Saturday, October 27, 2012

လက်ရှိရခိုင်ပဋိပက္ခ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် အချက်များအား ရခိုင်မျိုးစောင့်အုပ်စု၏ အမြင်

လက်ရှိရခိုင်ပဋိပက္ခ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် အချက်များအား ရခိုင်မျိုးစောင့်အုပ်စု၏ အမြင်ကို တင်ပြထားပါသည်။

စာအမှတ် ၁၈၇/၁၂

ရက်စွဲ-၂၅.၁၀.၂၀၁၅
ရခိုင်ပဋိပက္ခ ငြိမ်းချမ်းရေးအတွက်တင်ပြချက်

ယခု ၂၅.၁၀.၂၀၁၂ နေ့ထိ ဖြစ်ပေါ်နေသော ရခိုင်ပဋိပက္ခ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်

ရန်လိုအပ်ချက်များကို “ရခိုင်မျိုးစောင့်အုပ်စု” (ARG) မှ ထုတ်ပြန်တင်ပြလိုက်သည်။

ငြိမ်းချမ်းရေးအတွက် ရိုဟင်ဂျာအမည်ခံအဖွဲ့အစည်းများ၊ အစိုးရနှင့် သတင်းဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူ ရဟန်းရှင်လူများ အောက်ပါအတိုင်း လုပ်ဆောင်သင့်ပါသည်။


(၁) နိုင်ငံတကာရောက် ရိုဟင်ဂျာအမည်ခံ အဖွဲ့အစည်းများနှင့် လက်နက်ကိုင်တပ်တို့သည် ရခိုင်တွင် ပြဿနာများလေလေ မိမိတို့အင်အား တိုးလေလေဖြစ်သည့်အပြင်၊ မိမိတို့အား အစ္စလာမ်နိုင်ငံများက ငွေကြေးထောက်ပံ့မှု ပိုမိုရရှိအောင် ကိုယ်ကျိုးစီးပွားအတွက် ပြဿနာကြီးထွားစေရန် ဖန်တီးမှုမပြုသင့်၊ အပြစ်မဲ့ဘင်္ဂလီအမျိုးသမီးများနှ
င့် ကလေးသူငယ်များ ဒုက္ခရောက်ကြရမည်ကို ငဲ့ညှာသင့်သည်။

(၂) အနောက်နိုင်ငံကြီး သတင်းဌာနများကလည်း တဘက်စောင်းနင်း သတင်းမတင်ပြသင့်၊ ထိုသို့ ဖိနင်း တင်ပြမှုများကို ရခိုင်ပြည်သူများ အနှစ်နှစ်ဆယ်ကျော် နားဝကသွေးထွက်အောင်ကြားလာခြဲ့
ကရပြီဖြစ်သည်။ ရိုဟင်ဂျာအမည်ခံ ပညာရှင်များအား Interview ကို ဝေေ၀ဆာဆာ တင်ပြနေကြသော်လည်း ရခိုင်ပညာရှင်များကိုမူ တခါမျှ Interview မလုပ်ခြင်းမှာဘက်လိုက်ခြင်းသိသာသည့်အချက်ဖြစ်သည်။ “ရိုဟင်ဂျာ”ဆိုသော အသုံးအနှုံးကို သုံးနှုံးနေခြင်းမှာလည်း ရခိုင်နှင့်မြန်မာတိုင်းရင်းသားများ တစ်ခွန်းကြားတိုင်း တစ်ချက်အကန်ခံရသလို ခံစားနေရသည်ကို သိစေလိုသည်။ “ရိုဟင်ဂျာ”ဟူသော အသုံးအနှုံးမှာ ရခိုင်မြေကို လုယူရန်အတွက် နယ်ချဲ့ဘင်္ဂလီများ၏ ထွင်လုံးတစ်ခုဖြစ်ပြီး ယင်းအမည်ကို သတင်းဌာနများက သုံးနေခြင်းသည် ရခိုင်မြေကို “ရိုဟင်ဂျာ” ဆိုင်းဘုတ်ဖြင့် သတင်းဌာနများက လွှမ်းခြုံပေးနေခြင်းဖြစ်သည်ဟု ရခိုင်နှင့်မြန်မာတိုင်းရင်းသားများက ခံယူသည်။ ထို့ကြောင့် သတင်းဌာနများ၏ “ရိုဟင်ဂျာ” “ရိုဟင်ဂျာ”ဟူသည်ကို ကြားတိုင်း၊ ကြားတိုင်း အနီးကပ်ရှိနေသော ဘင်္ဂလီများကို မြန်မာတိုင်းရင်းသားအားလုံး ကြည့်မရဖြစ်လာကြသည်။ သို့ဖြင့် ငြိမ်းချမ်းရေးကိုလိုလားလျှင် သတင်းဌာနများကလည်း အထူးဆင်ခြင်သင့်သည်။

(၃) ဤဘင်္ဂလီများသည် ရခိုင်ပြည်၌ ၀မ်းရေးသက်သက်အတွက် လုပ်ကိုင်စားသောက်ရန် လာကြသူများမဟုတ်။ တိုင်းပြည်ကို လုယူရန် ကြိုးစားနေသူများသာဖြစ်သည်ဟု ရခိုင်ပြည်သူအားလုံးက သဘောပေါက်နားလည်နေပြီး ဘင်္ဂလီများဘက်မှလည်း အာဖဂန်စစ်ပြန်များ၏ နည်းနာသင်ပြမှု၊ အယ်လ်ကိုင်ဒါနှင့် တာလီဘန်တို့ကို အားကိုးအားထားပြုမှု၊ OIC မှ အထောက်အကူ အလုံးအရင်းပေးနိုင်မည်ကို မျှော်လင့်ထားမှုများကြောင့် ငွေရေး ကြေးရေး နည်းပညာရေးသာမက စိတ်ဓါတ်ရေးရာပါ အထူးဘ၀င်စိတ် မြင့်မားနေသည်မှာ ယခု လက်ငင်းအခြေအနေဖြစ်သည်။ ထို့ကြောင့် အစိုးရမှလည်း နှစ်ဘက်ထိပ်တိုက် မတိုးရန်အတွက် လူမျိုးနှစ်မျိုးလုံးကို ခပ်ဝေးဝေး ခြားပေးထားသင့်သည်။ ဤသည်မှာ ပထမဆုံး မလုပ်မဖြစ် လုပ်ရမည့်အဆင့်ဖြစ်သည်။ နဂိုကတည်းက မတည့်ကြသော ဤလူမျိုးနှစ်မျိုး နီးကပ်နေလျှင် ခဲတစ်လုံးပစ်သည်ကအစ စကားတခွန်းအဆုံး ပြဿနာသည် အမှိုက်ကစ ပြသာဒ်မီးလောင်လာမည်ပင်ဖြစ်သည်။


(၄) ရခိုင်ပြည်သူ ရဟန်းရှင်လူများအားလုံး အနေဖြင့်လည်း ဘင်္ဂလီနယ်မြေချဲ့မှုပြဿနာသည် အဓိကရုဏ်းနည်းဖြင့် ဖြေရှင်း၍ ကျင်းမည့်ကိစ္စမဟုတ်ကြောင်း အားလုံးက နားလည်လက်ခံသင့်သည်။ ဤပြဿနာကို စည်းခြားထားနည်း၊ ခိုးဝင်နေမှုများကို စီစစ်နှင်ထုတ်နည်း၊ နိုင်ငံသားကာဒ် မဟုတ်မတရား ရယူထားသူများကို စီစစ်ဖေါ်ထုတ်နည်းနှင့် နောက်ဆက်တွဲ နည်းပေါင်းများစွာဖြင့် အချိန်ယူ ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း သဘောပေါက်သင့်သည်။

မိမိတို့ ယခုလက်ငင်းလုပ်ဆောင်ရန် လိုအပ်နေသည်မှာ ကာကွယ်ရေးကို မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ရန်အတွက်သာ တည်ဆောက်ထားပြီး ဘင်္ဂလီများထက် စီးပွားရေး၊ ပညာရေးမှာ သာလွန်အောင် ပူးပေါင်းဆောင်ရွက်မှုပြုကာ လူမှုရေးကဏ္ဍမှာလည်း သူတို့ထက် ပိုမိုစုစည်းမှုရှိအောင် စည်းရုံးရန်သာအရေးကြီးသည်။ သို့မဟုတ်ပါက နိုင်ငံတကာ အထောက်အကူ အားကောင်းသော နယ်မြေချဲ့ဘင်္ဂလီများနှင့် ရခိုင်များ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ မှားယွင်းသော နည်းနာတခုခုကို အသုံးပြုမိပါက မိမိတို့ရခိုင်လူမျိုးများအဖို့ ဆုံးရှုံးမှုကြီးမားမည်ပင်ဖြစ်သည်
။ အဓိကရုဏ်းနည်းသည် သူတို့၏ ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းသာဖြစ်သည်ကိုလည်း သတိပြုသင့်သည်။ မြို့တိုင်း ရွာတိုင်းတွင် ဆရာတော်ကြီးများ၊ လူရိုသေရှင်ရိုသေ မြို့မိမြို့ဖများ၊ မြို့အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးကော်မီတီများကို ဖွဲ့စည်းကာ မိမိတို့ကိုယ်ကိုကာကွယ်ရန် တည်ဆောက်ခြင်း၊ တစ်ယောက်တပေါက် အကြမ်းဖက် လက်တုန့်ပြန်လိုသော ရခိုင်များကို ထိန်းကျောင်းခြင်းနှင့် လောလောစဉ် အခြေအနေတွင် ဘင်္ဂလီနှင့်ဆက်ဆံရေးကို စည်းခြားပေးခြင်းများတို့ကို ပြုလုပ်ပေးသင့်သည်။ တဘက်တွင်လည်း ရေရှည်လုပ်ဆောင်ရန် လိုအပ်ချက်များကို လမ်းညွှန်ဆောင်ရွက်သွားသင့်သည်။

(၅) ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ရခိုင်အရေးကိစ္စကို ကိုယ်တိုင်ကိုယ်ကျ မ၀င်သင့်။ အားကိုးရာမဲ့ အထီးကျန်စွာနှင့် နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရသော ရခိုင်ပြည်သူများ၏ နှလုံးသားတွင် နိုင်ငံတကာအဖွဲ့အစည်းများအားလုံ
း ဘင်္ဂလီများဘက်မှ ဘက်လိုက်နေသည်ဟု မှတ်ယူစွဲထင်နေ၍ တိုက်ရိုက်ဝင်လာလျှင် အခြေအနေ ပိုမိုရှုပ်ထွေးသွားစေနိုင်သည်။ NGO အမည်ခံပြီး ဘင်္ဂလီများ၏ အကျိုးကို ဘက်ပေါင်းစုံ ဖြည့်ဆည့်ပေးခဲ့ရုံမက NGO ငွေကြေးအထောက်အပံ့ဖြင့် ရခိုင်ပိုင်မြေယာများကို မတန်တဆဈေးကြီးပေး ၀ယ်ယူခံခဲ့ရသည့် သာဓကများရှိခဲ့သည်။ ထို့ပြင် မောင်တောမြို့နယ်၌ ဘင်္ဂလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို NGO များထံမှ ငွေကြေးဖြင့် ဖုံးဖိပေးခဲ့ခြင်းများရှိခဲ့သည်ဟု ရခိုင်ပြည်သူများ စွပ်စွဲမှုများရှိနေခဲ့ကြသည်။ UNHCR ကိုယ်တိုင်က “ရိုဟင်ဂျာ”အမည်ကို သုံးစွဲနေခြင်း၊ လူ့အခွင့်အရေးဆိုသည်မှာ နယ်ချဲ့ဘင်္ဂလီများ၏ အခွင့်အရေးကိုသာ ကြည့်ပြောနေခြင်းများကို ရခိုင်ပြည်သူများ နာနာကျည်းကျည်း ခံစားနေကြခြင်းကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ ၀င်ရောက်လာလျှင် ပိုမိုရှုပ်ထွေးသွားနိုင်ပါသည်။ ပြင်ပမှနေ၍သာ အထောက်အကူပေးသင့်ပါသည်။

ခိုင်ထူး

ယာယီတာဝန်ခံ
ရခိုင်မျိုးစောင့်အုပ်စု (ARG)
ဂျပန်နိုင်ငံ
ARAKAN RAKKHITA GROUP

No comments: