Monday, October 15, 2012

စိတ်ကြွဆေးပြား ကျပ်သိန်း (၁၃၀၆၀) တန်ဘိုးရှိ မူးယစ် ဆေးဝါးများနှင့် တရားခံ (၅)ဦး ဖမ်းဆီးရမိ


စက်တင်ဘာ ၂၉ ရက်နေ့ ညပိုင်းက
 ချင်းတွင်း မြစ်အတွင်း အစုန်စက်လှေ
တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း (၁၃၀၆၀)
တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်း
မိကြောင်း သိရသည်။

 ဖြစ်ပွားပုံမှာ ကလေးဝမှ စုန်ဆင်း လာသော မြင်းကောင်ရေ ၂၅ တရုတ်အင်ဂျင် တပ်ဆင် ထားသော အစိမ်းနုရောင် စက်လှေ တစ်စီးပေါ်မှ ကျပ်သိန်း (၁၃၀၆၀)တန်ဖိုးရှိ မူးယစ်ဆေးများ မုံရွာမူးယစ် အထူးအဖွဲ့ ဦးဆောင်သော အဖွဲ့ က တရားခံ ၅ ဦးနှင့်အတူ တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလျား၄၅ ပေ အနံ ၃ ပေခွဲရှိ အဆိုပါ စက်လှေပေါ်မှ ဆူဒို အက်ဖ်ဒရင်း အာနိသင်ပါ နှာစေး ပျောက်ဆေးပြား ၂သောင်းပါ ဆေးထုပ် ၁၀ ထုပ်ပါသည့် ဆာလာအိတ် တစ်အိတ်လျှင် ၃၆ ကီလိုပါ ၁၄ အိတ် ဆေးပြားပေါင်း ၂၈သိန်း စုစုပေါင်း တန်ဖိုး သိန်း ၂၈၀၀ ၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေး ပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၇အိတ် ဆေးပြား ၅၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၅၄၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေး ပျောက်ဆေး အဖြူရောင်ပါ ဆာလာအိတ် ၂၁ အိတ် ဆေးပြား ၄၂သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၂၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေး ပျောက်ဆေး

အဖြူရောင်ပါ ဆာလာအိတ် ၂ အိတ် ဆေးပြား ၄ သိန်းပြား တန်ဖိုး ကျပ်သိန်း ၄၀၀၊ ဆူဒိုအက်ဖ်ရင်း အာနိသင်ပါ နှာစေးပျောက်ဆေး လိမ္မော်ရောင်ပါ ဆာလာအိတ် ၁အိတ် ဆေးပြား၂ သိန်း ၆ သောင်းပြား တန်ဖိုး ကျပ်သိန်း ၂၆၀၊ ဂျပ်ဖာ အတွင်းမှ အက်ဖ်ဒရင်း ဟုယူဆရသည့် ၉ ကီလိုဂရမ် အဖြူရောင် အမှုန့်  တစ်ထုပ် တန်ဖိုး၃၁၅ သိန်း တို့ကို ဖမ်းဆီး ရမိခဲ့ပြီး စုစုပေါင်း တန်ဖိုး (၁၃၀၆၀) သိန်း တန်ဖိုးရှိသော မူးယစ် ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။


အဆိုပါ အမှုအတွက် ကနီမြို့ နယ် ဝင်းမနား ရဲစခန်းမှ မူးယစ် ဆေးဝါးမှုဖြင့် မူးယစ်(ပ) ၁/၁၂ ပြစ်မှုပုဒ်မ ၁၅၊၁၆(ခ)၊၂၁ တို့ဖြင့်  တရားခံများ ဖြစ်သော သူရစိုး ခေါ် စိုးကြီး ခေါ် ဇော်ဝင်းကို ၃၄ နှစ်(ဘ-ဦးကျော်စိုး) ဈေးရောင်း ခမိတ်ရွာ တမူးမြို့ နယ်၊ ဆောင်းလင်း ၃၅ နှစ် (ဘ-ဦးတင်မြင့်) တောင်သူ မြို့ မ ၇ ရပ်ကွက် တမူးမြို့ ၊
 ကျော်ကျော်ဝင်း ၄၉နှစ် (ဘ- ဦးညွန့် တင်) ဘက်ထရီ လုပ်ငန်းချိုင်ရွာ ကနီမြို့ နယ်၊ မောင်လှိုင် ၃၇ နှစ် (ဘ- ဦးတင်ရှိန်) တောင်သူ ခမိတ်ရွာ တမူးမြို့ နယ်၊ ဖိုးသဲ ၂၅ နှစ် (ဘ-ဦးအေးမြင့်) တောင်သူ ခမိတ်ရွာ တမူးမြို့နယ် တို့  ၅ ဦးအား အရေးယူ ထားကြောင်း သိရသည်။


မြဝတီ

No comments: