Monday, October 15, 2012

သမအသင်းမှ စည်ပင်ကိုတရားစွဲဆိုမည်




ရန်ကုန်တိုင်းဒေသကြီး၊တောင် ဥက္ကလာပမြို့နယ်၊အမှတ်(၇)ရပ် ကွက်သီတာဦးရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက်ကို(၄. ၇. ၁၉၉၃)ခုနှစ်တွင်အသင်းသား (၂၇၆)ဦးဖြင့်သမ၀ါယအသင်းဥပဒေ အရပြန်လည်ဖွဲ့စည်းခဲ့သည်။၎င်း သမပိုင်မြေကွက်ကိုစည်ပင်မှ (စည်ပင်ပိုင်မကျူးကျော်ရ)ဆိုင်း   ဘုတ်စိုက်ထူသွားတဲ့အတွက် စိုက် ထူသွားသူများကို တရားစွဲဆိုသွား မည်ဟု သီတာဦးရောင်းဝယ်ရေး   သမအသင်းလီမိတက်မှဥက္ကဋ္ဌ  ဦးကျောက်ဖြူကအရပ်ရပ်ဆိုင်ရာ  (အထူး)အစည်းအဝေးတွင်ပြော ကြားခဲ့သည်။
““ကျွန်တော်တို့(၇)ရပ်ကွက်   မှာ အသင်းဆိုင်(၁)၊(၂)  ရှိပါတယ်။အသင်းဆိုင်(၂)ကိုစံပြ  အရောင်းဆိုင်ဖွင့်လှစ်ပြီး ကုန် ပစ္စည်းများကိုရောင်းချပေးနေပါ တယ်။အသင်းဆိုင်(၁)ကိုတော့ အရင်ကငှားရမ်းထားတဲ့ဆိုင်ငှား တွေကိုဖယ်ရှားပြီးတော့ အသင်း ရဲ့လုပ်ငန်းတွေကို တိုးချဲ့ရန်စီစဉ် ဆောင်ရွက်နေစဉ်မှာ(၁၇.၉.  ၂၀၁၂)ရက်၊(၁၂)နာရီခန့်မှာ စည်ပင်သာယာယူနီဖောင်းဝတ် ဆင်ထားတဲ့(၅)ဦးက အသင်းဆိုင်  (၁)ဧရိယာအတွင်းကိုဝင်ရောက် ကျူးကျော်ပြီး (စည်ပင်ပိုင်မကျူး ကျော်ရ)ဆိုင်းဘုတ်(၂)ခုကို လာ ရောက်စိုက်ထူသွားခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက (၁၈.၉. ၂၀၁၂)ရက်နေ့မှာတောင်ဥက္ကလာပ   မြို့နယ် သမဦးစီးဌာနကို ဓာတ်ပုံ နှင့်တကွအစီရင်ခံစာတင်ပြထား ပါတယ်။ကျွန်တော်တို့က ဆိုင်းဘုတ်     စိုက်ထူသူများကိုဥပဒေအရ အရေးယူပေးရန် တောင်ဥက္ကလာပ မြို့နယ်ရဲစခန်းကို တိုင်ကြားတဲ့ အခါမှာအဲ့ဒါသူတို့မပိုင်ပါဘူး။ရုံး တော်ကိုဦးတိုက်လျှောက်ပါတဲ့။  ကျွန်တော်တို့ဘက်ကလည်း လာ စိုက်တဲ့လူ၊ဘယ်အဖွဲ့က၊ဘယ်သူ  ရဲ့တာဝန်ပေးချက်အရအားလုံး   ကိုသိတဲ့အခါမှာ တရားစွဲဆိုသွား မှာပါ””ဟု သီတာဦးရောင်းဝယ် ရေးသမ၀ါယမအသင်းလီမိတက်  မှဥက္ကဋ္ဌဦးကျောက်ဖြူကပြော   ကြားခဲ့သည်။
ဆက်လက်၍တောင်ဥက္ကလာပ မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်ဦးဘုန်းမြင့်အောင်ကလည်း   ““တောင်ဥက္ကလာပမြို့နယ်မှာ အသင်းပေါင်း(၆)သင်း၊(၇)  သင်းရှိပါတယ်။ ဥပဒေအရဖွဲ့ စည်းထားတဲ့ သမအသင်းဖြစ် ပါတယ်။အသင်းကိုမဖျက်ရ သေးတဲ့အတွက်အသင်းရဲ့ဖွဲ့စည်း မှုကရှိပါသေးတယ်။ဒါကိုစည်ပင်   ကရပ်ကွက်ကိုလည်းအကြောင်းမ   ကြား၊အမှုဆောင်အဖွဲ့ကိုလည်း  အကြောင်းမကြား၊ဥပဒေနဲ့အညီ   မလုပ်ဘဲနဲ့ဆိုင်းဘုတ်တွေကိုစိုက် ထူသွားတယ်။စည်ပင်ကဥပဒေ ဘောင်ကျော်ပြီး လုပ်သွားတဲ့ကိစ်္စ ပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်     လွှတ်တော်ကို အဆိုတင်သွင်းဖို့ ရှိပါတယ်””ဟု ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက် ၍အမှုဆောင်အဖွဲ့အနေဖြင့် အသင်းဆိုင်များဆက်လက်ဆောင် ရွက်နိုင်ရေးအတွက် အသင်းသား များမှဆိုင်းဘုတ်(၂)ခုစိုက်ထူသူ  များအား ဥပဒေအရတရားစွဲရန်    သဘောတူခြင်း၊တရားစွဲရာတွင်   ကုန်ကျမည့်စရိတ်အားလုံးကို သီတာဦးရောင်းဝယ်ရေးသမ၀ါယ  မအသင်းလီမိတက်မှ ကျခံသုံးစွဲ   ရန် သဘောတူခြင်း၊တရားစွဲဆို ရေးကိစ္စအား အမှုဆောင်အဖွဲ့ ကိုယ်စားဥက္ကဋ္ဌသို့ တာဝန်ပေးအပ်  ရန် အသင်းသား (၁၆၀)ဦးမှ သဘောတူခြင်းများပြုလုပ်ခဲ့ ကြောင်း သိရသည်။


လင်းခ
Comments are closed.

No comments: