ကုလားများကို အသက်သွင်းဖန်တီးဖို့ ရာမှာ အခြေခံအချက်တွေ
အများကြီး ရှိနေပါတယ် ။
ပညာရေး ၊ စီးပွါးရေး ၊ လူမှုရေး ၊ ဘာသာရေးများကို -OIC- က
စီမံကိန်းနဲ့  ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။
( ၁ ) ပညာရေး ။။။။။။။။
ပညာရေးအတွက် မောင်တောမြို့  ၊ ဘူးသီးတောင်မြို့ နယ် တ၀န်းမှာ
ပလီကျောင်းများ တည်ဆောက်သွားမှာဖြစ်ပါတယ် ။ တက္ကသိုလ်ကျောင်းများ
တည်ဆောက်မှာဖြစ်ပြီး ကွန်ပြူတာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပါတယ် ။
မောင်တောနယ်စပ်ကနေပြီး အောင်သပြေ ကျေးရွာ ဝေလာတောင်အထိ ပလီကျောင်းတွေ
တည်ဆောက်ပေးပြီး အခမဲ့ ပညာသင်ကြားရေးစနစ်နဲ့  ဘွဲ့ ရပညာတတ်များကို
မွေးထုတ်သွားမှာဖြစ်ပါတယ် ။ ကွန်ပြူတာနဲ့ အင်္ဂလိပ်စကားပြော သင်တန်းများ
ကို ပို့ ချသွားမှာဖြစ်ပါတယ် ။ သူတို့ ရဲ့ ကျောင်းများမှာ မည်သည့်
ရခိုင်လူမျိုးများ မသင်ကြားရပါ ။
( ၂ ) စီးပွါးရေး ။။။။။။။။။ နယ်စပ်ဒေသမှာ ဈေးများတည်ဆောက်ပေးပြီး
မြို့ ပြများ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ် ။ မောင်တောနယ်စပ်
တလျှောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ နေအိမ်များ ၊ ဈေးဆိုင်များလို
တိုက်တာများ ဆောက်လုပ်ပေးပြီး နယ်စပ်တလျှောက် လျှပ်စစ်မီးရရှိရေးနဲ့ 
တယ်လီဖုံးများကို ဘ၈င်္လားဒေ့ရှ်နိုင်ငံမှ အသုံးပြု
ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
တရားဝင်ခရီးသွားလာရေးကို ဗီဇါများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
မည်သည့်မွတ်ဆလင်နိုင်ငံကိုမဆို ခရီးသွားလာခွင့် ရရှိရေးကို
ပြုလုပ်သွားမှာဖြစ်ပါတယ် ။
( ၃ ) လူမှုရေး ။။။။။။။။။။ မောင်တောနယ်စပ်မှ ဝေလာတောင်အထိ
လယ်ယာမြေများကို မြေစာရင်းဦးစီးဋ္ဌါနမှ ၀ယ်ယူပြီး စစ်တပ်ပိုင်
လယ်ယာမြေများကို ၀ယ်ယူမှာဖြစ်ပါတယ် ။ သမိုင်းလိမ်ကုလားတွေအနေဖြင့်
မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင်မြို့ နယ်များမှာ လယ်ယာမြေများကို
ဝယ်ယူပြီး ကုလားလယ်ဖြစ်ရေးကို ဆောင်ရွက်မှာဖြစ်ပါတယ် ။ မည်သည့်
ကုလားလယ်များတွင် ရခိုင်လူမျိုးများ အလုပ်အကိုင် မရရှိစေရေးနဲ့ 
ဈေူးများ ၊ နေအိမ်များ ၊ မြို့ ရွာများတွင် ရခိုင်လူမျိုးများနှင့်
ယှဉ်တွဲ့ မနေစေရေးတို့  ပြုလုပ်မှာဖြစ်ပါတယ် ။ နောက်ပိုင်းတွင်
ရခိုင်လူမျိုးများအား လုံးဝ မနေနိုင်ရေးကို
ထာဝစဉ်ပြုလုပ်သွားမှာဖြစ်ပါတယ် ။
( ၄ ) ဘာသာရေး ။။။။။။။။။ ဘာသာရေးအတွက်
ကိုရမ်ကျမ်းစာသင်ကြားနိုင်ရေးအတွက် နိုင်ငံတကာမှ စာအုပ်စာပေများကို အခမဲ
့ ဖြန့် ချီပေးသွားမည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မော်လဗီဆရာများ
မွေးထုတ်သွားမှာဖြစ်ပါတယ် ။ မောင်တော ၊ ဘူးသီးတောင် ။ ရသေ့တောင်မြို
့နယ်များလဲဘဲ မော်လဗီများက မနက်တိုင်း ပလီမှ နေပြီး တရားစာများ
ဖတ်ရွတ်စေမည်ဖြစ်ပါတယ် ။ ယခုဆိုရင် သံတွဲမြို့ မှာ နေ့ စဉ်မနက်တိုင်း
ပလီမှ တရားသံကို အသံချဲ့ စက်ဖြင့်သာ လွှင့်ပေးနေရာ နောင်ကို ၄င်းမြို
့နယ်များ၌ နေ့ စဉ်ပြုလုပ်သွားမည်ဖြစ်ပါတယ် ။ ရခိုင်ပြည်နယ် တခုလုံးသည်
မွတ်ဆလင်များနေထိုင်ရာ နယ်မြေဒေသဖြစ်အောင် ပြုလုပ်ဆောင်ရွက်သွားမည်ဟု
ခိုင်လုံတဲ့  သတင်းတေအရ ကြားသိရပါတယ် ။
ဒီတော့ခါ အခုလို စီမံကိန်းတွေနဲ့  ပြုလုပ်ဆောင်ရွက်မဲ့  -OIC- ကို
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းဋ္ဌေးက သိရှိပြီးသည်နှင့် မည်ကဲ့ သို
့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို သိလိုလှပါတယ် ။
တတိယအချက်အနေနဲ့  ရခိုင်ပြည်နယ်အစိုးရအနေနဲ့  ယခုကိစ္စကို သာမန်
ပေါ့ပေါ့ဆဆ ဆောင်ရွက်ရမဲ့  ပြသနာမဟုတ်ဘူးဆိုတာ နားလည်ပေးဖို့ လိုပါတယ် ။
ယခုအချိန်မှာ ပါမစ်ခွင့်ပြုချက်ယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ
တောင်းဆိုနေတာဖြစ်ပါတယ် ။ အကယ်၍ -OIC- အဖွဲ့ ကို စစ်တပ်အားကိုးနဲ့ 
စစ်တွေမြို့ မှာ ဖွင့်လှစ်ထားလို့ ကတော့ ပါမစ်မယူဘဲ
လူသောင်းပေါင်းများစွာဟာ နေ့ စဉ်ဆန္ဒပြပွဲကို ဆင်နွဲလာနိုင်ကြပါလိမ့်မယ် ။
ရခိုင်ပြည်နယ် အစိုးရကို အယုံအကြည် မရှိအဆိုတွေ တင်သွင်းလာကြပါလိမ့်မယ်
။ တချိန်တည်းမှာ နေပြည်တော်မှာ ကျင်းပနေတဲ့  လွှတ်တော်တွင်းမှာလဲ
ဒီပြသနာကို တင်သွင်းလာကြပါလိမ့်မယ် ။ အဲဒီအခါကျရင် ရခိုင်သူတွေရဲ
့အသံကို အမျိုးသမီးများရဲ့  အခွင့်အရေးအဖြစ် တောင်းဆိုပွဲအနေနဲ့ 
ဆက်တိုက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာမယ်လို့ မြင်ယောင်မိနေပါတယ် ။။။။

အောင်သာနီ

Anonymous said...

မွတ်စလိမ် ပတ်ကုလားတွေက ကယ်ဆယ်ရေးအရေခြုံပုံးတွေကို မဲလိမ်နဲ့ဟန်လုပ်နေတဲ့ စစ်ကလိမ်အစိုးရကို ဘတ်ပြီး ဘင်္ဂါလိမ် အရှုပ်ထုပ်တွေဆီ အရောက်ပို့ပေးလိုက်ပြီ။ ရှေ့ဆက်ပြီး OICကပါ ဘယ်လို ထပ်လိမ်မယ်မသိဘူး။ အကောင်းဆုံးကတော့ မြန်မာပြည်သူတွေနဲ့ မအပ်စပ်တဲ့ အဲဒီသတ္တဝါတွေကို သူတို့နဲ့အပ်စပ်တဲ့ ၅၇ ဋ္ဌာနကို ပို့ပေးလိုက်ပါ။ သူတို့ရော မြန်မာပြည်သူတွေပါ ငြိမ်းချမ်းသွားပါလိမ့်မယ်။

Anonymous said...

OICက သူတို့အတွက် မုန့်ဖိုးပဲဖိုး မဖြစ်စလောက်လေးကို ၂ ဘက်လုံးကို ကူညီမှာပါ၊ သံသယ မရှိကြပါနဲ့၊ ထုံးစံအတိုင်း မည်သည့်လူမျိုးမဆို မူဆလင်မျိုးဆက်သစ်များကို မဟားတရား မွေးထုတ်ပေးပါမယ်ဆိုတဲ့ ကတိခံဝန်ချုပ်နဲ့အတူပေါ့။