Wednesday, October 3, 2012

OIC ဆိုတာ ဘယ် လို အဖွဲ့ အစည်းမျိုးလဲ။ မြန်မာနှိုင်ငံ နဲ့  "ရခိုင်"တို့  ရဲ့ အနာဂါတ်ရော့ ဘယ်လဲ

OIC အဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း(၅၇)နိုင်ငံနဲ့ ဖွဲ့
စည်းထားတယ်။ OIC မှာ အခြားနိုင်ငံ၊ အဖွဲ့
အစည်း၊ အသင်းအဖွဲ့ (၁၂)ခုလည်း
 လေ့လာသူများအဖြစ် ပါဝင်တယ်။

 မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအစ္စလမ္မစ်အဖွဲ့တို့မှာ OIC လေ့လာရေးအဖွဲ့မှာ ပါဝင်တယ်။

ကုလသမဂ္ဂ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM)၊ အာရပ်အဖွဲ့ချုပ် (LAS)၊ အဖရိကသမဂ္ဂ (AU)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECO)လို အဖွဲ့ကြီးတွေလည်း လေ့လာဆဲအဖွဲ့ဝင်တွေမှာ ပါဝင်တယ်။ ဒါကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သမ္မတသိန်းစိန်နဲ့ တွေ့တုန်း OIC နဲ့ သတိထားဆက်ဆံဖို့ ပြောခြင်းမှာ အကြောင်းမဲ့မဟုတ်ပါ။ ကမ္ဘာ့ဇာတ်ခုံမှာ ကုလသမဂ္ဂပြီးယင် ဒုတိယအကြီးဆုံးအဖွဲ့ ဖြစ်လို့ပါပဲ။




OIC အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တတိယနိုင်ငံများမှာ ပြန့်ကျဲူနေတယ့် ဘင်္ဂါလီလူမျိုးများကို စုစည်းပြီး Myanmar Arakan Rohingya အဖွဲ့ အမည်နဲ့ ထူထောင်ပေးခဲ့တယ်။ ဒီအဖွဲ့ကို ဒေါက်တာဝါကာအူဒင်ကို ဦးဆောင်စေပါတယ်။

 ဒေါက်တာဝါကာအူဒင်က အမေရိကန်မှာ ပါမောက္ခတစ်ဦးအနေနဲ့ ရပ်တည်နေပြီး လက်ရှိ OIC အထွေထွေအတွင်းရေးမှူး တူရကီနိုင်ငံသား အက္ခမီလဒ္ဒင် အီးစင်နော့ခ်လူလည်း ပညာတတ်တစ်ဦးပါ။

ဒီပုဂ္ဂိုလ်နှစ်ဦးက ကုလသမဂ္ဂအကူအညီကို အမိအရ ယူပြီး ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူစလင်များကို ရိုဟင်ဂျာလူမျိုးများအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံသားများဖြစ်ကြောင်း အသိအမှတ်ပြုပေးဖို့ လုပ်မှာ ဖြစ်တယ်။




လက်ရှိအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာအက္ခမီလဒ္ဒင် အီးစင်နောခ်လူမှာ (၉)ဦးမြောက် ဖြစ်ပြီး မဲစနစ်နဲ့ တက်လာသူ ဖြစ်တယ်။ သူက သိပ္ပံဆိုင်ရာ၊ အစ္စလမ္မစ်ဆိုင်ရာ ကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ပြင်သစ်နဲ့ အီရန်ဘာသာစကားကိုလည်း တတ်မြောက်သူ ဖြစ်တယ်။ ပညာရှင်တစ်ဦး ဖြစ်ရုံမျှမက သံတမန်ရေးမှာလည်း ဆရာတစ်ဆူ ဖြစ်ကြောင်း သိရတယ်။


OIC ဦးစီးတယ့် Contact Group Meeting တစ်ခုမှာ မြန်မာရိုဟင်ဂျာတွေက အပြည့်အဝ ထောက်ခံမှု ရကြပြီး မစ္စတာအက္ခမီလဒ္ဒင်က မြန်မာရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်ကို မြန်မာအစိုးရက အာမခံချက်ပေးမှ မြန်မာနိုင်ငံကို အလည်လာမယ်လို့ ဆိုပါတယ်။ (တိုက်ရိုက်ဘာသာပြန်ချက်မဟုတ်)




OIC အဖွဲ့သမိုင်းကို ပြန်ကြည့်ယင် အစ္စလမ္မစ်အစွန်းရောက်များရဲ့ အကြမ်းဖက်မှုကို တာဝန်ခံလေ့ မရှိတာကို တွေ့ရတယ်။ ဥပမာ ဖိလစ်ပိုင်တောင်ပိုင်းရှိ မိုရိုအကြမ်းဖက်သမားများ၊ ထိုင်းတောင်ပိုင်းရှိ မူစလင်အကြမ်းဖက်သမားများ၊ ရခိုင်ဒေသရှိဘင်္ဂါလီအကြမ်းဖက်သမားများ၊ မနေ့တနေ့က ပန်းဝါတိုက်ခိုက်မှုများကို တာဝန်ခံခြင်းမရှိပါ။

 OIC အဖွဲ့ဟာ မူစလင်ဘာသာဝင်များ အချင်းချင်းကူးလူးဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရိုင်းပင်းကူညီရေးအတွက် အဓိကဖွဲ့စည်းထားလို့ ကမ္ဘာအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများ၊ မူစလင်ဘာသာဝင်များ တိုက်ခိုက်ခံရပါက အပြည့်အဝ တာဝန်ယူဖြေရှင်းပေးလေ့ ရှိပါတယ်။
 မြန်မာနိုင်ငံမှာ ရခိုင်အရေးအခင်းဖြစ်တော့ OIC က သူ့မူအတိုင်း သံတမန်ရေးအရ တတ်နိုင်သမျှ ဖိအားပေးခဲ့ပြီး ဘင်္ဂါလီများကို ကူညီပေးဖို့ မြန်မာနိုင်ငံကို ဝင်လာခြင်းဖြစ်တယ်။ OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ဝင်လာခြင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ဖို့သက်သက်မဟုတ်ကြောင်း၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာရိုဟင်ဂျာကို နိုင်ငံသားဖြစ်ဖို့ ကူညီပေးဖို့ ဖြစ်ကြောင်း မစ္စတာအက္ခမီလဒ္ဒင်က အတိအလင်း ပြောခဲ့ပြီဖြစ်ပါတယ်။



ဒါဖြစ်ယင် မြန်မာနိုင်ငံက OIC အဖွဲ့ဝင်လည်း မဟုတ်၊ OIC ကလည်း မူစလင်ဘာသာဝင်များကိုပဲ ကူညီပေးမယ်မှန်းသိရက်နဲ့ သိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ OIC ရုံးကို ဘာကြောင့် အခြေစိုက်ခွင့် ပေးခဲ့သလဲ။ အရှင်းဆုံးပြောရယင် OIC နဲ့ အစ္စလမ္မစ်စစ်သွေးကြွများအနက် တစ်ခုကို ရွေးခိုင်းတယ့်နေရာမှာ သိပ်မထူးပေမယ့် ဂုဏ်သရေရှိ OIC ကို ရွေးချယ်လိုက်ခြင်းဖြစ်တယ်။

 OIC ကို လက်ခံလိုက်ယင် ကျည်ဆံအစား ကယ်ဆယ်ရေးပစ္စည်းတွေ ဝင်လာမှာ၊ ရိုဟင်ဂျာအမည်ခံပြီး သတင်းမှားပေးနေတယ့် မူစလင်ဘာသာဝင်အချို့လည်း အကြံပျက်မှာဖြစ်တယ်။ ငန်ကြားမြွေလည်း အဆိပ်ရှိတာပဲ၊ မြွေဟောက်လည်း အဆိပ်ရှိတာပဲ၊ ဒါပေမယ့် ငန်းကြားမြွေရှိနေယင် ဘာမြွေမှ မလာတော့ဘူး။

အဲဒီမြွေကို ထားထားယင် ကျန်သမျှမြွေအန္တရာယ် ကင်းစင်တယ်။ လစ်ဗျားမှာ ဖြစ်တယ့်ကိစ္စ၊ ဒဂုံဆိပ်ကမ်းရောက် လက်နက်များဟာ ပါကစ္စတန်က မြစ်ဖျားခံခဲ့တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ပူပူနွေးနွေး ကော့ခ်ဘဇား ရာမူး(ပန်းဝါ) အကြမ်းဖက်မှုဟာ ရိုဟင်ဂျာတို့လက်ချက် ဖြစ်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက စွပ်စွဲထားပါတယ်။




ရခိုင်လူမျိုးတွေဟာ ပါလစတိုင်းက အစ္စလာမ်နိုင်ငံ မဖြစ်သေးတယ့် ၁၂ ရာစုမတိုင်မီအထိ အိန္ဒိယနိုင်ငံနဲ့ အေးချမ်းစွာ နေထိုင်နိုင်ခဲ့တယ်။ ရခိုင်လူမျိုးများဟာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူများဖြစ်ပေမယ့် ယဉ်ကျေးမှုမြင့်မားကြသူများဖြစ်တယ်။ မိမိကို ရန်မရှာယင် ပြန်မလုပ်တတ်ကြပါ။


ဒါကို OIC သိအောင် လုပ်ရမယ်။ သိန်းစိန်အစိုးရအနေနဲ့ မြန်မာမူစလင်များကို ကုလားမခေါ်ဖို့ လုပ်ခဲ့သလို ရခိုင်တွေလည်း မကြိုက် ရှိလည်း မရှိဖူးတယ့် ရိုဟင်ဂျာအမည်ကို မသုံးဖို့၊ မြန်မာပြည်တွင်းရေးကို မစွပ်ဖက်ဖို့ OIC ကို ဖိအားပေးလို့ ရပါတယ်။ OIC ဟာ ပြဿနာကို ဖန်တီး၊ မြန်မာပြည်ကို ဝင်သိမ်းဖို့ ဝင်လာတယ့် ဗြိတိသျှကိုယ်စားလှယ်လို မဖြစ်ဖို့ သတိထားရပါ့မယ်။ ဒီဗြိတိသျှကိုယ်စားလှယ်တွေကြောင့် မန္တလေးနေပြည်တော်ဟာ သက်တမ်း(၂၆)နှစ်မျှလောက်ပဲ မြန်မာဘုရင်တွေ နန်းစိုက်နိုင်ခဲ့တယ်။




ဒါပေမယ့် OIC ဟာ အဖွဲ့ကြီးဖြစ်ပေမယ့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်လို့တော့ မရပါဘူး။ သိန်းစိန်အစိုးရအနေနဲ့ အဲဒီနိုင်ငံတကာဥပဒေကို အသုံးချပြီး မိမိနိုင်ငံကို ကာကွယ်နိုင်သလို ရခိုင်နဲ့ မြန်မာ့မူစလင်များအတွက်လည်း ဥပဒေအရ အကျိုးဆောင်ပေးနိုင်မှာ ဖြစ်တယ်။ ရခိုင်ဒေသ ငြိမ်သက်သွားတာနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ OIC ကို သံတမန်ရေးအရ လုပ်ဆောင်နိုင်ပါစေ။




by Ven Ravika on Wednesday, October 3, 
 
 

No comments: