Tuesday, October 2, 2012

ရခိုင်အရေးအခင်းနှင့်ပတ်သက်သောမှတ်တမ်းအား ပြုစုနေပြီဖြစ်ပြီးအချိန်ကာလတစ်ခုသတ်မှတ်၍ ဆောင်ရွက်သွားရန်အစီအစဉ်ရှိ


-----------------------
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းနှင့် ပတ်သက်သော မှတ်တမ်းအား သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ က ပြုစုနေ ပြီဖြစ်ပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှ သိန်းက ပြောသည်။ ရခိုင်တွင် လတ်တလော ဖြစ်ပွားခဲ့သည့်အရေးအခင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြရသူ ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးလုပ်ဆောင် နေစဉ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီဖွဲ့စည်းပေးထား သည့် သတင်း ထုတ်ပြန်ရေးဆပ်ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အရေးအခင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ပေးနေသကဲ့သို့ တစ်ဖက် တွင်လည်း ရခိုင် ပြည်နယ်အရေးအခင်းနှင့် ပတ်သက်သောမှတ်တမ်းအား တစ်ပြိုင်တည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါ မှတ်တမ်းကို ပြုစု ရန်အတွက် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီဝင်ဖြစ်သည့် ရခိုင် ပြည်နယ်ဥပဒေအရာရှိ ဦးစံရွှေမောင်နှင့် ရခိုင်ပြည်နယ် တရားရေး ဦးစီးမှူး ဦးခင်မောင်တို့အား တာဝန်ပေး
ထားပြီး ယင်းမှတ်တမ်းအား မည်သည့်ကာလတွင် ပြီးစီးရန် လောလောဆယ် အချိန် သတ်မှတ်ထား ခြင်း မရှိသေးကြောင်းနှင့် ဗဟိုကော်မတီကို တင်ပြပြီး အချိန်ကာလ တစ်ခု သတ် မှတ်၍ ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ဦးလှသိန်း က ဆိုသည်။''အခု သတင်းထုတ်ပြန်ရေးလုပ်နေသလို တစ်ဖက်မှာလည်း မှတ် တမ်းကိုလည်း တစ်ပြိုင်တည်း လုပ်နေပါတယ်။ အချိန်ကာလတစ်ခုကို သတ်မှတ်ထားတာတော့ လောလောဆယ် မရှိသေး ဘူး။ သို့သော် ဗဟို ကော်မတီကိုတင်ပြပြီး အချိန်ကာလတစ်ခု သတ်မှတ်ပြီးတော့ ဆောင်ရွက် သွားဖို့ အစီအစဉ်တော့ ရှိတယ်'' ဟု သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ် ကျောက် နီမော်ကျေးရွာမှ ဒေသခံ ရခိုင်အမျိုးသမီးတစ်ဦးကို လူမျိုး ခြားဘင်္ဂါလီ ၃ ဦးမှ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုမှ အစပြု ကာ ရခိုင် ပြည်နယ်မြို့နယ်တချို့တွင် ဒေသတွင်း မတည်ငြိမ်မှုများနှင့် ဆူပူအုံြ<ွကမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အစိုးရမှ တရားဝင် ထုတ်ပြန်ထား သည့် စာရင်းများအရ အဆိုပါ အရေးအခင်းကြောင့် ရခိုင်နှင့် ဘင်္ဂါလီလူမျိုးတို့၏အိမ်ခြေပေါင်း ၄ဝဝဝ ကျော်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ အခြေခံပညာ ကျောင်းပေါင်း ၃ ကျောင်းနှင့် ဗလီ ၁၇ ခု တို့ မီးလောင်ပျက်စီးသွားခဲ့ ပြီး ဒုက္ခရောက် သူ ရခိုင်နှင့် ဘင်္ဂါ လီလူမျိုးတို့ စုစုပေါင်း ၄ဝဝဝဝ ကျော် ရှိခဲ့သည့်အပြင် သေဆုံးသူ ပေါင်း ၉ဝ ကျော်ရှိခဲ့ကြောင်း သိရ သည်။

မာန်ယုကျော်(ရွှေဝမြေ)

No comments: