Thursday, October 4, 2012

Thursday, October 4, 2012


ဆင်ခြင်မိသော စကားပုံနှင့် ခေါင်းဆောင်မှုကို မေးခွန်းထုတ်ခြင်း ကာတွန်း

“ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်”

ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည်တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက်တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။


အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်ကျွေးမွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာမက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကား တစ်သက်တာလုံးအတွက် မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။


ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည် အထင်ဖြင့် ဆရာအမှတ်ပြုကာ ဆည်းကပ်နည်းခံရာတွင် ဆရာကောင်း ဆရာမြတ်မဟုတ်ဘဲ တရားစစ် တရားမှန် မသိဘဲ အကျင့်အယူ မှားယွင်းစွာ ဟောပြောညွှန်ပြခြင်းခံရပါမူ သံသရာမှ ထွက်မြောက်နိုင်ခြင်းမရှိဘဲ သံသရာဘ၀ ရှည်လျား သံသရာဘ၀အဆက်ဆက် မှောက်မှားစရာသာ ဖြစ်ချေမည်ဟုဆိုလိုသည်။


မှားယွင်းနစ်နာမှုသည် အကြောင်းကိစ္စလိုက်၍ ဆုံးရှုံးမှုသေးငယ်သောအရာလည်း ရှိသည်။ ကြီးမားသောအရာလည်း ရှိသည်။ အနည်းအပါး ဆုံးရှုံးမှုမှာ မထောင်းသာသော်လည်း ကြီးမားသော ဘ၀တစ်လျှောက်လုံးအတွက် ထိခိုက်နိုင်သဖြင့် ဆုံးရှုံးရမည့် အကျိုးအပြစ် ပမာဏကို ချင့်ချိန်တွက်ဆ၍ ဆုံးရှုံးနစ်နာမှုမရှိအောင် သတိချပ်ကြစေရန် ပုံခိုင်းသုံးနှုန်းသည်။
(မြန်မာစကားပုံများ ၀က်ဘ်ဆိုက်မှ ...)

အထက်ပါ စကားပုံအရဆိုလျှင် “ခေါင်းဆောင်ရှုံးလျှင် တစ်ပြည်လုံးမှောက်” ဟု ဆက်တွေးစရာရှိပေသည်။ ထို့ကြောင့် ...


“တစ်ပြည်လုံးမမှောက်ဖို့အရေး ... ခေါင်းဆောင်ကို ၀ိုင်းဝန်းတည့်မတ်ပေး” ဟု ဖြည့်စွက်ချင်မိပေသည်။

“ခေါင်းဆောင်မှုကို မေးခွန်းထုတ်ခြင်း” (ကာတွန်း)

(politicalhumor ၀က်ဘ်ဆိုက်မှ ကာတွန်းတကွက်ကို ပြုပြင်ထားခြင်းဖြစ်ပါသည်။)


ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၃၊ ၂၀၁၂

ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ် (ကျော်ကိုကို)

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ ကဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲနိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။ ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။ရွေးကော
က်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက် တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာသမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့ တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးခဲ့ပါတယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကိုကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ကတော့ ပိုပြီး တိုးလုပ်ဖို့ တော့ မျှော်လင့်ထားတယ်။ပိုတိုးလုပ်လာ
နိုင်မလားဆိုတော့ အဲဒီအချိန်မှာ မေ ဇွန် ဆလိုင်းကိုတင်မောင်ဦးကြိုးပေးခံရတဲ့ နှစ်ပတ်လည်ပွဲမျိုး၊ ၇၄ ၇၅ ကျောင်းသားတွေ ဇွန် အလုပ်သမား နှစ်ပတ်လည်ပွဲမျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပွဲမျိုးတွေ၊ ပြီးခဲ့တဲ့စစ်အာဏာရှင် အစိုးရ စတက်လာတဲ့ ကိုဖုန်းမော်အရေးအခင်းတို့ ၊ မြေနီကုန်းအရေးအခင်းတို့ ၊ တံတားနီအရေးအခင်းတို့  အားလုံးအဆင်ပြေတာကို ကျွန်တော်တို့  တွေ့ ရတယ်ခင်ဗျ။ ၈၈ မျိုးဆက်ကျောင်းသားတွေလုပ်တဲ့ပွဲတွေမှာလည်း အဆင်ပြေတာကို တွေ့ ရတယ်။ ဇွန်ပြီးတော့ ဇူလိုင်၊ လွန်ခဲ့တဲ့မဆလ အစိုးရ တက်ခါစလက ၁၉၆၂ ခုနှစ်က ကျောင်းသားတွေကို ပစ်သတ် ခဲ့တယ်၊ ကျောင်းသားသမဂ္ဂ ပြိုကျခဲ့တယ်။ သမဂ္ဂအဆောက်အအုံကိုဗုံးဖောက်ခွဲတယ်၊ အရေးအခင်းတစ်ခုရဲ့  နှစ် (၅၀)ပြည့် ပွဲ အခမ်းအနားတစ်ခုကို ကျင်းပဖို့  ကျွန်တော်တို့ က စဉ်းစားထားတယ်။ကျွန်တော်တို့  ဆဲဗင်းဇူလိုင် ကျင်းပဖို့  ငှားရမ်းထားတဲ့ခန်းမကို အရင်ဦးဆုံးမြို့ နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေက လာရောက် ပိတ်ပင်သွားပါတယ်။ နောက်တစ်ချက်က ကျွန်တော့်ကို ရန်ကုန်တိုင်းဒေသကြီးရဲ့ နယ်စပ်ရေးရာဝန်ကြီးကနေ ခေါ်ယူပြီးဆွေးနွေးပါတယ်။ အဲဒီမှာလည်း သူတို့ က မကျင်းပဖို့ ပြောပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှာရှိတဲ့သမဂ္ဂနေရာဟောင်းမှာပန်းခွေသွားမချဖို့ တားဆီးပါတယ်။

ကျွန်တော်တို့ ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပဖို့  မတိုင်ခင်မှာကတည်းက ကျွန်တော်တို့ အပေါ်မှာ ဖိအားတွေပိုတိုးလာတယ်။ အဲဒီနေ့ ညမှာ ကျောင်းသားတွေအကုန်လုံးကို ဖမ်းဆီးတယ်။ တစ်နိုင်ငံလုံး (၂၃)ယောက် ထိန်းသိမ်းခံရတယ်။ ဒါမျိုးကျတော့မီးနဲ့ ရေလိုမျိုးတခြားစီကွာဟနေတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ကျွန်တော်တို့  ကျောင်းသားတွေအားလုံးရဲ့ ရင်ထဲမှာတော့တော်တော်ကို မျှော်လင့်ချက်ကုန်ဆုံးသွားတယ်
လို့  ပြောရပါလိမ့်မယ်။စစ်မှန်တဲ့အာဏာရဲ့  မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေလက်ထဲ ပြန်ရောက်ဖို့ အတွက်ကျွန်တော်တို့ ကျောင်းသားတွေကကြိုးစားနေတာဖြစ်တယ် ။

ကျောင်းသားနဲ့ ပြည်သူတွေက တစ်သားတည်းကျတဲ့အတွက်ကြောင့်မို့ လို့ အဲဒီတစ်ချက်ကို သူတို့ က စိုးရိမ်လိမ့်မယ်။ နောက်တစ်ချက်ကတော့နိုင်ငံတကာမျ
က်နှာစာမှာ အပြောင်းအလဲ ပြဖို့ အတွက်ကျတော့ကျွန်တော်တို့  ဗကသ ထက် ပိုပြီးတော့ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့အဖွဲ့ အစည်းတွေ၊ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို သူတို့ ကအချိုသပ်တဲ့နည်းနဲ့  စည်းရုံးကောင်းစည်းရုံးလိမ့်မယ်။ ဗကသ ကDo Or Die အချိုသပ်တဲ့နည်းနဲ့ လည်း စည်းရုံးလို့ မရဘူးဆိုတာ သူတို့ သိတဲ့အတွက်ကြောင့်မို့ လို့  ဗကသ ကိုတော့ ဒီနည်းနဲ့ မရဘူး၊ဟိုနည်းနဲ့ ဘဲလုပ် ဆိုတဲ့ပုံစံမျိုးနဲ့  အကြမ်းဖက်တဲ့ပုံစံမျိုးတွေ၊ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေကို သုံးစွဲလာရတယ်လို့ ဘဲ ကျွန်တော်မြင်တယ်ခင်ဗျ။

လွှတ်တော်နိုင်ငံရေးဟာဆိုလို့ ရှိရင် အခုမြင်ရတဲ့အပိုင်းမှာ ဘာ Result မှ၊ဘာရလဒ်မှ ကောင်းကောင်းမွန်မွန် ထွက်ပေါ်လာတာ မတွေ့ ရသေးဘူး။ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ က လွှတ်တော်ထဲဝင်ရခြင်းအကြောင်း
အရင်းမှာ တရာဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ အချက်သုံးချက်ကို တင်သွားတယ်။ တကယ်တမ်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝထိတွေ့ လို့ မရနိုင်သလိုတရားဥပဒေစိုးမိုးရေးဟာလည်း မက်မောလောက်စရာကောင်းတဲ့ရလဒ်မရှိဘူး။ ဒီမိုကရေစီရေးဟာလည်းဘဲ အခြေခံပြည်သူတွေမှာ ရတာ မတွေ့  သေးဘူး။ ထပ်ပြီးတော့ ချိုးဖောက်ခံနေရတာကို အသက်နဲ့ လဲပြီး ကာကွယ်နေရတာကို တွေ့ ရတဲ့အတွက်ကြောင့်မလို့  ကျွန်တော်ကတော့ လွှတ်တော်အခင်းအကျင်း လက်ရှိအနေအထားကို အားရကျေနပ်စရာကောင်းသေးတယ်ဆိုတာကို လက်မခံသေးဘူးခင်ဗျ။ လာမယ့် လပိုင်းအတွင်းမှာတော့ ခန့် မှန်းကြည့်လို့ မရနိုင်လောက်အောင် မြင်ကွင်းကမှုန်ဝါးနေပါတယ်။

အခုလက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားဟာသူတို့ က ကိစ္စတစ်ခုခု ပြုလုပ်တော့မယ်။ လိုချင်တာတစ်ခုခု ရှိတော့မယ်ဆိုလို့ ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ အပေးအယူ၊ ကစားသလိုလုပ်နေတဲ့ဟာမျိုးကျ ကျွန်တော့်အနေနဲ့ မနှစ်သက်ဘူးခင်ဗျ။အဓိကကတော့ဒီ
တစ်ခေါက်လွှတ်တာကဦးသိန်းစိန်အမေရိကန်ခရီးစဉ်ရှိတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်နေပါတယ်ဆိုတဲ့အချက်ကို ထုတ်ပြောနိုင်တဲ့အနေအထားမျိုးရှိအောင်လို့  နိုင်ငံရေးအကျဉ်းသားကို လွှတ်ပြီးတော့နိုင်ငံတကာမျက်နှာစာရဲ့ အမှတ်ပေးမှုကို ရယူသွားတယ်လို့ ကျွန်တော်မြင်တယ်။ အခုလက်ရှိမှာ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ဖာယ်သတ်မှတ်ချက်နဲ့ ကျွန်တော်တို့ ဘက်က ဖွင့်ဆိုထားတဲ့သူတွေ အများကြီးဘဲ ထောင်ထဲမှာကျန်နေသေးတယ်။ ကိုလက်ယျာထွန်းတို့ လိုမျိုး အခုအချိန်ထိ ကျန်နေသေးတာ တွေ့ ရတယ်။ ကျွန်တော်က တောင်ကြီးထောင်မှာ နေခဲ့ရတယ်ဆိုတော့တောင်ကြီးထောင်မှာဘယ်လိုလူမျိုးတွေရှိနေသေးလဲဆိုတော့ SSA နဲ့ ပက်သက်တယ်ဆိုပြီးတော့ အဖမ်းခံထားရတဲ့သူတွေ ရှိနေသေးတယ်။

သူတို့ တွေက သူတို့ ကိုယ်သူတို့ နိုင်ငံရေးအကျဉ်းသားမှန်းတောင် မသိဘူး။ ရွာသူရွာသားတွေဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်၊ တိုင်းရင်းသားလူမျိုးတွေဖြစ်တယ်
။ အဲဒါတွေက အများကြီးဘဲဗျ။ နေရာတိုင်းမှာရှိပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အနေအထားမျိုးကို ပေးကိုပေးရမယ်။ အဲဒီအစီအစဉ်မျိုး ချမှတ်မှသာလျှင် တကယ့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်လိမ့်မယ် လို့  ကျွန်တော်မြင်တယ်။

အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  ဆွေးနွေးနေတယ်လို့  ကျွန်တော်တို့ သိတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို
သွားမယ်လို့  တရားဝင်ကြေညာထားတယ်။ အဲဒီကြေညာချက် အရ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ပါတီထောင်ပြီး လွှတ်တော်ထဲဝင်မှဆွေးနွေးမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ထားပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေသေးသ၍တော့ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့်က အောင်မြင်မှုရဖို့  ရာခိုင်နှုန်း နည်းနည်းနည်းနေသေးတယ်လို့ မြင်တယ်။ တကယ်တမ်းကျ အပစ်အခတ်ရပ်စဲရေးတင် မကဘဲနဲ့  အစစ်အမှန်ငြိမ်းချမ်းရေးရဖို့  ဆောင်ရွက်ရလိမ့်မယ်။ ငြိမ်းချမ်းရေးလှုပ်ရှားတဲ့သူတွေကိုလည်း တရားစွဲနေတယ်၊ ဖမ်းဆီးမယ်၊ ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကိုလည်း အင်မတန်စိတ်မကောင်းစွာ ကျွန်တော်တို့ တွေ့ ရတယ်။ ဒါဟာဆိုလို့ ရှိရင် မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးကိုသာ တကယ်လိုလားမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်သူတွေကို ခြမ်းခြောက်စရာမလိုဘူးလို့  ကျွန်တော်မြင်တယ်ခင်ဗျ။

(ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကျော်ကိုကို ၏ လူငယ်နိုင်ငံရေးသမား တစ်ယောက်ရဲ့ ဘ၀နဲ့ အမြင် “အရွေ့ ရဲ့ အရိပ်” ဘီဘီစီအထူးအစဉ် မှ ထုတ်နုတ်ဖော်ပြပါတယ်)

Aung myo tun


Thursday, October 4, 2012

အနှစ်(၂၀)များ (ကဗျာရှင် နေရဲနီ)

အနှစ်(၂၀)များ
(ကဗျာရှင် နေရဲနီ)
အနှစ်(၂၀)မျှ တိုင်းပြည်အတွက် အလုပ်လုပ်လာပြီးနောက်
ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါ
ကျွန်တော်သည် ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။
(ဗိုလ်မှူးချစ်ကောင်း )

အနှစ်(၂၀)ကျော် တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်
သာတူညီမျှ ဆိုရှယ်လစ်ဝါဒ အုတ်ခုံပေါ်၌ အာဏာကျောက်တိုင်ကို
စိုက်ထူဖို့ရန် မိမိကိုယ်ကို ပြန်၍ကြည့်လိုက်သောအခါ
ငါသည် ကျားမြီးကို ဆွဲထားမိကြောင်း တွေ့ရလေသည်။
သို့သော်လွှတ်၍ကား မဖြစ်တော့ ထို့ကြောင့်ဆက်၍ ဆွဲထားလိုက်သောအခါ
ချောက်ထဲသို့ကျရန် လက်တလုံးမျှသာ လိုတော့သော မြန်မာပြည်အား
အဝီစိမှသည် မဟာအဝီစိသို့ ပို့မိလျက်သား ဖြစ်လေတော့သည်။
(တော်လှန်ရေးကောင်စီဥက္ကဋ္ဌ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း)

အနှစ်(၂၀)ကျော် သူများချေးပုံခွထိုင်၍

တိုင်းပြည်ကိုအာဏာရှင်ဆန်ဆန် ယတြာနှင့်အုပ်ချုပ်လေသောအခါ
ဆရာပို့ခဲ့သော မဟာအဝီစိမှ မြန်မာပြည်ကို
မဟာ့မဟာအဝီစိသို့ ပို့မိလျှက်သားဖြစ်နေသည်ကို တွေ့ရလေသည်။
တိုင်းသူပြည်သား အပေါင်းတို့ပြည်ပထွက် အလုပ်လုပ်ကြရကာ
ကမ္ဘာ့အလယ်တွင် မြန်မာပြည်သည် မကောင်းသောဘက်၌ 
 (ပ ဒု တ)အဆင့်တွင်အမြဲရောက်နေလေသည်။
(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ-ငြိ
မ်း)

အနှစ်(၂၀)ကျော်မျှ လက်နက်ကိုင်၍
ဒီမိုကရေစီရေးအတွက်တော်လှန်ခဲ့ေ
သာငါသည်
ငှက်ပျောအူနှင့်မျှစ်ကိုစားနေရြ
ပီး ငှက်ဖျားနှင့်နပမ်းလုံးနေရဆဲ
ငါ၏ဆရာအပေါင်းတို့သည်ကားတစ်ယော
က်ပြီးတစ်ယောက်ပြောင်းကာ
ဒေါ်လာများပိုက်၍ ပြည်တွင်းသို့ပြန်ဝင်နေကြလေပြီ။
ငါ၏အနာဂတ်သည်ကား မရေရာ မသေချာ
ထို့ကြောင့် မတတ်နိုင် ဆက်၍တိုက်ရပေဦးမည်။
(တောတွင်းရောက် မကဒတ ကျောင်းသားတစ်ဦး)

အနှစ်(၂၀)ကျော်မျှ ထောင်နန်းစံပြီးနောက်
သမ္မတကြီးကရုဏာနှင့် လွတ်လာသောငါသည်
မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ဘယ်လာလို့ဘယ်သွားရမှန်မသိ။
ငါတို့၏ဥက္ကဋ္ဌများသည်ကား ဒိုနာများထံမှရသော ဒေါ်လာများကိုပိုက်၍
ပြည်တွင်းသို့ ပြန်ဝင်ခဲ့လေပြီ။

နအဖအား လက်နက်ကိုင်၍တော်လှန်ခဲ့သော ငါ့ဆရာကိုမိုးသီးကား
ဟိုယခင်က ပင်နီတိုက်ပုံနှင့်
ယခုသော်ကား နအဖ တဖြစ်လဲ ကြံ့ဖွံ့ဝန်ကြီးများသာ 
ဝတ်သောမိုးပြာရောင်တိုက်ပုံနှင်
သတင်းစာရှင်းလင်းပွဲမှာ တွေ့လိုက်ရ၏။
ကျောင်းသားအချင်းချင်း ထောက်လှမ်းရေးဟု မတရားစွပ်စွဲကာ ခေါင်းဖြတ်သတ်ခဲ့သော
ဒေါက်တာနိုင်အောင်သည်ကား အက်စ်ဘီ အစောင့်အရှောက်နှင့်
အက်စ်ဘီမှ လက်ဆောင်ပေးသော အသံဖမ်းစက်ကို
တရှုံ့ရှုံ့နမ်းကာ လက်မှမချနိုင် ဖြစ်၍နေချေပြီ။
အရောင်ပြောင်းမြန်ကြလေစွတကား...
.
(တောတွင်းပြန် ထောင်ကျ မကဒတ တစ်ဦး)

နေရဲနီ


ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်ခြင်းရဲ့ နောက်ကွယ်

Wednesday, October 3, 2012
ဧရာဝတီဘလော့ . ၃ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- အခုတလော ကမ္ဘာ့ မီဒီယာလောကမှာ မြန်မာသတင်းတွေက အတော်နေရာယူလာခဲ့ပါတယ်။
တချိန်က စစ်အုပ်ချုပ်ရေးနဲ့ ဖိနှိပ်မှုများစွာနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ပြုပြင်ပြောင်းလဲမှုဟာ စစ်ဗိုလ်ချုပ်ကြီး
ဟောင်း တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကြိုးပမ်းမှုကြောင့် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံတကာကပါ ပြောဆို ချီးမွမ်းခန်းထုတ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြည်တွင်း ဂျာနယ် တစောင်မှာသတင်း တပုဒ် ဖော်ပြလာပါတယ်။
ဒါကတော့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်မာရေး ကောင်းကြောင်း သမီးဖြစ် သူ ဒေါ်ခင်ပြုံးရွှေ ပြောကြားတဲ့ သတင်းတပုဒ်ပါ။
အဲဒီမှာတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ က ဖခင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကျန်းမာရေးဟာ ဒေါင်ဒေါင်မြည်ကြောင်း အများက ပြောနေသလို၊ တချို့ သတင်းတွေက ရေးနေ သလို ဆေးကုနေရတာတို့ဘာတို့ဟာ မဟုတ်မှန်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတာ သူတို့ သမီးတွေထက်တောင် သာပါသေးတယ်လို့ လည်း ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာ လမ်းက မဟာ ရန်ကုန် စေတီတော် ရွှေထီးတော် တင်လှူပွဲ အခမ်းအနားကို စစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သား၊ သမီးတွေ ဖြစ်ကြတဲ့ ဦးကြိုင်သန်းရွှေ၊ ဒေါ်ခင်ပြုံးရွှေ၊ ဒေါ်သန္တာရွှေနဲ့ မြေး
တွေ တက်ရောက် ပူဇော်ပွဲ လာတုန်းက ပြောလိုက်တာပါ။
ဒီစကားက အလွန် တာ သွားပါတယ်။ ဟိုး တလောကလည်း အလားတူ ဗိုလ်ချုပ်မှူးကြီး မိသားစုက ဆေးရုံ တခုကို ကျပ် သိန်းပေါင်း ၁ ထောင်ကျော်ဖိုးလှူဒါန်းတာကို နိုင်ငံပိုင် သတင်းစာတွေမှာလည်း ဖော်ပြခဲ့ဖူးပါ တယ်။
ဗိုလ်ချုပ်မှူးကြီးဟာ တချို့ သတင်းတွေမှာ ဖော်ပြနေကြသလို ခပ်ညံ့ညံ့လူမဟုတ်ပဲ အကွက်ဇယား စနစ်တကျ ချမှတ် ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးရဲ့ တကယ့် လက်သည်ဆိုတာ ပြချင်လို့ လည်း ဖြစ်နိုင်ပါတယ်။
ဒါဟာ ဘာကို ပြသလဲဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး သမားကြီးလို့ လူပြောများနေတဲ့ သမ္မတ ဦးသိန်းစိန်၊ အမျိုး သား လွှတ်တော် ဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် ဥက္ကဌလည်းဖြစ်တဲ့ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းစတဲ့သူတွေနဲ့ အစိုးရအဖွဲ့တွေ၊ လွှတ်တော်တွေ၊ ဖွဲ့စည်းပုံတွေနဲ့ ဒီ ပြုပြင်ပြောင်းလဲမှု အခင်း အကျင်းကြီး တခုလုံးကို ဖန်တီးခဲ့သူ တကယ့် ဇာတ်ဆရာ အစစ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးကို မေ့နေကြမှာစိုးလို့ သတိပေး စကား ထွက်ပြောလိုက်တာများလား လို့ တွေးမိစရာဖြစ်လာပါတယ်။
နောက်တမျိုးကလည်း ကြားယောင် ရေးသား တင်ပြနေကြတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျန်းမာရေး ချို့ယွင်းနေပြီ ဆိုတဲ့ တချို့ သတင်းတွေကို မိသားစုဝင်တွေကတဆင့် ပယ်ချလိုက်တာလည်း ဖြစ်နေပါတယ်။
အိမ့်သံစဉ်



ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ငွေကြေးစိုက်ထုတ်မှုများနှင့်သာ ပြုလုပ်နေရ

Wednesday, October 3, 2012
Messenger News Journal, 3October 2012 —- အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ
၏ ငွေကြေးစိုက်ထုတ်မှုနှင့်သာ ပြုလုပ်နေရသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ငြိမ်းချမ်းရေးစကားဝိုင်း ဖြစ်မြောက်ရေး အဖွဲ့(PTCG) မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ လမိုင်ဂွမ်ဂျာ က “နိုင်ငံတော်ရဲ့ဘတ်ဂျက်စာရင်းထဲမှာ ငြိမ်းချမ်းရေးအတွက် စာရင်းသီးသန့်မရှိဘူးလေ။ အဲဒီတော့ ဒီဒေသကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားဖို့က အားလုံးမှာတာဝန်ရှိတယ် လို့ကျွန်တော်ယူဆတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရော ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်
တွေ က ၀င်ကူညီတဲ့သဘောပါ” ဟုပြောသည်။
အစိုးရကဘက်မှ ယခင် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်
များက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ရံပုံငွေတစ်ရပ်ထူထောင်ရန်
စီစဉ်ခဲ့ကြ သော်လည်း ယခုချိန်ထိ အကောင်အထည်ဖောင်နိုင်ခြင်း မရှိသေးပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းဦးဆောင်သော အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ
စည်းများနှင့် (၄၇) ကြိမ် တွေ့ဆုံပြီးခဲ့ပြီဖြစ်သည်။
ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တကြိမ်ပြုလုပ်ပါက မြန်မာကျပ်ငွေ သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကုန်ကျခံရကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။
ကချင် လွတ်မြောက်ရေးအဖွဲ့ (အေအိုင်အို) နှင့် အစိုးရတို့ကြား ရွှေလီတွင် သုံးကြိမ် ဆွေးနွေးခဲ့ရာတွင်ကချင်စီးပွားေ
ရးလုပ်ငန်းရှင်များက မြန်မာကျပ်ငွေ သိန်း (၂ )ထောင်ကျော် အကုန်ကျခံခဲ့ပြီး တခြားကုန်ကျစားရိတ်များကို ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရင် ဦးလှမောင်ရွှေက ထောက်ပံ့ကူညီကြောင်း လမိုင်ဂွမ်ဂျာကပြောသည်။
ဦးခင်မောင်ရွှေသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာခရီးသွားဘုတ်အဖွဲ့ ဒုတိယ ဥက္ကဌ၊ နှင်မြန်မာဆန်စက်လုပ်ငန်းရှင်မျ
းအသင်း ဒုတိယ ဥက္ကဌနှင့် မြန်မာနိုင်နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌဖြစ်သည်။
ထိုသို့ငြိမ်းချမ်းရေး အကောင်အထည်ဖော်သည့်လုပ်ငန်းများ
တွင် စီးပွားရေးလုပ်ငန်းများ ပါဝင်နေခြင်းသည် သင့်လျှော်မှုမရှိဟု ထိုင်းနိုင်ငံ အခြေစိုက်
ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အဖွဲ့ဝင်ဦးအောင်သူငြိမ်းက ပြောသည်။
၎င်းက” စီးပွားရေးသမားတွေဝင်ပါတာထက် ကုလသမဂ္ဂလို အဖွဲ့က၀င်ရင်ပိုကောင်းတာပေါ့။
အများရဲ့အမြင်လည်း ရှင်းနိုင်တယ်လေ။ အခုလုပ်နေကြတဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ
တစ်ကယ်ငြိမ်းချမ်းစေချင်တဲ့ စေတနာနဲ့ လုပ်တယ်ဆိုရင်တောင် အမြဲတမ်းအတွက်က မဖြစ်နိုင်ဘူးလေ။ အစိုးရက သီးသန့်ဘတ်ဂျက်ချရင်ချ၊ မဟုတ်ရင် ဟိုးအရင်တုန်းကလုပ်သလို ရံပုံငွေထောင်လို့လဲရတယ် ” ဟုပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကိစ္စတွင် ပါဝင်ကူညီရာတွင် အစိုးရနှင့် သဘောတူညီထားချက်မရှိကြောင်း ပြောသည်။
၎င်းက“အစိုးရကခိုင်းလို့ လုပ်တာမျိုးမဟုတ်ပါဘူး။
တစ်ကယ်ကိုငြိမ်းချမ်းစေချင်တဲ့
စိတ်တစ်ခုတည်းနဲ့ ၀င်ကူနေ တာပါ။ ကုန်ကျစာရိတ်ဆိုတဲ့နေရာမှာ တစ်ချို့ပွဲတွေကတော့ ခရီးစာရိတ်လောက်ပဲ
ကုန်တဲ့အခါမျိုးတွေရှိသလို ပွဲအကြီးကြီးတွေကျတော့လည်း ပမာဏနည်းနည်းများတာပေါ့”ဟု ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
အတွက်အသုံးစာရိတ်များကို နိုင်ငံတော် ဘတ်ဂျက်မှ အသုံးပြုနိုင်ရန် လွှတ်တော်တွင်
ဆွေးနွေးအတည်ပြုရမည်ဖြစ်သောကြော
င့် အချိန်တိုအတွင်း မဖြစ်နိုင်သေးကြောင်းစီးပွားရေုးငန်းရှင်များက ပြောသည်။
ယခုလက်ရှိတွင် မြန်မာအစိုးရသည် ကေအိုင်အိုမှ အပ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့ဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီဖြစ်သည်။



Wednesday, October 3, 2012

RFA မှာ comment ဖျက်ဖို့ ဝန်ထမ်းတဦးအရေးပေါ်ခန့် လိုက်ရသတဲ့

RFA Facebook စာမျက်နှာတွင် လိင်အရှုပ်တော်ပုံအကြောင်း comment ရေးသားသူများ၊ link ချိတ်လာသူများအား ချက်ခြင်းဖျက်ရန် လမ်းဆုံကဂျမ်းဘုံမှအမိန့်ထုတ်။
RFA ဦးခင်မောင်စိုး၏ လိင်သောင်းကျန်းမှုအရှုပ်တော်ပုံ  များသတင်းထွက်ပေါ်လာပြီးနောက် အာအက်အေ ဖေ့ဘွတ်စာမျက်နှာတွင် ဦးခင်မောင်စိုးအား comment ရေးသားမှုများအထူးများပြားလာသည်။ 

 ဦးခင်မောင်စိုး၏ တဌာနတည်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ အကြောင်းအရာများကိုကာကွယ်ပေးသော ဌာ နမှူးဒေါ်ငြိမ်းရွှေ  သည် သူမနှင့် ခင်မောင်စိုး မကောင်းရေးလာမှုများအား ချက်ခြင်းဖျက်ရန် အမိန့်ထုတ်လိုက်ပြီး အဆိုပါ comment များကိုဖျက်ပစ်ရန် ဝန်ထမ်းတဦး အရေးပေါ်ခန့်လိုက်ကြောင်းသတင်း
ရရှိသည်။
ဒေါ်ငြိမ်းရွှေသည် ယ္ခုအခါ အမေရိကန်နိုင်ငံ သားဖြစ်နေပြီး ဌာနတွင်း မြန်မာနိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သူတဦးအဖြစ်နာမည်ကြီးသူတဦးဖြစ်သည်။ ၂၀၀၈ခုနှစ်အတွင်းက အာအက်အေ၏ အချိန်ပိုင်းဝန်ထမ်း ရုပ်ရှင်မင်းဟောင်း ထွန်းထွန်းနိုင်၏ဇနီးဟောင်း ဒေါ်မြင့်မြင့်သန်းအား ဦးခင်မောင်စိုးမှ အလိုမတူအဓမ္မပြုကျင့်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ရာ အနိုင်ကျင့်စော်ကား ခံရသူဒေါ်မြင့်မြင့်သန်းမှ ဒေါ်
ငြိမ်းရွှေအား ငိုယို၍ စာဖြင့်တရားဝင် တိုင်ကြားခဲ့ သည်။ အဆိုပါတိုင်ကြားစာကို ဒေါ်ငြိမ်းရွှေမှ
အာအက်အေ အုပ်ချုပ်ရေမှူးထံ မတင်ပြဘဲ အာအက်အေ မြန်မာဌာနအတွင်းတွင်ဖျောက်ဖျက် ပစ်ပြီး ဒေါ်မြင့်မြင့်သန်းအားအလုပ်မှထုတ်ပယ်ခဲ့ကြောင်းကို တိုင်စာအားဖတ်ခဲ့ရသူတဦးက ပြောပြခဲ့သည်။ ဒေါ်ငြိမ်းရွှေသည် ရိုဟင်ဂျာအရေးထွက်ပေါ်လာစတွင် ဝါကအူဒင်အား အင်တာဗျူးပြီးလွှင့်တင်မှုကို အာအက်အေ မြန်မာဝန်ထမ်းများ၏ကန့်ကွက်မှုကြားမှ အမေရိကန်အလိုကျလွှင့်ထုတ်ခဲ့သည့်အပြင် အာအက်အေ သတင်းထောက်များ၊သတင်းကြေညာသူများအား ဘင်္ဂါလီဟုရေးသားလွှင့်ထုတ်မှုကို သူမ၏ အမိန့်ဖြင့် ဘင်္ဂါလီ ဟုမသုံးစွဲရန်နှင့် ရိုဟင်ဂျာဟူသောအမည်ကိုသာ သုံးစွဲစေခဲ့သည်။
ဒေါ်ငြိမ်းရွှေသည် သတင်းမီဒီယာတတ်ကျွမ်းမှုမရှိ ဌာနမှူးဖြစ်နေမှုအားဝေဖန်သူများ
အားအလုပ်ထုတ်ပယ်လေ့ရှိသည်။ ဒေါ်ငြိမ်းရွှေတင်ဆက်နေသော လမ်းဆုံဂျမ်းဘုံအစီအစဉ်မှာ သူမရေးသားခြင်းမဟုတ်ဘဲ မြန်မာစာဌာနမှဆရာကြီးဟောင်းတဦးရေးသားပေးခြင်းသာဖြစ်သည်။   ဒေါ်ငြိမ်းရွှေ ၏ သတင်းမီဒီယာ မြန်မာဘာသာစကားမကျွမ်းကျင်မှုများကို ဦးခင်မောင်စိုး က ရေးသားဖြေရှင်းပေးနေသောကြောင့် ဦးခင်မောင်စိုး ကာမသောင်းကန်းမှုများကို တိုင်ကြားသူများအားအလုပ်ထုတ်ပစ်ခဲ့သည်။ ဌာနဝန်ထမ်းများက ဦးခင်မောင်စိုးအားအလုပ်မှထုတ် ပယ်ရန်တင်ပြလာခြင်းများကို အာအက်အေ အမေရိကန်အုပ်ချုပ်ရေးမှူးထံတင်ပြခြင်းမရှိသည့်အပြင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးခင်မောင်စိုးတဦးကိုသာအင်တာဗျူးပေးသောကြောင့် အလုပ်ထုတ်ပစ်ရန် မဖြစ်နိုင်ကြောင်းတင်ပြထားသည်ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်အတွင်း အာအက်အေမြန်မာဌာနသို့ လာရောက်လည်ပါတ်စဉ်အတွင်း ဒေါ်ငြိမ်းရွှေနှင့် ဦးခင်မောင်စိုးမှ လိင်အရှုပ်တော်ပုံနှင် မကျေနပ်မှုများကို ဒေါ်အောင်ဆန်းစုကြည်အား မပြောနိုင်ရန်အတွက် သူတို့(၂)ဦးမှ အခြားသူများအနားမကပ်ရအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်ငြိမ်းရွှေသည် အာအက်အေမြန်မာဌာနတွင် နိုင်ငံရေးတက်ကြွသူများရှိနြေ
ခင်းသည် အစိုးရအားဝေဖန်မှုများဖြစ်ပေါ်နေသည်မှာ ဌာနအတွက်ကောင်းသောလမ်းမဟုတ်ဟု သူမနှင့်အနီးကပ်ရှိနေသူအားပြောပြတိုင်ပင်ပြီး နိုင်ငံရေးတက်ကြွသူသတင်းသမားများအား ဌာနမှဖယ်ရှားရန်ကြံစည်နေကြောင်းကြားသိရသည်။ ဦးခင်မောင်စိုး၏ သတင်းမီဒီယာကျင့်ဝတ်နှင့်မညီမှု များကိုတိုင်းကြားသော သတင်းထောက်များ၊ သတင်းထောက်များ၏သတင်းလိုက်ခ ငွေကြေးပေးချေ ရာတွင် ငွေလျော့မှုကို ပြန်လည်းမေးမြန်းသော သတင်းထောက်များအားလည်းအလုပ်မှထုတ်ပယ်ပစ် ခဲ့သည်။

News from : Aung Pan

Post by အေးချမ်းမွန်


Wednesday, October 3, 2012

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။သိန်းသုံးဆယ် ရမယ်

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင် ငံသားများနှင့် အဓမ္မထိမ်းမြားရန် လိင်ပိုင်း ဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျ စွာ စည်း ရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ် နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီးညွန့်လှိုင် က ပြောကြားသည်။
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ကို လူကုန်ကူးမှု ဥပဒေများနှင့်ပတ်သက် ၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြု လုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်၎င်းက သတင်းထောက် များ ကို ပြောကြားခြင်း ဖြစ်သည်။

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။သိန်းသုံးဆယ် ရမယ်။ ပြီး ရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်း
မှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ မှ သိရှိရသည်။


ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မ တ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။


အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေးဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေ ရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံတားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။


စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီးငယ်များသည် တရုတ် သမ္မတ နိုင်ငံသို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်းခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကိုဆောင်ရွက် သူ တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ပြောကြားသည်။


မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကိုအမေရိကန် အစိုးရ က စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။

Voice

 http://www.facebook.com/photo.php?fbid=427891110601120&set=a.320116471378585.80564.298847513505481&type=1&theater

No comments: