Saturday, October 27, 2012

အာဏာရှင်တို့သွားရာလမ်းကြောင်း(၃)အာမခံမဲ့နေတဲ့ဒီမိုကရေစီ



အာဏာရှင်တို့သွားရာလမ်းကြောင်း(၃)အာမခံမဲ့နေတဲ့ဒီမိုကရေစီ

မြောက်ကိုးရီးကတော့ အာဏာရှင်စနစ်ကိုသားစဉ်မြေးဆက်
မျိုးဆက်ချပြီးအုပ်ချုပ်နေတယ်၊ အခုမြေးနောင်မြစ်လာမှာပဲ၊
ဒီလို dictatorship family system ကို ရောမခေတ်တုန်းက
Augustus၊ ၂၀ရာစုထဲမှာတော့ မြောက်ကိုးရီးယား၊ကျူးဘား၊
နီကာရာဂွာ၊ အာဂျင်တီးနား၊ဟေတီနိုင်ငံတွေမှာ တွေ့ခဲ့ရပါတယ်၊
စစ်ခေါင်းဆောင်တွေ တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်တဲ့
dictatorship Generation မျိုးကိုလည်း အာဂျင်တီနား၊ချီလီလို့နိုင်ငံ
တွေမှာရှိခဲ့ပါတယ်၊ ဘယ်အာဏာရှင်တစ်ဦးတစ်ယောက်ကမှ
သဘောကောင်းပြီး ဒီမိုကရေစီအစစ်ကိုပြည်သူတွေကိုပေးခဲ့တာမဟုတ်ဘူး၊

သူတို့အဓိကလုပ်ခဲ့တာကတော့ ဖွဲ့စည်းပုံကိုသူတို့အလိုကျရေးဆွဲပြီး
ပါလီမန်ကိုလက်တစ်လုံးခြားလှည့်ဖြား၊ အချောင်သမားတွေကိုမွေးထုတ်ပြီး
အာဏာကိုသက်ဆိုးရှည်အောင် Generation တစ်ခုပြီး
နောက် Generation တစ်ခုကို အာဏာလက်ဆင့်ကမ်းခဲ့တာပဲရှိတယ်၊

အာဏာရှင်စနစ်ဆိုတာ တစ်ယောက်ထဲလုပ်လို့မရနိုင်ဘူး၊
စစ်ခေါင်းဆောင်တွေအုပ်စုလိုက် ကြီးစိုးဖေါက်ပြန်တဲ့စနစ်ကြီးပါ၊
အာဏာရှိတဲ့အချိန်ဆိုရင် ခြင်္သေပဲ၊ အာဏာမရှိရင်တော့ရေမြွေပေါ့
ဦးခင်ညွန့်ကိုပဲကြည့်ပါ၊ အာဏာရှိစဉ်တုန်းကမောက်မာသလောက်
ခုတော့အကြောက်တရားတွေနဲ့ ဘုန်းကြီးဝတ်လိုက် ပန်းပင်စိုက်လိုက်
လုပ်ပြီး နောင်တတရားတွေနဲ့ အသက်ရှင်နေရတာကိုပဲကြည့်ပါ၊

ဒါကြောင့်………
ဦးသိန်းစိန်၊ဦးရွှေမန်းတို့က ဘယ်လောက်ပဲပြောင်းလဲချင်လို့ပဲနေနေ
စနစ်ကြီးကအခြေခိုင်နေတော့ ဦးသိန်းစိန်၊ဦးရွှေမန်းတို့သာလဲသွားမယ်
စနစ်ဆိုးကြီးကရှင်သန်နေဦးမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပဲ
အဲဒီတော့ ဦးသိန်းစိန်၊ဦးရွှေမန်းတို့ကိုယုံပြီး ဒီမိုကရေစနစ်ဆီကို
ရောက်အောင်သွားကြမယ်ဆိုတာ တကယ်တမ်းဖြစ်လာပါ့မလား၊
တပ်မတော်ကို အတွေးသစ်အမြင်သစ်နဲ့ အရင်ဆုံး reform မလုပ်သင့်ဘူးလား၊
ဒီမိုကရေစီကိုမသွားခင် ပြည်တွင်းငြိမ်းချမ်းရေးကို အရင်မလုပ်သင့်ဘူးလား၊

အခုတော့ တပ်မတော်က ယူနီဖေါင်းဝတ်ခေါင်းဆောင်တွေရဲ့အမိန့်ကိုသာ
နာခံပြီး ခေါင်းပေါင်းပေါင်းထားတဲ့ တပ်မတော်ခေါင်းဆောင်ဟောင်းတွေကို
ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်တဲ့ ပုံစံကိုမျက်ဝါးထင်ထင်မြင်ရပြီ၊
ဦးသိန်းစိန်၊ဦးရွှေမန်းတို့ဘယ်နေ့ ဦးခင်ညွန့်ဘ၀လို့ရောက်သွားမလဲ
ဆိုတာကိုပဲ ရင်တမမနဲ့ကြည့်နေရတဲ့ အာမခံမဲ့နေတဲ့နိုင်ငံရေး၊
အာမခံမဲ့နေတဲ့ဒီမိုကရေစီ၊

ဒီလိုနိုင်ငံရေးပတ်ဝန်းကျင်ကို မက်မောနေလို့ကတော့ ဘာထူးလာမှာလဲ၊
လက်တွေ့ပဲကြည့်လေ အောက်ခြေကအပြောင်းအလဲကိုမလိုလားကြဘူး၊
လိုက်မလုပ်ကြဘူး၊ ဦးသိန်းစိန်၊ဦးရွှေမန်းတို့ဘာတတ်နိုင်သေးလဲ၊
ဥပဒေစိုးမိုးဖို့ နေနေသာသာ ခေါက်ရိုးကြိုးနေပြီဖြစ်တဲ့
စားမယ်ဖါးမယ်ဆိုတဲ့ ဗျူရိုကရေစီယန္တယားကိုပဲအရင်ပြင်ပါဦး၊

၂၀၀၈ ဖွဲ့စည်းပုံကို အမတ်နေရာ(၄၀)နဲ့ လဲခဲ့ပြီးပြီဆိုတော့လည်း
ပြည်သူတွေရဲ့ဘ၀ဟာ စပါးကြီးမြွေလည်ပင်းကိုရစ်ပတ်ထားပြီးသား
လူတယောက်လိုဖြစ်နေတာအမှန်ပဲ၊ ဗင်နီဇွဲလားမှာ hugo chavez
က သူဆွဲခဲ့တဲ့ဖွဲ့စည်းပုံကိုအခြခံပြီး ပါလီမန်ဒီမိုကရေစီကို
လက်တစ်လုံးလုပ်ပြီး အုပ်ချုပ်လာခဲ့တာ ခြောက်နှစ်သက်တန်း
လေးကြိမ်ရှိခဲ့ပြီ၊ အခုလည်းကြံ့ဖွတ်တွေက ဦးသိန်းစိန်ကို
ဖွဲ့စည်းနဲ့အညီမဟုတ်ပဲ ပါတီဥက္ကဌနေရာကို ပြန်ရွှေးချယ်ပေးလိုက်
တာကိုကရှင်းရှင်းလေးပဲ၊

ဂျပန်တွေက မြန်မာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးတော
ဗိုလ်ချုပ်အောင်ဆန်းတို့ကလက်မခံ ပြန်တိုက်ခဲ့တယ်၊ ကဲအခု
ကျနော်တို့ပြည်သူတွေကို ရွှေရည်စိမ်ဒီမိုကရေစီပေးနေပါပြီ၊
မြန်မာပြည်ရဲ့ dictatorship Generation ကတော့ ဆက်ပြီးသွားနေဦးမှာပါ၊
ရှေ့ဆက်ဦးမဲ့အရေးမှာ မိမိတို့အားလုံးအသုံးတော်ခံ
မဖြစ်ဖို့ကတော့မိမိတို့အားလုံး တစ်ဦးချင်းဆီသာ တာဝန်ရှိယုံမျှမက
မိမိပတ်ဝန်းကျင်အတွက်ပါ တာဝန်ရှိနေလိမ့်ဆိုတာကတော့
ဧကန်မလွဲဖြစ်ပါတယ်၊

No comments: